ထီပေါက်တယ်ထင်ပြီး တစ်သက်လုံးစုထားတဲ့ ငွေတွေကို အကုန်ဖြုန်းမိခဲ့တဲ့ အမျိုးသား

တရုတ်နိုင်ငံတောင်ပိုင်းမှာ နေထိုင်သူအမျိုးသားတစ်ဦးဟာ ထီပေါက်တယ်ထင်ပြီး သူ့ဘ၀တစ်လျှောက်လုံး စုထားခဲ့တဲ့ငွေတွေအားလုံးကို သုံးဖြုန်းမိခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ ဖူကျန်းပြည်နယ်အရှေ့ပိုင်းနေ အသက်(၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။ သူဟာ ယွမ်(၅) သန်း (အမေရိကန်ဒေါ်လာ ၇၈၈,၀၀၀) ထီပေါက်တယ်ထင်ပြီး စုထားတဲ့ငွေတွေအပြင် အကြွေးပါထပ်ယူပြီး ဆွေမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ ဖြုန်းတီးပစ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အဖြစ်အပျက်ဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တရုတ်နိုင်ငံတောင်ပိုင်း ၊ ဂျီယန်းပြည်နယ်ရဲ့ အရှေ့ပိုင်း ဖူဂျင်စီရင်စုမှာ ဖြစ်ပွားခဲ့တာပါ။

လောင်းကစားဝါသနာပါသူ ထိုအမျိုးသားဟာ အမြဲလိုလို ထီပေါက်ဖို့ တွက်ချက်နေလေ့ရှိပါတယ်။ အခုတစ်ခေါက်မှာလည်း ထီဆုကြီးထွက်မယ့်နံပတ်ကို သူ့ဘာသာသူ တွက်ချက်ပြီး ထီထိုးခဲ့တာ ဖြစ်ပါတယ်။ တစ်ပတ်အကြာ ထီဆုကြီးနံပတ်ထွက်လာတဲ့အခါ သူဟာ ဂဏန်းတစ်လုံးလွဲနေတာကို မသိပဲ အမှတ်မှားပြီး သူ့ကိုယ်သူ ယွမ်(၅) သန်းပေါက်ပြီလို့ ထင်ခဲ့ပါတယ်။

elitereaders

ထို့နောက်မှာတော့ အမျိုးသားဟာ အပျော်လွန်ပြီး နိုက်ကလပ်မှာ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ စုစုပေါင်း သူစုဆောင်းထားတဲ့ ယွမ်(၅) ထောင်အပြင် အကြွေးဝယ်ကဒ်နဲ့ ယွမ်(၃) ထောင်ပါ ထပ်ပြီး ချေးယူခဲ့ပါတယ်။ နောက်တစ်နေ့မနက်နိုးလို့ ထီဆုနံပတ်နဲ့ သူထိုးထားတဲ့ နံပတ်သေချာပြန်တိုက်ကြည့်တဲ့အခါမှ သူဟာ အလွဲကြီးလွဲခဲ့ပြီဆိုတာကို သိလိုက်ရပါတယ်။ “ကျွန်တော် ဆက်အသက်ရှင်ဖို့ မျက်နှာတောင် မပြရဲတော့ပါဘူး…” လို့ သူက ဆိုခဲ့ပါတယ်။

READ
ကားကြိတ်ခံရမယ့်ဘေးမှ သီသီလေးလွတ်ခဲ့တဲ့ ဆယ်ကျော်သက်မလေး
elitereaders

ထိုအမျိုးသားဟာ ရည်းစားဖြစ်သူကို ဖုန်းဆက်ပြီး သူ့ကိုယ်သူ သေကြောင်းကြံတော့မည်ဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။ ရည်းစားကောင်မလေးက ချက်ခြင်းပဲ ရဲစခန်းကို အကြောင်းကြားခဲ့တာကြောင့် ရဲတွေဟာ ၄င်းအမျိုးသားရဲ့ အိမ်ကို သွားပြီး သေကြောင်းကြံမယ့် အစီအစဉ်ပျက်အောင် ဖြောင်းဖြပြောဆိုခဲ့ကြကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: scmp, elitereaders

SHARE