ဝ.၀၄ ယွမ်ကို ပြန်မအမ်းလို့ စူပါမားကတ်ကို တရားစွဲဆိုခဲ့တဲ့အမျိုးသား

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက အမျိုးသားတစ်ယောက်ဟာ အကြွေအစွန်းအထွက် (၀.၀၄) ယွမ် မြန်မာကျပ်ငွေနဲ့ဆို (၁၀) ကျပ်တောင်မပြည့်တဲ့ မမာဏကို ပြန်အမ်းငွေမှာ မရလို့ဆိုပြီး စူပါးမားကတ်ကို တရားစွဲဆိုခဲ့တာ အောင်မြင်သွားခဲ့တယ်လို့ သတင်း ၀က်ဘ်ဆိုက်တွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။

ရှန်ဇီပြည်နယ် ရှီအန်မြို့က တရားရုံးမှာ ရှောင် ဆိုတဲ့ အမျိုးသားဟာ ယောင်ဟွေ စူပါမားကတ်ကို တရားစွဲဆိုခဲ့ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေက သတင်းဖော်ပြချက်များမှာတွေ့ရပါတယ်။

weibo

ဗီဒီယိုလည်းထွက်ပေါ်ခဲ့ပြီး သူ့အနေနဲ့ ၀ယ်ယူခဲ့တဲ့ ဘောက်ချာကို ပြထားတာကိုလည်းတွေ့ရပါတယ်။ အဲ့ဒီ့ပစ္စည်းတွေကို စူပါမားကတ်မှာ ဖေဖော်ဝါရီ ၂ ရက်နေ့တုန်းက ၀ယ်ယူခဲ့တာဖြစ်ပါတယ်။

၅၄.၇၆ ယွမ် ကျတာကို ၅၅ ယွမ်ပေးပြီး ၀.၂ ယွမ် ပြန်အမ်းခဲ့ရာ ၀.၀၄ ယွမ် လိုနေခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကို ၄င်း အမျိုးသားကို ၀.၀၄ ယွမ်ကို တရားမ၀င် ယူထားတယ်၊ တရားဥပဒေနဲ့ အညီပဲ သူ့ရဲ့ ၀.၀၄ ယွမ်ကို ယင်း စူပါမားကတ်အနေနဲ့ ပြန်အမ်းတာကိုပဲလိုချင်ကြောင်း ပြောပါတယ်။  စူပါမားကတ် ဘက်က ၀.၀၄ ယွမ်ကို ပြန်လည်ပေးခဲ့ရသလို တရားရုံးစရိတ်တို့ကို ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

READ
လူမျိုးရေးခွဲခြားတဲ့ ရှေ့နေတစ်ဦးကို မှတ်လောက်သားလောက်အောင် ပညာပေးခဲ့ကြ
weibo

စူပါမားကတ် ဘက်က ရှေ့နေကိုယ်တိုင်ကလည်း ပြန်အမ်းငွေပေးတဲ့နေရာမှာ စနစ်မကျတာဟာ စားသုံးသူရဲ့ လွတ်လပ်ခွင့်ကို အပြည့်အ၀ မလေးစားရာရောက်ပြီး အဆင်မပြေမှုတွေ ခံစားရစေတယ်လို့ ၀န်ခံခဲ့ပါတယ်။

၎င်းတို့အနေနဲ့လည်း မစ္စတာ ရှောင်နဲ့ ပြည်သူလူထုကို ထပ်ပြီး တောင်းပန်ကြောင်း ရှေ့နေက ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

Ref: SCMP

Matthew (ShweMOM)
SHARE