နိုင်ငံခြားသူချောချောလေးကို လက်ထပ်နိုင်ခဲ့ပြီးတော့ Dating Club ဖွင့်လှစ်ခဲ့တဲ့ အမျိုးသား

တရုတ်နိုင်ငံသား အမျိုးသားတစ်ယောက်ဟာ ယူကရိန်းသူ ချောချောလေးကို လက်ထပ်နိုင်ခဲ့ပြီးနောက်မှာတော့ Dating Club ဖွင့်လှစ်ခဲ့ပါတယ်။ Dating Club ဆိုတာ ချစ်သူရှာဖို့အတွက် အခြား ဆန့်ကျင်ဘက် လိင်တစ်ယောက်ယောက်နဲ့ တွေ့ဆုံဖို့ ဖန်တီးပေးတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ Club မှာ နှစ်ယောက်သား တွေ့ဆုံတဲ့အခါ ဘာလုပ်ရမယ်၊ ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို နည်းပေးလမ်းပြလုပ်တဲ့ သင်တန်းလည်းရှိပါတယ်။ ဒီ Dating Club ကို စတင်တည်ထောင်ခဲ့တဲ့ တရုတ်အမျိုးသားရဲ့ နာမည်ကတော့ Mei Aicai ဖြစ်ပြီး၊ သူဟာ အရင်တုန်းက ယူကရိန်းနိုင်ငံကို အာဖရိကတိုက်မှာ ရှိတယ်လို့ ထင်ခဲ့ကြောင်း Viral က ဆိုပါတယ်။

ဒါပေမယ့် Mei ဟာ အဆင့်မြင့်ဒီဂရီတစ်ခုရယူဖို့အတွက် ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် Kharkov ကို အကြောင်းသင့်စွာ ရောက်ရှိသွားခဲ့ပါတယ်။ ဒီမှာတင် သူဟာ လက်တွဲဖော် ယူကရိန်းအမျိုးသမီးနဲ့ စတင်ဆုံဆည်းခဲ့တာပါ။ သူတို့ နှစ်ဦး စတင်တွေ့ဆုံစဉ်က Mei ရဲ့ အမျိုးသမီးဟာ အသက် (၁၆)နှစ်သာ ရှိပါသေးတယ်။

READ
သစ်ပင်ပေါ်ကနေ တွဲလောင်းခိုပြီး လင်းဆွဲကြီးကို မျိုဖို့ကြိုးစားတဲ့ စပါးအုံးမြွေကြီး

Mei က ” အသက်ကသာ (၁၆)နှစ်ဆိုပေမယ့် သူမဟာ အတော်ရင့်ကျက်တည်ငြိမ်နေပါတယ် .. သူမက ကျောင်းမှာ အဆင့်ကောင်းကောင်းနဲ့ စာတော်သူဖြစ်ပြီး၊ အိမ်မှာဆိုရင်လည်း ချက်ပြုတ် လျှော်ဖွပ်ရတဲ့ လုပ်ငန်းတွေကို မညည်းမညူလုပ်ပေးတဲ့ ဇနီးကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်”လို့ ချီးမွှမ်းခဲ့ပါတယ်။

Mei တို့ မိသားစုလေးရဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက်မှာ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီးနောက်ပိုင်း တော်တော်များများက အချစ်ရေးနဲ့ပတ်သက်ရင် Mei ကို အကြံဉာဏ်တွေ တောင်းကြပါတယ်။ Mei ဆီကို ရောက်လာတဲ့ မက်ဆေ့ခ်ျ အများစုကတော့ ဒီလို လှပတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဘယ်လို Date ရမလဲဆိုတဲ့ အကြံဉာဏ်တောင်းမှုတွေပါပဲ။

ဒီနောက်မှာတော့ Mei ဟာ Dating Club ကို စတင်ဖွင့်လှစ်ခဲ့ကာ တရုတ်အမျိုးသားတွေကို ယူကရိန်းအမျိုးသမီးတွေနဲ့ ဆုံနိုင်အောင်ဖန်တီးပေးခဲ့ပါတယ်။ ယူကရိန်းအမျိုးသမီးတွေကို စွဲဆောင်ဖို့အတွက်ကိုတော့ Mei ရဲ့ ခယ်မက တာဝန်ယူပြီး၊ တရုတ်အမျိုးသားတွေနဲ့ တွေ့ဆုံချင်လာအောင် စည်းရုံးတယ်လို့ ဆိုပါတယ်။

READ
ဘုရားသခင်ရဲ့ စေခိုင်းချက်ကြောင့်ဟုဆိုကာ ၁၈နှစ်တိုင်အောင်ကျင်းတူးနေသည့်အဖိုးအို

Mei ရဲ့ Club မှာ ယူကရိန်းအမျိုးသမီးတွေအတွက် တရုတ်ဘာသာစကားနဲ့ ယဉ်ကျေးမှုဆိုင်ရာသင်တန်းတွေကိုလည်း ဖွင့်လှစ်ပေးထားပြီး၊ အမှတ်စဉ်ရေတွက်ပုံတွေ၊ ဘယ်နေရာမှာ ဈေးဝယ်ဖို့အကောင်းဆုံးလဲ စတဲ့ ဒေသန္တရသင်ခန်းစာတွေ သင်ကြားပေးနေသေးတယ်လို့လည်း သိရပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE