မိခင်တစ်ဦးဖြစ်ပေမယ့် မိခင်စိတ်မရှိတဲ့ အမျိုးသမီးတစ်ဦးရဲ့ အကျဉ်းတန်လုပ်ရပ်

တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာ  အသက်(၁၂) နှစ်အရွယ် ကလေးတစ်ဦးကို မိခင်ဖြစ်သူက ရိုက်နှက်ပြီး လမ်းပေါ်မှာ စွန့်ပစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ကလေးဟာ စာမေးပွဲမှာ ရမှတ်(၉၅) ရာခိုင်နှုန်း မပြည့်မှီတာကြောင့် မိခင်ဖြစ်သူက စိတ်ဆိုးပြီး အခုလို အပြစ်ဒဏ်ပေးခဲ့တာလို့ သိရပါတယ်။ ၄င်းဖြစ်ရပ်ဟာ ဖေဖော်ဝါရီ(၂၂) ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး လမ်းသွားလမ်းလာတွေဟာ သားအမိနှစ်ယောက်ရဲ့ အကျည်းတန်မြင်ကွင်းကို သတိပြုမိခဲ့တာ ဖြစ်ပါတယ်။

nextshark

မျက်မြင်သက်သေတွေ ပြောပုံအရတော့ ကလေးအမေ အမျိုးသမီးဟာ ကလေးကို ဆူဆဲနေစဉ်မှာပဲ ဒေါသထွက်လာပြီး စတင်ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။ ထို့နောက်မှာတော့ ကလေးကို ဒီအတိုင်း လမ်းပေါ်မှာ ပစ်ထားခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ရဲအရာရှိတွေဟာ ကားလမ်းမပေါ်မှာ တစ်ဦးတည်း လျှောက်သွားနေတဲ့ ကလေးကို တွေ့မြင်ပြီး စခန်းခေါ်ကာ ထိန်းသိမ်းထားခဲ့ပါတယ်။

nextshark

ကလေးကို ရဲက မေးမြန်းတဲ့အခါမှာတော့ သူ့ကို ရိုက်တဲ့သူဟာ သူ့အမေဖြစ်ကြောင်းနဲ့ ဘာကြောင့်အရိုက်ခံရသလဲ မေးတော့ စာမေးပွဲမှာ အမှတ်မကောင်းလို့ လို့ပြန်ဖြေပါတယ်။ ဖြစ်ပုံက အမျိုးသမီးဟာ သားဖြစ်သူကို စာမေးပွဲမှာ အမှတ်(၉၅) မှတ် ရစေချင်ပါတယ်။ ဒါပေမယ့် ကလေးက (၈၁) မှတ်ပဲ ရလာတဲ့အတွက် သူမက အကြီးအကျယ် စိတ်ဆိုးသွားခဲ့တာ ဖြစ်ပါတယ်။ ရဲအရာရှိတွေဟာ ကလေးအမေရဲ့ ကားလိုင်စင်ကို ရှာဖွေစုံစမ်းပြီးနောက်မှာတော့ သူမကို ဆက်သွယ်နိုင်ခဲ့ပါတယ်။

READ
ချစ်သူကောင်မလေးရဲ့သစ္စာရှိမှုကို ယောဂဆရာနဲ့ စမ်းသပ်ခဲ့တဲ့အမျိုးသား
nextshark

ဒါပေမယ့် ထိုအမျိုးသမီးရဲ့ တုံ့ပြန်ပုံက ဆိုးဝါးလွန်းတာကြောင့် ရဲအရာရှိတွေခများ အံ့သြခြင်းမက အံ့သြခဲ့ရပါတယ်။ သူမဖြေပုံက “ကျွန်မ ကလေးကို မလိုချင်တော့ဘူး။ ရဲအရာရှိတွေ သူ့ကို ကြိုက်တာ လုပ်နိုင်ပါတယ်။ ကျွန်မကိုလည်း ဖမ်းနိုင်ပါတယ်…” လို့ ဆိုခဲ့တာပါ။ ရဲအရာရှိကြီးကတော့ “ခင်ဗျားအနေနဲ့ ကလေးလုပ်တာ တစ်ခုခု မှားတယ်ဆိုရင်တောင် စိတ်ရှည်သင့်တယ်လေ။ ကလေးငယ်ငယ်လေးကို လမ်းပေါ်မှာ ဒီတိုင်း စွန့်ထားတာမျိုး မလုပ်သင့်ဘူးလေ…” လို့ ပြန်လည် ပြောပြခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ရဲစခန်းမှာ သောင်နေတဲ့ ကလေးကို ဦးလေးဖြစ်သူက လာရောက်ခေါ်ဆောင်သွားကြောင်း သိရပါတယ်။ ကလေးကို ရက်ရက်စက်စက် စွန့်ပစ်ခဲ့တဲ့ ကလေးအမေကိုတော့ ရဲစခန်းက စွဲချက်တင်ခဲ့ပေမယ့် ဘာအမှုနဲ့ စွဲချက်တင်ခဲ့သလဲဆိုတာ မသိရပါဘူး။

လင်းလင်း (ShweMom)

Ref: nextshark

SHARE