မြင်းဝယ်ဖို့ မတတ်နိုင်လို့ နွားတွေကို လေ့ကျင့်ပေးပြီး စီးခဲ့တဲ့ တရုတ်လယ်သူ

တရုတ်နိုင်ငံက Jingsu ပြည်နယ်က လယ်ယာလုပ်ငန်း လုပ်ကိုင်တဲ့ အမျိုးသမီးတစ်ယောက်ဟာ မိသားစုပိုင်း နွားကို စီးပြီး သွားလာခဲ့တာကို တွေ့ခဲ့ရပြီးတဲ့နောက်မှာ  နာမည်ကြီးလာခဲ့ပါတယ်။

Xue ဆိုပြီး သိရတဲ့ အမျိုးသမီးဟာ မြင်းစီးရတာကိုလည်း သိပ်သဘောကျတဲ့သူဖြစ်တယ်။ ဒါပေမယ့် မြင်းရဲ့ တန်ဖိုးဟာ ယွမ် ၁၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၄၄၀) လောက်ပေါက်ဈေးရှိပြီး မိသားစုအနေနဲ့ မတတ်နိုင်တာကြောင့် အခုလိုပဲ နွားတွေကိုပဲ စီးပြီး သွားလာနေရတာဖြစ်ပါတယ်။

ဒီလို စီးပွားအရေးအခက်အခဲတွေရှိနေချိန် သူမဟာ အိမ်က နွား သုံးကောင်ကို လေ့ကျင့်သင်ကြားပေးပြီး ကျော်ဖြတ်နိုင်ခဲ့တယ်။ နွားဟာလည်း လျင်မြန်တဲ့ တိရိစ္ဆာန်အမျိုးအစားဖြစ်တယ်၊ နေ့တိုင်း သူတို့အပေါ် အလေးအိတ်တွေတင်ပြီး စီးကျင့်လုပ်ပေးပြီးတဲ့နောက် သူတို့ဟာ အလေးချိန်တွေနဲ့ အသားကျလာခဲ့တယ်လို့ သူမပြောပုံကို Shanghaiist ရဲ့ ဖော်ပြမှုမှာတွေ့ရပါတယ်။

READ
ထူးထူးခြားခြား ရည်စရာကောင်းနေတဲ့ တိရစ္ဆာန်လေးများရဲ့ လျှပ်တစ်ပြတ်ဓာတ်ပုံများ

Matthew (ShweMOM)

SHARE