ပုတ်သင်တွေကို ပေါင်းအိုးနဲ့ မှောင်ခို ကုန်ကူးဖို့ ကြိုးစားခဲ့တဲ့ တရုတ်အမျိုးသား

Image:Department of Environment and Science

တရုတ် အမျိုးသား တစ်ယောက် တော့ သြစ တြေးလျ အိမ်မြှောင်၊ပုတ်သင်တွေကို မှောင်ခို ကုန်ကူးဖို့ ကြိုးစား ခဲ့လို့ အ ဖမ်း ခံခဲ့ရပါတယ်။ဒီအ ကြောင်းကိုတော့ Daily  Mail မှာ ဖော်ပြထားတာပါ။အ ကောင်တွေကို တော့ ထမင်း ပေါင်း အိုး ထဲ ကို ထည့်ပြီး တရားမ၀င် ကုန် ကူး တာကို  ဖမ်းဆီးနိုင်ခဲ့တာပါ။Queensland mail distribution centre မှာ တော့ အဲ့ဒီ အမျိုးသားကို ဖမ်းဆီး စစ်ဆေး ခဲ့ပါတယ်။Queensland ဥယျာဉ်နဲ့ တောရိုင်း တိရစ္ဆာန် ထိန်း သိမ်း ရေး အဖွဲ့ ကို ဒီ ကိစ္စ နဲ့ ပတ်သက်ပြီး အ ကြောင်းကြားခဲ့ပါတယ်။

Image:Department of Environment and Science

သြ စ တြေးလျ စာတိုက် ၀န်ထမ်းတွေ က တရုတ်ကို ပို့ မယ့် ပေါင်းအိုး ကို X-Rays ရိုက်ပြီး စစ်ဆေး ကြည့်တဲ့ အခါ မှာတော့ အထဲမှာ ဘာမှန်းမသိတဲ့ အ ရိပ် တွေ ပေါ် နေတာကို တွေ့ခဲ့တာပါ။ဒီလိုနဲ့ပဲ မသင်္ကာ လို့ စစ်ဆေး ကြည့်တဲ့ အခါ မှာတော့ ပေါင်းအိုးထဲမှာ ထည့်ထားတဲ့ အ ကောင်တွေ ကို တွေ့ ခဲ့တာပါ။ဒီ အ ကောင်တွေ ထဲမှာဆိုရင် albino blue tongue ၊ bearded dragons နဲ့ shingleback တို့ လို ပုတ်သင် အ ကောင်မျိုးတွေ လည်း ပါပါတယ်။ အ ကောင် တွေ ကို တော့ အ၀တ်နဲ့ ခြေ စွပ် တွေထဲမှာ ထည့်ပြီး ခြေ ထောက် တွေကို လည်း စီးနှောင် ထား က  ရွေ့ လျား လို့ မ ရ အောင် လုပ်ပြီး ပေါင်း အိုးထဲ ထည့်ထားတာပါ။

READ
ပိုက်ကွန်ချရာမှ သမိုင်းဝင်ရှားပါးတဲ့အရာဝတ္ထုကို ရှာတွေ့ခဲ့သူ
Image:Department of Environment and Science

Mr Christensen က တော့ ဒီ အ ကောင်တွေ ဟာ အရမ်းလှ ပြီး ထူးခြာတဲ့ အ သွေး အ မွှေး ရှိတာ မို့ နိုင်ငံ တကာ မှောင်ခို ဈေးကွက်မှာ ဆိုရင် တော့ ဒေါ်လာသန်းနဲ့ ချီပြီး တန် ကြေး ရှိတယ်လို့ ဆိုပါတယ်။ ကံ ကောင်းစွာ နဲ့ပဲ အ ကောင် လေးတွေ ကို ကယ်နိုင်ခဲ့ပေမယ့် ဘာရောဂါ ရှိမှန်းမသိ၊ ဘယ်ကေ န ဖမ်းလာမှန်း မသိ တော့ တော ရိုင်းထဲ ကို ပြန် မလွှတ် နိုင် သေး ဘူး လို့ လည်း ပြောခဲ့ပါတယ်။အသက် (၂၈)နှစ်အရွယ် ထိုင်ဝမ် အမျိုးသားကို Victoria မှာ ဖမ်းဆီးမိခဲ့ပါတယ်။ထောင်ဒဏ် (၆)လ ပြစ်ဒဏ်ချ မှတ်ခဲ့ပါတယ်။တောရိုင်း တိရစ္ဆာန် တရားမ၀င် ကုန် ကူး မှု ဟာ ဆိုရင်  ထောင်ဒဏ် (၁၀)နှစ်နဲ့ ငွေ ဒဏ် ($210,000) ချ မှတ်နိုင် ပါတယ်။

READ
သမီးရဲ့မင်္ဂလာပွဲအတွက် လန်ဒန်ကို တစ်ယောက်တည်းခရီးထွက်လာတဲ့ မီဂန်ရဲ့ဖခင်

#SHWEMOM

SHARE