ဓာတ်ဆီဆိုင်မှာ ဆေးလိပ်သောက်နေသူကို မထင်မှတ်တဲ့ပုံစံနဲ့ နှင်ထုတ်ခဲ့တဲ့ဝန်ထမ်းမလေး

Oleksandr Berezko/Shutterstock

အသက် ၆၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ လီအမျိုးသားဟာ သူ့ရဲ့တွဲဆိုင်ကယ်လေးကို ဆီဖြည့်ဖို့ဆိုပြီး Hubei ဒေသက ဓာတ်ဆီဆိုင်တစ်ဆိုင်ကို ရောက်လာခဲ့ပါတယ်။ ဓာတ်ဆီဆိုင်မရောက်ခင်ကတည်းက မူးလာခဲ့တာကို စကားပြောပုံနဲ့ တထောင်းထောင်းထနေတဲ့အရက်နံ့တွေကတစ်ဆင့် သိခဲ့ရပါတယ်။

တရုတ်ဒေသတချို့မှာ ဆီဖြည့်ရင် မှတ်ပုံတင်ကတ်ပေးရလေ့ရှိပါတယ်။ ဒါကြောင့် ဓာတ်ဆီဆိုင်ကဝန်ထမ်းမလေးဟာ လီကို မှတ်ပုံတင်ကတ်ပြားပြဖို့အတွက် တောင်းဆိုခဲ့ပါတယ်တဲ့။ လီတစ်ယောက် မူးကလည်းမူးနေတော့ ဝန်ထမ်းမလေးကို တမင်သက်သက်ရစ်ပြီး မှတ်ပုံတင်ကတ်ကို မပေးခဲ့ပါဘူး။ ဒါကြောင့် ဓာတ်ဆီဆိုင်ဖက်ကလည်း ဘယ်လိုမှဆီဖြည့်ပေးလို့မရတဲ့အတွက် လီကိုဒီအတိုင်းထားထားခဲ့ပါတယ်။ ဒါပေမဲ့ လီကတော့ နေရာမှာ တုတ်တုတ်မှမလှုပ်ဘဲ ရပ်နေခဲ့ပြီး ရုတ်တရက်ဆိုသလို မထင်မှတ်ထားတဲ့အရာတစ်ခုကို လုပ်လိုက်ပါတယ်။

အဲဒါကတော့ ဆေးလိပ်တစ်လိပ်ကိုမီးငြှိပြီး သောက်လိုက်တာပါ။ ဓာတ်ဆီဆိုင်ထဲမှာ ဆေးလိပ်မီးညှိပြီး သောက်နေတယ်ဆိုတာ ဘယ်လောက်တောင်အန္တရာယ်များတဲ့လုပ်ရပ်လဲနော်။ ကျွန်တော်တို့ဆို ဖုန်းကလွှင့်တဲ့လှိုင်းတွေနဲ့ ဒုက္ခရောက်မှာဆိုးလို့တောင်မှပဲ ဆီထည့်ရင်ဖုန်းပိတ်ထားလေ့ရှိကြတယ်မဟုတ်လား။

South China Morning Post
South China Morning Post

ဝန်ထမ်းကောင်မလေးက လီကို ဆေးလိပ်ကိုချက်ချင်းမီးသတ်ဖို့အတွက် လာပြောနေခဲ့တာ CCTV မှာ မြင်ခဲ့ရပါတယ်။ ကြာတာတော့ ဝန်ထမ်းဖက်မှ သည်းမခံနိုင်တော့ဘဲနဲ့ မီးသတ်ဆေးဗူးကိုသွားယူပြီး အမျိုးသားကို ဖြန်းလိုက်ခဲ့ပါတယ်။ လီကရုတ်တရက်ဆိုတော့ ကြောင်သွားခဲ့ပြီး ဆိုင်ကယ်ကိုမောင်းကာ နေရာကထွက်ပြေးသွားခဲ့ပေမယ့် ပြန်ရပ်နေခဲ့ပါတယ်။ တစ်ဖန် ဝန်ထမ်းက ရပ်နေတဲ့နေရာအထိ နောက်ထပ်တစ်ခါဖြန်ခဲ့ပါတော့တယ်။

READ
ပါတီမှာသူစိမ်းအမျိုးသားနဲ့ချစ်တင်းနှောခဲ့တာပေါ်ပြီး မင်္ဂလာပွဲပျက်သွားရတဲ့အမျိုးသမီး

လီကတော့ ဓာတ်ဆီဆိုင်ကနေ ထွက်သွားခဲ့ပြီး လမ်းမှာပဲ ယာဉ်ထိန်းရဲရဲ့အထိန်းသိမ်းကို ခံခံရပြီးနောက် အမှုရင်ဆိုင်နေရပါတယ်တဲ့။

Penny

SHARE