ကြွယ်ဝမှုတွေကို မလိုအပ်ဘဲ ထုတ်ထုတ်ပြနေလို့ အဝေဖန်ခံနေရတဲ့တရုတ်ကျောင်းသူ

လွန်ခဲ့တဲ့ မတ်လဆန်းလောက်တုန်းက တရုတ်မီဒီယာပေါ်မှာ လူစိတ်ဝင်စားမှု အရမ်းမြင့်တက်သွားခဲ့တဲ့ ဗီဒီယိုတစ်ခုရှိပါတယ်။

ဗီဒီယိုထဲမှာ တွေ့ရတဲ့အမျိုးသမီးကတော့ အသက် ၂၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Han Xiao ဆိုသူပဲဖြစ်ပါတယ်။ သူမဟာ လူမှုကွန်ယက်တွေပေါ်မှာ ဗီဒီယိုတွေတင်၊ ဓာတ်ပုံတွေတင်ပြီး ဇိမ်ခံပစ္စည်း အသုံးအဆောင်တွေကို ထုတ်ပြလေ့ရှိပါတယ်။

YouTube

တန်ကြေးကြီးကြီးပြိုင်ကားတွေ၊ Chanel တို့လို luxury brand တွေကို ခေါင်းအစခြေအဆုံးဆင်ယင်ထားတဲ့ ပုံရိပ်တွေကို ထုတ်ပြလေ့ရှိပါတယ်။

Han Xiao ရဲ့မိဘတွေဟာ သိပ်ကိုချမ်းသာကြတယ်လို့ ခန့်မှန်းရပါတယ်။ ဗီဒီယိုထဲမှာတော့ “ဘာလို့အလုပ်တွေကြိုးစားနေတာလဲ” ဆိုပြီး လှောင်သလိုလိုပုံစံမျိုးနဲ့မေးထားပါတယ်။ ပြီးနောက် “ဘာကြောင့်လဲဆိုတော့ ဈေးကြီးကြီးပစ္စည်းတွေကိုင်ချင် သုံးချင်တယ်၊ ခရီးတွေသွားချင်တယ်၊ ချစ်ရသူကလည်း လှမ်းမမီတဲ့ပန်းဖြစ်နေလို့မလား” ဆိုပြီး သူ့မေးခွန်းကို ကိုယ်တိုင်ပြန်ဖြေသွားတဲ့ ဗီဒီယိုလည်း တင်ထားပါသေးတယ်။

YouTube

လက်ရှိမှာတော့ Han Xiao ဟာ ဘော်စတွန်တက္ကသိုလ်မှာ တက်ရောက်ခဲ့တဲ့ ကျောင်းသူတစ်ဦးပါ။ သူမဒီလိုဗီဒီယိုတွေရိုက်တင်နေတယ်ဆိုတာ ကြွားတာမဟုတ်ဘဲ တခြားလူတွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်စကားတွေ ပြောပေးတာဖြစ်တယ်လို့ ပြောပေမယ့် သူမဗီဒီယိုတွေ ဓာတ်ပုံတွေနဲ့ ပြောပုံဆိုပုံတွေကို ကြည့်မယ်ဆိုရင် လူတိုင်းကတော့ စိတ်ခွန်အားရစေတဲ့စကားရယ်လို့ ရှာမတွေ့ကြဘူးလို့ ဆိုကြပါတယ်။

READ
အိပ်နေရုံနဲ့ တစ်ပတ်ကို ဒေါ်လာ (၂၀၀) ရနိုင်တဲ့အလုပ်

နောက်ထပ်ဗီဒီယိုတစ်ခုမှာလည်း “လေယာဉ်စီးလို့ ပထမတန်းကစီးမယ်ဆိုရင် ပိုဦးစားပေးခံရတယ်၊ ဘဏ်မှာလည်း VIP ဖြစ်နေမယ်ဆိုရင် သူများတွေလို တန်းစီစရာမလိုဘူး၊ ဖျော်ဖြေပွဲတွေသွားဦးမလား ဈေးအကြီးဆုံးအတန်းက မြင်ကွင်းအကောင်းဆုံးပဲ” ဆိုပြီး အင်္ဂလိပ်လို ပြောထားပါတယ်။

YouTube

သူမဗီဒီယိုတွေ တက်လာတဲ့အချိန်မှာတော့ Facebook အသုံးပြုသူတွေကြား တော်တော်လေးကို ရေပန်းစားသွားခဲ့ကာ ဝေဖန်မှုတွေ ပြင်းထန်နေခဲ့ပါတယ်။ အများစုပြောကြတာကတော့ ပိုက်ဆံချမ်းသာပြီး ဘော်စတွန်တက္ကသိုလ်မှာတက်ပေမယ့် အင်္ဂလိပ်အခြေခံသဒ္ဒါကိုတောင် မှန်အောင်မပြောနိုင်ဘူးဆိုတာပါပဲ။

Facebook

ဒီအပြင် သူမကြွားလုံးထုတ်နေတဲ့ ပစ္စည်းတွေဟာလည်း အဖေနဲ့အမေဆီက ကလက်ဖြန့်တောင်းထားတာဖြစ်ပြီး ကိုယ့်အားကိုယ်ကိုးပြီး ရှာဖွေထားတာမဟုတ်ကြောင်း၊ တချို့ကတော့ လူတွေရဲ့အာရုံစူးစိုက်မှုကို အဆဲခံပြီး ရှာရလောက်တဲ့အထိ အထီးကျန်နေတာလားဆိုပြီး မေးခွန်းထုတ်ထားကာ တချို့ကျပြန်တော့လည်း နာမည်မပါဘာမပါနဲ့ ဒီကောင်မလေးဒီလောက်ချမ်းသာတာ တကယ်မဟုတ်ဘဲ ဗီဒီယိုရိုက်ဖို့အတွက် သက်သကလုပ်ထားတာလားဆိုပြီး ထင်ကြေးပေးနေကြပါတယ်။

YouTube
Facebook
Facebook

Source: Next Shark

Penny

SHARE