သမုဒ္ဒရာထဲငါးမန်းသွေးသောက်ပြီး ရက်ပေါင်း ၁၃၃ ရက်မြောနေခဲ့တဲ့ အမျိုးသားအကြောင်း

ဒုတိယကမ္ဘာစစ်ပွဲအတွင်းမှာပေါ့။ တရုတ်လူမျိုး Poon Lim နဲ့ တခြားလူ ၅၂ ယောက်တို့ဟာ Cape Town နဲ့ Surinam သို့ ရွက်လွှင့်နေတဲ့ ဗြိတိသျှသင်္ဘောပေါ်မှာ လိုက်ပါစီးနင်းလာခဲ့ပါတယ်။ စစ်အတွင်းကလည်းဖြစ်တဲ့အတွက် ဗုံးဒဏ်ကျည်ဒဏ်တွေကို ကြောက်ရပေမယ့် စစ်အတွင်းမှာက ဒီလိုပဲအသက်စွန့်ပြီး သွားလာလှုပ်ရှားနေခဲ့ရတာပါပဲ။

Wp

အမေဇုန်ရဲ့ အရှေ့လက် မိုင် ၇၅၀ အရောက်မှာတော့ Lim လိုက်ပါလာတဲ့ သင်္ဘောကို ဂျာမန်တပ်တွေမြင်သွားခဲ့ပါတယ်။ ၂ မိနစ်လောက်အကြာမှာပဲ တော်ပီဒိုနှစ်လုံးဟာ သင်္ဘောဆီကို ပြိုင်တူဦးတည်လာခဲ့ပြီး ထိမှန်ကာ သင်္ဘောနစ်သွားခဲ့ပါတယ်။

သင်္ဘောစစနစ်ပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာပဲ Lim ဟာ သက်ကယ်အင်္ကျီကို ပြေးယူကာ သင်္ဘောနဲ့ခပ်ဝေးဝေးကို ခုန်ချပစ်ခဲ့ပါတယ်။ အဲဒီလိုခုန်ချခဲ့လို့လည်း Lim ခုန်ချအပြီး စက္ကန့်ပိုင်းလောက်မှာပေါက်ကွဲသွားတဲ့ သင်္ဘောထဲ မပါသွားခဲ့ဘဲ အသက်ရှင်ခဲ့တာပါ။

ကံကောင်းစွာနဲ့ပဲ ၈ ပေ ပတ်လည်ရှိတဲ့ ဖောင်လေးတစ်ခုကို သင်္ဘောအပျက်အဆီးတွေကြားက တွေ့ခဲ့ရတဲ့အတွက် ဝမ်းသာအားရဖောင်ပေါ်တက်ခဲ့ပါတယ်။ ရေထဲမှာပြန့်ကျဲနေတဲ့ စားသောက်စရာနဲ့ အသုံးအဆောင်တွေကို လိုက်ကောက်ကိုရသမျှကောက်ရင်း လှိုင်းနဲ့အတူ သမုဒ္ဒရာထဲ မြောနေခဲ့ပါတယ်။

READ
မိုင်ယာမီရဲ့ကိုကင်းနတ်ဘုရားမ Griselda Blanco ရဲ့ လူသိပ်မသိတဲ့အချက် ၆ ချက်

Lim ယူလိုက်နိုင်တဲ့ပစ္စည်းတွေကတော့ ဘီစကွတ်ပုံးတစ်ပုံးရယ်၊ ချောကလတ်တွေနဲ့ သကြားခဲတွေ၊ါ်ာတ်မီးအပြင် အငွေ့နဲ့အချက်ပေးတဲ့ smoke pot နှစ်ခုတို့ကိုပါရှာတွေ့ခဲ့ပါတယ်။ အရေးအကြီးဆုံးအနေနဲ့ ရေလီတာ ၄၀ ပါတဲ့အိုးကြီးပါ။

Joe

ရေနဲ့အစားအသောက်တွေကို ခြွေတာစားသောက်ရင်း သမုဒ္ဒထဲမှာ ရှင်သန်ခဲ့ပါတယ်။ အစားအသောက်တွေမကုန်ခင်မှာကတည်းက သက်ကယ်အင်္ကျီအဖုံးကို ဖြဲပြီး မိုးရေတွေကြိုတင်စုဆောင်းထာပြီး ငါးတွေလည်း မြှားစားခဲ့ရပါတယ်။ ရေသိပ်မကူးတတ်တဲ့အတွက် ဖောင်နဲ့သူ့ခြေထောက်နဲ့ကို ကြိုးချည်ထားခဲ့ပါသေးတယ်။

Lim ဟ ငါးဖမ်းရင်း ဖောင်နားမှာ ရစ်သီရစ်သီလုပ်နေတဲ့ ငါးမန်းတွေကို တွေ့ခဲ့ရပါတယ်။ စူးစမ်းချင်စိတ်လည်းဖြစ်နေတာကြောင့် ငါးမန်းပေါက်တစ်ကောင်ကို အရဲစွန့်ဖမ်းခဲ့ပါတယ်။ ရက်ပေါင်း ၁၃၃ ရက်တောင်ကြာလာတဲ့အခါမှာတော့ သောက်စရာရေကလည်းကုန်၊ မိုးကလည်းမရွာတော့တဲ့အတွက် သူဖမ်းထားတဲ့ ငါးမန်းသွေးကို သောက်ရင်း အသက်ဆက်ခဲ့ရပါတယ်။

Wikimedia

လှိုင်းမူးဒဏ်တွေ၊ နေလောင်ဒဏ်တွေနဲ့ ထင်ယောင်ထင်မှားတွေလည်း မြင်ခဲ့၊ ခံစားခဲ့ရပါတယ်။ သူ့ကို ကုန်တင်စက်လှေလေးတစ်စီးသူ့အနားကဖြတ်သွားခဲ့လို့ ကူညီပေးဖို့ တောင်းခဲ့ပေမယ့်လည်း ဂရုတောင်မစိုက်ဘဲ ထွက်သွားခဲ့ပါတယ်။ အမေရိကန်ရေတပ်စောင့်လေယာဉ်လည်း ထိုနည်းတူစွာပါပဲ။

နောက်ဆုံး Lim ကို ကယ်ခဲ့သူကတော့ ဘရာဇီးငါးဖမ်းသမား သုံးယောက်ပါ။ လူ့ပတ်ဝန်းကျင်ကိုပြန်ရောက်တဲ့အခါမှာတော့ Lim ဟာ ပေါင် ၂၀ နီးနီးလျော့ကျသွားခဲ့ပြီး ဆေးရုံမှာ ၄ ပတ်ကြာ ဆေးကုသမှုခံခဲ့ရပါတယ်။ Poon Lim ရဲ့ survival ခရီးစဉ်ကြီးကိုတော့ အခုအချိန်အထိ ဘယ်သူမှ မကျော်ဖြတ်နိုင်သေးပါဘူး။

READ
အမျိုးသမီးများစွာကို ထိမ်းမြားလက်ထက်ခဲ့တဲ့ ရာဇ၀င်ထဲက သတို့သားများ

ရဲစွမ်းသတ္တိအတွက် George VI ဘုရင်ဟာ BEM ဘွဲ့ကိုအပ်နှင်းခဲ့ပြီး ဗြိတိသျှရေတပ်အတွက် ပင်လယ်ထဲ survival နည်းလမ်းတွေကို ဝေမျှခဲ့ပါတယ်။

Paraloscuriosos

Source: Elite Readers

Penny

SHARE