Lamborghini တစ်စီးပေးပြီး ရုရှားမလေးကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ တရုတ်အမျိုးသား

iPhone တွေနဲ့ လက်ထပ်ခွင့်တောင်းတာတို့၊ ပွဲအကြီးကြီးလုပ်ပြီး surprise အဖြစ် လက်ထပ်ခွင့်တောင်းတာတို့ဆိုတာ အခုနောက်ပိုင်းခေတ်မှာ တော်တော်များများကြားဖူး မြင်ဖူးနေကြပါတယ်။ ဒါပေမယ့် Lamborghini ကားတစ်စီးလုံးဝယ်ပြီး လက်ထပ်ခွင့်တောင်းတဲ့ အဖြစ်မျိုးကတော့ ရှားပါးဖြစ်စဉ်လို့ပဲဆိုရမှာပါ။

AsiaWire

တရုတ်နိုင်ငံ၊ Changsha ဒေသမှ အမျိုးသားတစ်ဦးဟာ မိန်းကလေးတစ်ယောက်ကို လက်ထပ်ခွင့်တောင်းဖို့အတွက် ဘောလုံးတွေ၊ ပန်းစည်းတွေနဲ့ မီးရှူးမီးပန်းတွေအပြင် တန်ဖိုးကြီး Lamborghini ကားကြီးကိုပါ ပြင်ဆင်ထားခဲ့တာပါ။

Asia Wire

နေရာဟာလညလ်း Changsha ဒေသရဲ့လူစီကားရာ Wanda Plaza အရှေ့မှာဖြစ်တဲ့အတွက် ရပ်ကြည့်သူတွေရော၊ ဗီဒီယိုရိုက်နေသူတွေနဲက လူအုပ်ကြီးရှိနေခဲ့ပါတယ်။

ထိုအမျိုးသားလက်ထပ်ခွင့်တောင်းဖို့ ကြံစည်ထားတဲ့ ကောင်မလေးကတော့ ရုရှားသူလေးဖြစ်ပါတယ်။ စစချင်း ပန်းစည်းထိုးပေးကာ ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ။ “ကိုယ်မင်းကြိုက်တဲ့ ကားကြီးဝယ်လာပေးတယ်လေ” ဆိုပြီးပြောကာ အနောက်မှာရပ်ထားတဲ့ လိမ္မော်ရောင် Lamborghini ကားကြီးကို လက်ညှိုးထိုးပြခဲ့ပါတယ်။

Asia Wire

ရုရှားသူလေးကတော့ တောင်းပန်ပြီး ငြင်းဆိုခဲ့ပေမယ့် အမျိုးသားမှ အတင်းနင်းကာရော ပန်းစည်းကြီးကိုထိုးပေးပြီး ကောင်မလေးကို စတင်ကာဆွဲလားရမ်းလားလုပ်ခဲ့ပါတယ်။ လိုချင်တာဝယ်ဖို့အတွက် ပိုက်ဆံတွေလည်းအများကြီးရှိတယ်လို့ ပြောကာ အတင်းကို လက်ထပ်ပါ၊ လက်ထပ်ပါနဲ့ ပြောခဲ့တာပါ။

READ
ဆောင်းရာသီမှာ ရေဘေးကြုံခဲ့ရတဲ့ဖိလစ်ပိုင် (၂၀၀)ဦးသေဆုံး၊ (၁၆၀)ဦးပျောက်ဆုံးနေ
Asia Wire

ရှရှားသူလေးဟာ ယဉ်ကျေးစွာငြင်းနေခဲ့ပေမယ့် အမျိုးသားကအထွန့်တက်ပြီး “ငါ့မှာပိုက်ဆံတွေအများကြီးရှိတယ်” လို့ပြောလိုက်တဲ့အခါမှာတော့ အမျိုးသမီးဖက်မှ “ပိုက်ဆံရှိတာဘာလုပ်ရမှာလဲ” ဆိုကာ နေရာမှ ထွက်သွားခဲ့ပါတယ်။

Asia Wire
Asia Wire

လူပုံအလယ်မှာ ဒီလောက်ပြင်ဆင်ထားပြီးမှ အငြင်းခံလိုက်ရတဲ့အတွက် ကျန်ရစ်သူအမျိုးသားမှာ ဒေါသထွက်ကာပေါက်ကွဲခဲ့ပါတယ်။ ပန်းစည်းကြီးကို မြေပေါ်သို့ပစ်ချကာ စီစဉ်ထားသမျှပစ္စည်းတွေအကုန်လုံးကိုလည်း တွန်းလှဲပစ်ခဲ့ပါတယ်။

Asia Wire

ဒီဗီဒီယိုဟာ လူမှုကွန်ယက်မှာပျံ့သွားပြီးမှာတော့ အင်တာနက်အသုံးပြုသူတွေဟာ ဒီလောက်စရိုက်ကြမ်းတဲ့ ယောက်ျားမျိုးကို လက်မခံခဲ့တာ နိုင်ငံခြားသူလေး သိပ်ကံကောင်းတယ်ဆိုပြီး မှတ်ချက်ပေးခဲ့ကြပါတယ်။

Source: Asia Wire, Daily Mail , SCMP

Penny

SHARE