မင်္ဂလာဆောင်ရင်း streaming လွှင့်ရာအမြတ်ပါရခဲ့တဲ့ influencer နှစ်ဦးရဲ့မင်္ဂလာပွဲ

Weibo

တရုတ်က influencer နှစ်ဦးဟာ သြဂုတ်လ ၁၈ ရက်နေ့တုန်းက မင်္ဂလာဆောင်ခဲ့ပြီး live streaming လွှင့်ခဲ့ရာ သူတို့မင်္ဂလာဆောင်ကုန်ကျစရိတ်ထက် ပိုမြတ်တဲ့ငွေတွေကို ပြန်ရခဲ့ကြတယ်ဆိုပြီး သတင်းတွေတက်နေတဲ့အတွက် Asia One က နေ ပြန်လည်ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Weibo
Weibo

သတို့သားကတော့ အသက် ၂၉ နှစ်ရှိနေပြီဖြစ်တဲ့ Xing Ba ဖြစ်ပြီး WeChat မှာ ပစ္စည်းတွေရောင်းချပေးနေတဲ့ လုပ်ငန်းရှင်တစ်ဦးပါတဲ့။ သတို့သမီးလေးကလည်း အသက် ၂၈ နှစ်အရွယ် Chu Rui Xue ဖြစ်ပြီး သူမဟာလည်းပဲ Taobao မှာ online shopping လုပ်ခဲ့ဖူးပြီး အခုဆိုရင်တော့ web အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေကာ အွန်လိုင်းမှာ နာမည်ရစပြုနေပြီဖြစ်တဲ့ မိတ်ကပ်တံဆိပ်တစ်ခုကိုလည်း ထုတ်လုပ်ဖြန့်ချီနေခဲ့ပါတယ်။ နှစ်ယောက်စလုံးကို တရုတ်ပြည်ရဲ့အွန်လိုင်းပေါ်မှာဆိုရင် မသိတဲ့သူ မရှိလောက်အောင်ရှားတဲ့ influencer တွေပါပဲ။

READ
အဖမ်းခံရမှာစိုးလို့ မိန်းမကိုယ်ထဲမှာ သေနတ်သွင်းဝှက်ခဲ့တဲ့ အမျိုးသမီး

နှစ်ယောက်သား မင်္ဂလာပွဲကို အိုလံပစ်ပွဲကျင်းပခဲ့တဲ့ ဘေဂျင်းရဲ့ Bird’s Nest အားကစားရုံမှာ ကျင်းပခဲ့ကြပါတယ်။ နှစ်ဦးစလုံးဟာ လူသိများတဲ့ influencer တွေဖြစ်တာကြောင့် သူတို့ရဲ့မင်္ဂလာပွဲကျင်းပဖို့အတွက် အခုလိုမျိုး ကျယ်ကျယ်ဝန်းဝန်းရှိလှတဲ့ အာားကစားကွင်းကြီးကို ဒေါ်လာ ၁သိန်းခွဲနီးနီးအကုန်ကျခံကာ ငှားရမ်းခဲ့ရတာပါ။

ဒီအပြင် ဖျော်ဖြေရေးအတွက်ကိုလည်း ဂျက်ကီချမ်း၊ Wang Leehom, G.E.M, Cecilia Cheung နဲ့ မလေးရှားအဆိုတော် Micheal Wong စတဲ့ နာမည်ကြီးအနုပညာရှင်၊အဆိုတော်စုစုပေါင်း ၄၂ ယောက်ဖိတ်ကြားခဟာဆိုရင်ဖြင့် အမေရိကန်ဒေါ်လာနဲ့တွက်မယ်ဆိုရင် သိန်း ၇၀ လောက်ရှိနေပြီး အဲဒီအထဲကမှ ဂျက်ကီချမ်းတစ်ယောက်ထဲကိုပဲ ဒေါ်လာ၁၀သိန်းနီးနီး အကုန်ကျခံကာ ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။

Weibo
Weibo

ဘာဖိုးညာဖိုးနဲ့တွက်မယ်ဆိုရင် ပွဲအခမ်းအနား စီစဉ်စရိတ်ကြီးပဲ ဒေါ်လာ သိန်း ၁၀၀ နားကပ်နေခဲ့တဲ့ မင်္ဂလာပွဲကုန်ကျစရိတ်တွဟာ live-streaming လွှင့်လိုက်ရုံနဲ့ပဲ အရင်းပါကျေပြီး အမြတ်ပါရသွားတဲ့ကိစ္စဟာ တော်တော်လေးကို အံ့သြစရာတော့ ကောင်းနေခဲ့ပါတယ်။ အကြောင်းကတော့ သူတို့ရဲ့မင်္ဂလာပွဲကို live-streaming လည်း လည်းလွှင့်လို့အပြီး စီးပွားရေးသမား သတို့သားဟာ ပစ္စည်းရောင်းတဲ့ ကဏ္ဍကို ချက်ချင်းလွှဲခဲ့တာမလို့ streaming ကြည့်နေတာကလည်း အရင်သူဈေးရောင်းတုန်းက လူဦးရေထက် ပိုများနေတုန်းဖြစ်နေတာကြောင့် တစ်နာရီအတွင်းမှာတင်ကို ပစ္စည်းရောင်းပြီး ဒေါ်လာ ၁၅ သိန်းနီးပါးမြတ်လို့နေခဲ့ပါပြီ။ ဈေးရောင်းလို့အပြီးမှာတော့ အမြတ်ငွေအနေနဲ့ ဒေါ်လာ သိန်း ၄၀ လောက်တောင် နချေ့င်းညချင်း ပြန်ရခဲ့တယ်လို့ သိရပါတယ်။

READ
လမ်းဘေးခွေးလေးကို နေ့တိုင်းကားရပ်ပြီးအစာကျွေးလေ့ရှိတဲ့ ကြင်နာတတ်တဲ့ကားဆရာ

Penny

SHARE