တောရိုင်းတွင်းအောင်းတိရစ္ဆာန်တွေကို ဘေးမဲ့ပြန်လွှတ်ပေးခဲ့တဲ့ တရုတ်အစိုးရ

Youtube-【残忍】 湖北咸宁活埋6000公斤竹鼠蛇类 为落实湖北全面禁食野生动物政策

ဒီနေ့ခေတ်မှာ လူသားတော်တော်များများဟာ အစားကြူးလာတာကိုတော့ လူတိုင်းလိုလို သိရှိကြပြီး ဖြစ်မှာပါ။ အထူးသဖြင့် တရုတ်နိုင်ငံသားတော်တော်များများဟာ ပုံမှန်စားနေကျ တိရစ္ဆာန်မျိုးမဟုတ်ပဲ မြွေ၊ ဖြူကောင်၊ မြေကြွက်၊ ကြောင်ကတိုး အစရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ အသားကို နည်းလမ်းပေါင်းစုံနဲ့ နှစ်နှစ်ခြိုက်ခြိုက် စားသုံးလေ့ ရှိပါတယ်။ အခုလည်း တရုတ်နိုင်ငံတောရိုင်းတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့အစည်းကနေပြီးတော့ တရားမဝင်ဖမ်းဆီးရရှိခဲ့တဲ့ တောရိုင်းတိရစ္ဆာန်တွေကို ပြန်လွှတ်ပေးခဲ့ကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအစပိုင်းလောက်က တရုတ်တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး အဖွဲ့အစည်းတစ်ခုဟာ စားသောက်ဆိုင်တွေကနေ ဖမ်းဆီးရရှိခဲ့တဲ့ တရားမဝင်တောရိုင်းတိရစ္ဆာန်တွေ ဖြစ်တဲ့ မြွေ၊ ဖြူကောင်၊ မြေကြွက် အစရှိတဲ့ သတ္တဝါတွေကို တောထဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဗီဒီယိုထဲမှာ တွေ့ရတာကတော့ မသိရင် ကြွက်တွေအပေါ် မြေကြီးတွေဖို့ပြီး မြေမြှုပ်နေတယ်လို့တောင် ထင်ရပါတယ်။ တစ်ကယ်တမ်းတော့ မြေကြွက်ဆိုတဲ့ အမျိုးက မြေကြီးထဲမှာ နေတဲ့ အတွက်ကြောင့် တစ်ခါတည်း မြေကြီးကို ကျင်းတူးပြီး မြေကြီးထဲ ထည့်ပေးခဲ့တာ ဖြစ်ပါတယ်။

READ
အသက်(၁၄)နှစ်ရောက်မှ ကိုယ့်ကိုကိုယ် တော်ဝင်မင်းသမီးဆိုတာ သိခဲ့ရတဲ့ ကောင်မလေး
Youtube-【残忍】 湖北咸宁活埋6000公斤竹鼠蛇类 为落实湖北全面禁食野生动物政策

“ဒီလိုမျိုးတောရိုင်းတိရစ္ဆာန်တွေဟာ သဘာဝနဲ့ လျော်ညီစွာ တောတောင်တွေထဲမှာပဲ ရှိနေသင့်ပါတယ်။ ကျွန်တော်တို့လည်း အခုနောက်ပိုင်း မကြာမကြာ အခုလို ဆိုင်တွေိကု ရှောင်တခင်ဝင်ဖမ်းပြီး တရားမဝင်ဖမ်းဆီးထားတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ကယ်တင်ပြီး တောထဲ ပြန်လွှတ်ပေးနေအုံးမှာပါ” လို့ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE