လူသတ်မှုအတွက် နှစ်နဲ့ချီ တိမ်ရှောင်နေသူကို ဦးထုပ်တစ်လုံးကြောင့် အမှတ်မထင် ဖမ်းမိ….

တရုတ်နိုင်ငံအလယ်ပိုင်းမှာ လူသတ်မှုနဲ့ သံသယရှိသူတစ်ယောက်ဟာ စက်ဘီးတစ်စီးနဲ့ ပြည်နယ် ငါးခုကို လှည့်လည်သွားလာရင်း ရဲတွေလက်ကနေ နှစ်ပေါက်အောင် တိမ်းရှောင်နေခဲ့ပါတယ်။

အသက် ၄၉ နှစ်ရွယ် Jia ဆိုတဲ့ အမျိုးဟားဟာ Henan စုရင်စုနယ်က လူသတ်မှုနဲ့ ဆက်နွှယ်နေပြီး ၄င်းကို Hubei စုရင်စုနယ်ထဲက Jingmen မြို့မှာ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(၁၂.၅.၂၀၁၉)မနက် ၂ နာရီမှာ Jia ကို သူ့ရဲ့ စက်ဘီး၊ ခရီးဆောင်အိတ်တို့နဲ့အတူ Jingmen ရဲအရာရှိ Feng Lin ကျန် လုပ်ဖော်ကိုင်ဖက်နှစ်ယောက်တို့က သတိထားမိခဲ့ကြတယ်။ ရဲအရှိတွေရဲ့ အဆိုအရ ၄င်းတို့ဟာ Jia ရဲ့ အနက်ရောင် ဦးထုပ်ကို သတိပြုမိသွားကြတယ်လို့ သိရပါတယ်။

READ
လှေပေါ်က အမူးလွန် ပြုတ်ကျပြီး လူမရှိတဲ့ ကျွန်းပေါ် သောင်တင်ခဲ့တဲ့အမျိုးသားရဲ့ အဖြစ်

နိုင်ငံသား ကတ်ပြဖို့ ပြောတော့လည်း Jia က အေးအေးဆေးဆေးပဲ။ ၄င်းက မိန်းမနဲ့ ကွဲကွာခဲ့ပြီး တကယ်ကို စိတ်ပျက်ဝမ်းနည်းနေရပါတယ်၊ ဒါကြောင့် စက်ဘီးတစ်စီးနဲ့ Henan ကနေ Jingmen ကို စက်ဘီးနဲ့ ခရီးနှင်လာခဲ့တာဖြစ်ပြီး ရှေ့ဆက် Xiangyang ကို သွားမှာ ဖြစ်ကြောင်း ဆိုခဲ့တယ်။

ရဲ အရာရှိ Feng ဟာ သံသယမကင်းတာနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဆက်သွယ်ပြီး Jia ရဲ့ နိုင်ငံသားကတ်ကို စစ်ခိုင်းခဲ့ပါတယ်။ အဲ့ဒီ့လို စောင့်ဆိုင်နေချိန်မှာ Jia က Feng ရဲ့ အလုပ်ပေါ် စူးစိုက်မှုနဲ့ ပတ်သက်လို့ ချီးကျူးစကားတောင်ဆိုလိုက်သေးတယ်လို့ သိရပါတယ်။

Jia ဟာ လူသတ်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူဆိုတာ သေချာသွားတဲ့ အချိန်မှာတောင် အေးဆေးပဲရှိနေခဲ့တယ်လို့ ရဲအရာရှိများ မှတ်ချက်ပေးခဲ့ပါတယ်။ အဲ့ဒီ့နောက် သူ့ကို ရှာဖွေ၊ လက်ထိပ်ခတ်ခဲ့ပြီး မကြာပါဘူး ပြစ်မှုထင်ရှားကြောင်း ၀န်ခံခဲ့တယ်လို့ သိရပါတယ်။

READ
တော်ဝင်အမျိုးသမီးတွေရဲ့ (၄၂) နှစ်ကြာ ရိုးရာအစဉ်အလာကို ချိုးဖောက်ခဲ့ပြန်တဲ့ မီဂန်

ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ် ဖေဖော်ဝါရီလမှာ Jia ဟာ သူ့အိမ်ကို ဖောက်ဝင်ခဲ့တဲ့ အိမ်နီးချင်းကို သတ်ဖြတ်ခဲ့ပါတယ်။ သူ့ကို အလိုရှိသူ စာရင်းထဲမှာ ထည့်ထားပြီး၊ သူ့ကို ဖမ်းမိဖို့အတွက် ဆုငွေ ထုတ်ပြန်ထားတာလည်းရှိပါတယ်။

Jia ဟာ ယွမ်ငွေ ၆၀၀၀ အိတ်ထဲထည့်ပြီး စက်ဘီးတစ်စီနဲ့ အောင်မြင်စွာ လှည့်လည်တိမ်ရှောင်းနေခဲ့ပေမယ့်လည်း မထင်မှတ်ပဲ ဦးထုပ်တစ်လုံးကြောင့် အဖမ်းခံခဲ့ရတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

Ref: The Star

Matthew (ShweMOM)

 

 

SHARE