အလိုအလျောက်စနစ်နဲ့ ယာဉ်မောင်းနှင်နိုင်မယ့် တရုတ်နိုင်ငံက smart road ပရောဂျက်

တရုတ်နိုင်ငံက ကုမ္ပဏီသစ်တစ်ခုဖြစ်တဲ့ Human Horizons (HH) ကတော့ အလိုအလျောက်ယာဉ်ပြေးဆွဲမှုစနစ်ကို ဖန်တီးတော့မယ့် နည်းပညာကုမ္ပဏီဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီက အခုဆို Yancheng ပြည်နယ်မှာ ယာဉ်အလိုအလျောက် မောင်းနှင်နိုင်မယ့် ကားလမ်းမတွေ ဖန်တီးဖို့ ပရောဂျက်တစ်ခု ဆောင်ရွက်နေပါတယ်။

Human Horizons ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကတော့ စမတ်ယာဉ်၊ စမတ်လမ်းမ၊ စမတ်မြို့တော် စတဲ့ 3-smart ကို အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။ HH ကုမ္ပဏီရဲ့ ဥက္ကဌ Ding Lei ကတော့ “လမ်းပန်းဆက်သွယ်ရေးအတွက် နည်းပညာအသုံးပြုတာဟာ မြို့ပြဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။ လမ်းပန်းဆက်သွယ်ရေးဟာ AI စနစ် အသုံးချဖို့အတွက်လည်း အသင့်တော်ဆုံးနယ်ပယ်တစ်ခုပါ။ ကျွန်တော်တို့ရဲ့ “Smart Roads” ပရောဂျက်ကိုလည်း ကမ္ဘာတဝှမ်းက နိုင်ငံကြီးတွေလည်း စိတ်ဝင်စားနေပါတယ်” လို့ ပြောခဲ့ပါတယ်။

techstartups

Road sensor တွေ၊ server တစ်ခုနဲ့ တစ်ခု ချိတ်ဆက်တာတွေ၊ ယာဉ်ထဲက control စနစ်တွေကို အခြေခံပြီး smart road ပရောဂျက်ကို လုပ်ဆောင်မယ်လို့ သိရပါတယ်။ အလိုအလျောက်မောင်းနှင်မှု စနစ်ပါဝင်တဲ့ စမတ်ကားတွေက အင်တာနက် အသုံးပြုကာ လမ်းမပေါ်ရှိ road sensor တွေနဲ့ ချိတ်ပြီး မောင်းနှင်ရမှာပါ။ ဒီ smart road နည်းပညာက ယာဉ်ကြောပြဿနာတွေကိုလည်း ဖြေရှင်းပေးမှာ ဖြစ်ပြီး၊ မောင်းသူမဲ့စနစ်ကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။

READ
အားပြန်သွင်းစရာမလိုပဲ နှစ်ပေါင်း(၁၂)နှစ်ကြာသည်အထိ အသုံးပြုနိုင်မည့်ဘက်ထရီ

HH ကုမ္ပဏီကတော့ ယခုပရောဂျက်မှာ Yancheng ပြည်နယ်ရဲ့ မြို့တွင်းမြို့ပြင်ကားလမ်းမတွေသာမက တံတားတွေ၊ ဟိုင်းဝေးလမ်းမတွေအထိ ယာဉ်ကြောအပြည့်အစုံမှာ smart roads ပရောဂျက်လုပ်ဆောင်မယ်လို့ ကြေညာထားပါတယ်။ ယာဉ်နဲ့ လမ်းမရဲ့ control စနစ်တွေ ချိတ်ဆက်ဖို့ကိုတော့ 5G အင်တာနက် အသုံးပြုရမှာ ဖြစ်ပါတယ်။

prnewswire

HH ကုမ္ပဏီက စမတ်ယာဉ်တွေအတွက် တီထွင်ထားတဲ့ နည်းပညာတွေကတော့ အလိုအလျောက်မောင်းနှင်မှုအတွက် “H.H Pilot”, အလိုအလျောက် ပါကင်ထိုးဖို့အတွက် “H.H Parking” နဲ့ road sensor အဖြစ် “H.H RSA-C” ဖြစ်ပါတယ်။ ဒါတွေဟာ ယာဉ်ကြောင်းအန္တရာယ်ကင်းရှင်းစေခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချပေးခြင်း၊ ယာဉ်ကြောအချက်အလက် အပြည့်အစုံ ပိုရစေနိုင်ခြင်း စတဲ့ အကျိုးတွေကို ဖန်တီးပေးမှာပါ။

အနာဂတ်မှာလည်း HH ကုမ္ပဏီက ပိုမိုအဆင့်မြင့်တဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်ကို ဖန်တီးနိုင်ဖို့ အခြားကုမ္ပဏီများနဲ့ ပူးပေါင်းသွားဖို့ အစီအစဉ်ရှိကြောင်းလည်း သိရပါတယ်။

READ
၂၀၁၈ ခုနှစ်ရဲ့ အဆိုးရွားဆုံးနဲ့ အပြောင်မြောက်ဆုံး နည်းပညာ trend များ

Ref: PR News Wire, Tech Startups, Smart Cities World

SHARE