ကြော်ငြာတစ်ခုရိုက်မိလို့ ဘဝပျက်တော့မလို ဖြစ်နေရှာတဲ့ တရုတ်မော်ဒယ်

တရုတ်မော်ဒယ်တစ်ဦးဖြစ်တဲ့ Zuo Ye ဟာ ကြော်ငြာတစ်ခု ရိုက်မိရာမှ လူမုန်းများနေခဲ့ပါတယ်။ တရုတ်နိုင်ငံတွင်း သူမလုပ်ကိုင်နေတဲ့ မော်ဒယ်ဘဝမှာလည်း နစ်နာမှုတွေ၊ နာမည်ပျက်မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

Weibo

Zou Ye ဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံတကာအဆင့်မီ မော်ဒယ်လို့ ဆိုနိုင်ပြီး အီတလီ fashion brand တစ်ခုအတွက် မိတ်ဆက်ဗီဒီယိုကို ရိုက်ကူးပေးခဲ့တာပဲဖြစ်ပါတယ်။ Dolce & Gabbana’s ဆိုတဲ့ အီတလီ fashion brand တစ်ခုဟာ luxury fashion house တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံမှာ ဆိုင်ခွဲတစ်ခုဖွင့်ဖို့ စီစဉ်နေတာပဲဖြစ်ပါတယ်။

ပြီးနောက် ရှန်ဟိုင်းမှာပဲ Dolce & Gabbana’s မှ စီစဉ်တဲ့ ဖက်ရှင်ရှိုးတစ်ခုကိုလည်း ပြုလုပ်ဖို့ စီစဉ်နေပြီး ဒီပွဲအတွက် ကြေငြာတဲ့ promo-video ကိုရိုက်ကူးဖို့အတွက် မော်ဒယ် Zou Ye ကို ငှားရမ်းခဲ့တာပဲဖြစ်ပါတယ်။

Instagram

Promo-video ရဲ့ နာမည်ဟာ “Eating with Copsticks” လို့အမည်ရပြီး Dolce & Gabbana’s မှ ပင်တိုင်ဒီဇိုင်နာနှစ်ယောက်ဖြစ်တဲ့ Stefano Gabbana ရဲ့ စိတ်ကူးပဲဖြစ်ပါတယ်။တရုတ်နိုင်ငံကိုကိုယ်စားပြုတဲ့ “တူ” နဲ့ fashion brand ရဲ့ ဇာတိဖြစ်တဲ့ အီတလီမှ အစားအသောက်တွေကို စားပြတဲ့အတွက် ကြော်ငြာဗီဒီယိုရဲ့အဓိက ရည်ရွယ်ချက်ကတော့ သူတို့ brand ဟာ တရုတ်ကို ဘယ်လောက်အလေးထားကြောင်း ပြချင်တာပါ။

READ
Trump ရဲ့လာရောက်မှုအတွက် ထူးခြားပရောဂျက်နဲ့ စောင့်နေကြတဲ့ ယူကေသားများ

သို့မယ့် ထုတ်လွှင့်လိုက်တဲ့ကြော်ငြာထဲမှာ cannoli ကို တူနဲ့ညှပ်စားရာ တူနဲ့ညှပ်လို့မရတဲ့အတွက် မော်ဒယ်မှ စိတ်ညစ်ညူးတဲ့ မျက်နှာဖြစ်သွားတာကြောင့် ပရိတ်သတ်တွေမှ သဘောမတွေ့ခဲ့ကြပါဘူး။ သူတို့ရဲ့စိတ်ထဲ ဒါဟာ လူမျိုးရေးခွဲခြားတာဖြစ်ပြီး တရုတ်နိုင်ငံကို တိုင်းတစ်ပါးသားများနဲ့ တရုတ်မော်ဒယ်တို့ ပူးပေါင်းကာ နှိမ့်ချဆက်ဆံခဲ့ကြတယ်လို့ ထင်မြင်နေခဲ့ကြပါတယ်။

Weibo

ဒီလိုအချက်တွေကြောင့်ပဲ မော်ဒယ် Zou Ye ရဲ့ Instagram account ကို hack ကာ လူများကိုပိုပြီး အထင်လွဲစေမယ့်စာတွေတင်ခဲ့ပါသေးတယ်။

Zou Ye မှ သူမရဲ့ Weibo account မှာ Instagram account ဟာ hack ခံထားရတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒီအပြင် သူမကို ဒီကြော်ငြာ စစရိုက်ကူးဖို့ ခေါ်တုန်းက အီတလီစာတွေကို စားပြရုံပဲလို့သာ ပြောပြီးခေါ်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ အရှေ့မှာ ပီဇာတွေ၊ ပါစတာတွေကို တူနဲ့ညှပ်စားတုန်းက ဘာမှမဖြစ်ပေမယ့် cannoli အကြီးကြီးကို တူနဲ့ညှပ်ဖို့ ဒါရိုက်တာပြောတဲ့အခါ အလေးကြီးကို တူနဲ့ဘယ်လိုမှညှပ်လို့မရတဲ့အတွက် စဉ်းစားရကြပ်သွားတာကြောင့် မျက်နှာမှာ စိတ်ဖိဆီးသွားတဲ့ပုံ ပေါက်သွားတာဖြစ်ကြောင်း ပြန်ဖြေရှင်းပေးခဲ့ပါတယ်။

READ
သူမကို ဂရုမစိုက်လို့ ဆိုပြီး ယောကျာ်းဖြစ်သူရဲ့ လိင်တံကို ဖြတ်ပစ်ခဲ့တဲ့ဇနီးသည်

ကြော်ငြာဟာ မီလန်မှ တရုတ်စားသောက်ဆိုင်တစ်ခုမှာ ရိုက်ထားတာဖြစ်ပါတယ်။ “DG loves China” ဆိုတဲ့ ခေါင်းစဉ်နဲ့ campaign ပြုလုပ်နေတဲ့အတွက် ရိုက်ကူးပေးတဲ့ ဗီဒီယိုပဲဖြစ်ပါတယ်။ သူမဖက်မှ ဒါရိုက်တာကို တူနဲ့ညှပ်ရလောက်တဲ့အတထိ cannoli ရဲ့ အရွယ်အစားဟာ မသေးတဲ့အတွက် နောက်နေတာလားလို့တောင် မေးမိပါသေးတယ်လို့ဆိုပါတယ်။

Zou Ye မှ နောက်တစ်ခါ အခုလိုအဖြစ်အပျက်မျိုးမဖြစ်စေရန် သတိထားပါမယ်ဆိုပြီး ခဏခဏတောင်းပန်တဲ့အပြင် သူမအတွက် တရုတ်မော်ဒယ်လောကမှ ရပ်တည်ဖို့တောင် ယိုင်နဲ့နဲ့ဖြစ်နေရပါတယ်။ သူမရဲ့ ကိုယ်စားလှယ်၊ မိသားစုတွေဆီကိုတောင် ဖုန်းနံပါတ်အစိမ်းတွေ၊ account အတုတွေနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ message တွေ ဆက်တိုက်အပို့ခံနေရကြောင်းလည်း ပြောခဲ့ပါသေးတယ်။

Instagram

Dolce & Gabbana’s ကတော့ ရှန်ဟိုင်းမှာပြုလုပ်မယ့် ရှိုးပွဲကိုလည်း ဖျက်ခဲ့ရပြီး ထုတ်လွှင့်ထားတဲ့ ကြော်ငြာတွေအကုန်လုံးကိုလည်း ပြန်ဖြုတ်ချခဲ့ပါတယ်။ ဒီအပြင် Weibo မှာ ပြန်တောင်းပန်ခဲ့ပြီး သူတို့ရဲ့ page တွေကိုလည်း hack ခံထားခဲ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Source: SCMP, Daily Mail

Penny

SHARE