ဝရန်တာမှာဂီတဖျော်ဖြေပွဲလုပ်ပြီး အိမ်နီးချင်းတွေကိုအားပေးတဲ့တရုတ်အမျိုးသား

Youtube

တရုတ်နိုင်ငံတွင်းမှာ ၀ူဟန်ဗိုင်းရပ်စ်ကြောင့် ဂီတဖျော်ဖြေပွဲတွေ၊ ရုပ်ရှင်ရုံတွေ၊ ဈေးဝယ်စင်တာတွေဆီ သွားဖို့ ကြောက်ရွံ့နေကြသလို ဂီတဖျော်ဖြေပွဲတွေဆိုတာလည်း လုံးဝကို မရှိတော့သလောက် ဖြစ်သွားခဲ့တာပါ။ ဒေသခံတွေအတွက်တော့ တစ်နေ့ပြီးတစ်နေ့ စိုးရိမ်မှုတွေ ပိုကဲလာတာကလွဲရင် သူတို့မှာ ပျော်ရွှင်စရာ အချိန်တွေဆိုတာ ရှားပါးသွားခဲ့ရတာပါပဲ။

တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဇီကျင်းပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသား တစ်ယောက်ကတော့ သူနဲ့ သူ့ရဲ့အိမ်နီးချင်းတွေမှာ ပျော်စရာအချိန်တွေ၊ အပန်းဖြေစရာ အချိန်တွေမရှိပဲ အချိန်ကုန်နေခဲ့ရတယ်ဆိုတာ သတိထားမိခဲ့ပါတယ်။ သူက သူ့ရဲ့အိမ်အနီးမှာနေထိုင်သူတွေကို အားပေးနိုင်ဖို့နဲ့ ပျော်ရွှင်စေဖို့အတွက် အစီအစဉ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။

အဲဒါကတော့ သူ့ရဲ့ နေအိမ် လသာဆောင်ကနေ ဂီတ ဖျော်ဖြေပွဲတစ်ခု လုပ်ဖို့ပါ။

Youtube

ဒီအမျိုးသားက လသာဆောင်မှာ ဂစ်တာတွေ၊ စပီကာတွေနဲ့ မိုက်ခရိုဖုန်းတွေတပ်ဆင်ပြီး ညအချိန်မှာ သူ့ရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ပါတော့တယ်။ သူက သီချင်းတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် သီဆိုနေခဲ့ပြီး သီချင်းသံကို ကြားတဲ့အချိန်မှာ အနီးအနားမှာရှိတဲ့ အိမ်နီးချင်းတွေ စိတ်ဝင်စားခဲ့ကြပြီး အိမ်အပြင် ၀ရန်တာတွေဆီ ကိုယ်စီ ထွက်လာကြပါတော့တယ်။

READ
မြို့တစ်မြို့လုံးသုံးတဲ့ရေ ပန်းရောင်တွေ ဖြစ်နေလို့ မြို့ခံလူများ ထိတ်လန့်နေ

အများစုကတော့ ဒီအမျိုးသားရဲ့ သီချင်းသံကို လိုက်လံအားပေးနေကြပြီး တချို့ဆိုရင် တိုက်အောက်ကနေတောင် လာရောက်နားထောင်နေကြတာပါ။

အိမ်နီးချင်းတချို့က လက်ကို လိုက်ပြီး ဝှေ့ယမ်းနေကြသလို၊ တချို့ကတော့ သူနဲ့အတူ လိုက်ပြီး သီဆိုနေတာကို တွေ့နေရပါတယ်။

ဒါပေမယ့်လည်း သိပ်မကြာခင်မှာ တာဝန်ရှိသူတွေ ရောက်လာခဲ့ပြီး သူ့ရဲ့သီဆိုနေမှုကို ရပ်တန့်ခိုင်းခဲ့တာပါ။ အကြောင်းကတော့ ဒီ သီချင်းသံကြောင့် လူအစုအဝေး ဖြစ်လာနိုင်ပြီး ဗိုင်းရပ်စ်ပျံ့နှံ့လာနိုင်တာကြောင့်ပါတဲ့။

ဒီ ဗီဒီယိုလေးကို South China Morning Post ရဲ့ ဆိုရှယ်မီဒီယာစာမျက်နှာတွေမှာ တွေ့နေရပြီး ပရိသတ်တွေကတော့ အကျပ်အတည်းကြားထဲမှာတောင် ပျော်ရွှင်အောင် နေဖို့ ကြိုးစားနေသူတွေကို အားပေးရင်း ချီးကျူးခဲ့ကြပါတယ်။

Linn

SHARE