အရုပ်ကောက်စက်ထဲ ၀င်ပြီး ပြန်မထွက်တတ်လို့ ငုတ်တုတ်ထိုင်နေတဲ့ ကောင်လေး

Weibo/Zhu

ကလေးတွေရဲ့ပေါက်ပေါက်ရှာရှာလုပ်တတ်ပုံတွေကတော့ တကယ့်ကိုမရိုးရအောင်ပါပဲ၊ အ၀တ်လျှော်စက်ထဲတွေဝင်တာတို့ ၀ရံတာသံပန်းမှာ ညပ်နေတာတို့စတဲ့ ထူးထူးခြားခြားဖြစ်ရပ်တွေအပြင် အခုလည်း အရုပ်စက်ထဲ ၀င်ထိုင်နေတဲ့ ကောင်လေးအဖြစ်အကြောင်းပြောပြပါမယ်။

တရုတ်နိုင်ငံမှာ အသက်(၇)နှစ်အရွယ်ကောင်လေး တစ်ယောက်ဟာ  ကလေးဘာသာဘာဝ ကြံကြံဖန်ဖန် ပြုလုပ်တတ်တဲ့အကျင့်အတိုင်း အရုပ်ကောက်တဲ့စက်ထဲဝင်ပြီး ပြန်မထွက်တတ်တော့လို့ မီးသတ်အရာရှိက ၀ိုင်းဝန်း ကယ်ထုတ်ပေးခဲ့ရပါတယ်။

Weibo/Zhu

 ဒီအဖြစ်အပျက်ကတော့  တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်Tanzhou မြို့ shopping စင်တာတစ်ခုမှာ ဖြစ်ပျက်ခဲ့တာပါ။

ကောင်လေးဟာ အမေဖြစ်သူနဲ့ shopping စင်တာတစ်ခုမှာ ဈေးဝယ်လိုက်လာရင်း အရုပ်ကောက်စက်တွေ့တဲ့အချိန်မှာ အထဲက အရုပ်ကို လိုချင်တဲ့စိတ်နဲ့ မအေဖြစ်သူ မသိခင် အရုပ်ထွက်တဲ့အပေါက်နေရာကနေ တွယ်တက်ပြီး ၀င်သွားခဲ့တာဖြစ်ပါတယ်။

စက်ထဲမှာလည်း Pink Panther အပါအ၀င် လိုချင်စဖွယ်အရုပ်မျိုးစုံရှိနေတာကြောင့် ကောင်လေးလည်း ကလေးသဘာဝ အရမ်းလိုချင်သွားခဲ့တယ်ထင်ပါရဲ့။

မိခင်ဖြစ်သူ ပြန်လာချိန်မှာ အရုပ်စက်ထဲရောက်နေတဲ့ သားဖြစ်သူကို တွေ့သွားခဲ့ပါတယ်။ အဲဒီနောက်မှာ တာဝန်ရှိသူတွေကို အကြောင်းကြားပြီးအကူအညီတောင်းလိုက်ခဲ့ကာ မီးသတ်အရာရှိတွေရောက်လာပြီးတော့ စက်ရဲ့တံခါးကို ဟသွားအောင် တံခါးအဆက်နေရာတွေကို သံတူးရွင်းနဲ့ ကလန့်ပြီး ဖွင့်ခဲ့ကြပါတယ်။

ကယ်ဆယ်ရေးအစီအစဉ်မိနစ်အနည်းငယ်ကြာပြီးနောက်မှာ တံခါးပွင့်သွားပြီး ကောင်လေးကို အပြင်သို့ အန္တရာယ်ကင်းကင်း မထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ကောင်လေးမှာ အပြင်သို့ရောက်လာပေမယ့် သူလည်း အတော်လေး ကြောက်လန့်နေပုံရပါတယ်။ ၊ လက်ထဲမှာတော့ ဘာအရုပ်မှာ ပါလာတာမတွေ့ရပါဘူး။ အခုလို ပေါက်ပေါက်ရှာရှာလုပ်တတ်တဲ့ ကလေးတွေရဲ့ အပြုအမူတွေကတော့ အမှန်တကယ်ကို ငိုအားထက်ရီအားသန်စရာဖြစ်ရပ်လို့ ဆိုရမှာဖြစ်ပါတယ်။

Khaing Sandar

SHARE