ရည်းစားဟောင်းနဲ့တွေ့နိုင်ဖို့ တစ်လလောက် ရေမချိုးခဲ့တဲ့အမျိုးသားရဲ့အဖြစ်

Pexels/Ashutosh Sonwani

ရူးသွပ်မှုဆိုတာ အတိုင်းအတာအများကြီး ရှိနိုင်ပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် အမျိုးသားရဲ့ရူးသွပ်မှုကတော့ တော်တော်လေး ဆိုးရွားတယ်လို့ ဆိုနိုင်ပါတယ်။ လျူအမည်ရ အမျိုးသားဟာ ကောင်မလေးတစ်ယောက်နဲ့ တစ်နှစ်ခွဲကြာ တွဲလာပြီးနောက်မှာ လမ်းခွဲခဲ့ပါတယ်။ လမ်းခွဲရတာကို မခံစားနိုင်တာကြောင့် ထိုအမျိုးသားဟာ လက်ရှိလက်ထပ်ထားတဲ့ ဇနီးဖြစ်သူကိုတောင် ချက်ခြင်းကွာရှင်းပြီး ပြတ်စဲသွားတဲ့ ရည်းစားဟောင်းကို နောက်ယောင်ခံလိုက်နေခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ လျူဟာ အိမ်ထောင်ရှင်တစ်ဦး ဖြစ်ပေမယ့် အွန်လိုင်းဂိမ်းကစားရင်း တန်အမည်ရတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့တာပါ။ အဲဒီကနေတဆင့် ဒိတ်လုပ်ရင်း ချစ်ကြိုက်သွားကြရာမှာ တစ်နှစ်ခွဲထိအောင် ရည်းစားသက်တမ်းရှိခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့တော့ တန်က သူ့ချစ်သူဟာ အိမ်ထောင်ရှင်အမျိုးသားဖြစ်နေတာကို သိရှိသွားခဲ့ပါတယ်။ ဒါနဲ့ ချက်ခြင်းပဲ လျူနဲ့လမ်းခွဲပြီး တစ်ယောက်နဲ့တစ်ယောက် မဆုံမိအောင် သူမက အဆက်အသွယ်ဖြတ်တောက်ခဲ့ပါတယ်။

READ
ရှေ့နေအယောင်ဆောင်ထားမှန်း (၁၅)နှစ်ကြာမှသိခဲ့ရတဲ့ နိုင်ဂျီးရီးယားကရှေ့နေ
Pixabay

တန်က အိမ်ထောင်ရှိလို့ဆိုပြီး အဆက်ဖြတ်သွားတဲ့အတွက် တန်နဲ့ ဇာတ်လမ်းသစ်စဖို့ လျူဟာ ဇနီးသည်နဲ့ ချက်ခြင်းကွာလိုက်ပါတယ်။ ပြီးတဲ့နောက် (၂) နှစ် လုံးလုံး တန်ကို လိုက်ရှာနေခဲ့ပါတယ်။ တစ်ကြိမ်မှာလည်း လျူဟာ တန်ကို ကားထဲအတင်းထည့်ပြီး ကားမောင်းထွက်ပြေးရာမှာ ယာဉ်တိုက်မှုအကြီးအကျယ်ဖြစ်ခါနီးအထိ ကြုံခဲ့ရပါသေးတယ်။ တန်ကတော့ လျူနဲ့ထပ်မတွေ့ရအောင်ဆိုပြီး ဟူနန်ကနေ ကျန်းစုဘက်ကို ပြောင်းပြေးသွားခဲ့ပါတယ်။ ကံဆိုးချင်တော့ လျူဟာလိုက်ရှာရင်း ဖွေရင်းနဲ့ တန်ရဲ့ နေအိမ်တိုက်ခန်းသစ်ကို သွားတွေ့ပါတယ်။

လျူဟာ ရေမချိုးမိုးမချိုးနဲ့ တစ်လလုံးလုံး ကားထဲမှာ ပုန်းအောင်းနေကာ တန်ကို စောင့်ကြည့်ရင်း အိမ်ထဲဝင်ဖို့ ချောင်းနေခဲ့ပါတယ်။ တစ်ရက်မှာတော့ လျူဟာ တန်ရဲ့ အိမ်ထဲကို ဖောက်ထွင်းဝင်ရောက်ပြီး တန်ကို လည်ပင်းညှစ်ဖို့အထိ ကြိုးစားခဲ့ပါတယ်။ နှစ်ဦးသား ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတဲ့နောက် လျူဟာ တဖန်ထွက်ပြေးသွားခဲ့ပြန်ပါတယ်။ ဒီဖြစ်ရပ်မှာ တန်ဟာ အလွန်အမင်းထိတ်လန့်သွားခဲ့တဲ့အပြင် လျူရဲ့ ကိုယ်က ဆိုးဝါးနံစော်လှတဲ့ အနံ့အသက်ကြောင့် မူးမေ့လုမတတ်အောင် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

READ
မြေးတွေကို ခရစ္စမတ်သစ်ပင်မီးထွန်းပြစဉ် မတော်တဆ အိမ်တစ်ခုလုံး မီးကူးစက်လောင်ကျွမ်း
Pexels/Jeshoots.com

အခုဆိုရင်တော့ ရဲအဖွဲ့ဟာ လျူကို ဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ပါတယ်။ တန်ကို လိုက်လံနှောင့်ယှက်ရတဲ့ အကြောင်းရင်းကို မေးမြန်းစစ်ဆေးတဲ့အခါမှာတော့ လျူက သူဟာ တန်ကို ချစ်လွန်းတာကြောင့် အခုလို ဖရိုဖရဲအကြံအစည်တွေကို ကြံစည်မိတဲ့အကြောင်း အစစ်ခံခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့(၂) နှစ်လုံးလုံး တန်ရဲ့ chat history တွေကို backup လုပ်ထားခဲ့တဲ့အပြင် သူမပြောင်းရွှေ့ခဲ့တဲ့ နေရာစုံကိုလည်း လိုက်လံနောက်ယောင်ခံခဲ့တယ်လို့ လျူက ၀န်ခံခဲ့ပါတယ်။

လင်းလင်း (ShweMom)

SHARE