လင်းနို့စွတ်ပြုတ် စားပြပြီး ပွဲခံခဲ့တဲ့အမျိုးသမီး၊ ဝေဖန်ခံရမှုတွေကြောင့် ပြန်တောင်းပန်

Weibo/Wang Mengyun

တရုတ်နိုင်ငံက ဆယ်လီတစ်ဦးလည်းဖြစ်၊ တီဗွီအစီအစဉ်တင်ဆက်သူလည်းဖြစ်တဲ့ Wang Mengyun အမည်ရ အမျိုးသမီးကတော့ မဆင်မခြင် လင်းနို့စွတ်ပြုတ်ကို စားနေတဲ့ဗွီဒီယိုကို တင်ခဲ့တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ Wang ဟာ ဝူဟန်ဗိုင်းရပ်စ် အရှိန်အဟုန်ကောင်းနေချိန်၊ ဝူဟန်ဗိုင်းရပ်စ်အစ လင်းနို့ကဆိုတဲ့သတင်းတွေ ကျယ်ပြန့်နေချိန်မှာ အဲဒီဗွီဒီယိုဖိုင်ကို တင်ခဲ့တာပါ။

Wang က သူမအနေနဲ့ လင်းနို့ကနေ ဝူဟန်ဗိုင်းရပ်စ် စတင်တယ်ဆိုတာ ဘယ်လိုမှ သတိမထားမိတဲ့အတွက် အခုလို အမှားကျုးလွန်မိတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူမဟာ ကမ္ဘာတစ်ခွင့်ကို လှည့်လည်ပြီး၊ ဗွီဒီယိုမှတ်တမ်းတွေ တင်ဆက်နေသူဖြစ်ပြီး၊ ဒီဗွှီဒီယိုကလည်း (၂၀၁၆)ခုနှစ်က​ ရိုက်ခဲ့တဲ့ဗွီဒီယိုဖြစ်ပြီး (၂၀၁၇)မှာ လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ ဗွီဒီယိုပါတဲ့။

Weibo/Wang Mengyun

သူမက “ ဗွီဒီယိုရိုက်နေချိန်မှာ ကျွန်မအနေနဲ့ ဒီသတ္တဝါမှာ ဗိုင်းရပ်စ်ရှိမယ်လို့ မထင်ခဲ့ပါဘူး … မကြာသေးခင်ကမှ အဲဒီအကြောင်းကို သိတာပါ … လင်းနို့တွေက ဗိုင်းရပ်စကို မူလဘူတ သယ်ဆောင်သူတွေအဖြစ် ကျွန်မ မသိခဲ့ရိုးအမှန်ပါ … သတင်းအချက်အလက်တွေလည်း မစစ်ဆေးမိခဲ့သလို … ဒါဟာ အန္တရာယ်ရှိကြောင်း မဖော်ပြခဲ့တာပါ ”လို့ ပြောခဲ့ပါတယ်။

ဗွီဒီယိုထဲမှာတော့ Wang ဟာ အခြားအမျိုသမီးငယ်တစ်ဦးနဲ့အတူ “ အရမ်း အရသာရှိတယ်နော် … ကြက်သားလိုပဲ … ”လို့ ပြောခဲ့ပါတယ်။ ဝေဖန်သံတွေ ညံလာချိန်မှာ ဗွီဒီယိုကို ဖြုတ်ချခဲ့သော်လည်း၊ တရုတ်လူမှုကွန်ရက်မှာ ဗွီဒီယိုကော်ပီတွေက ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီနောက် သူမအနေနဲ့ မဖြစ်မနေ လူသိရှင်ကြား တောင်းပံဖို့ ဖြစ်လာခဲ့တာပါ။

Weibo/Wang Mengyun

တရုတ်နိုင်ငံ ကျန်းမာရေးကော်မရှင်ရဲ့အဆိုအရ ဗိုင်းရပ်စ်ကူးစက်ခံရသူ (၂၀၀၀)ကျော်အနက်၊ (၃၂၄)ယောက်ကတော့ အရေးပေါ်အခြေအနေ စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဗိုင်းရပ်စ်ရဲ့မူလဘူတကို စတင်ခြေရာခံခဲ့ပါတယ်။ Chinese Academy of Sciences ရဲ့အဆိုအရ ဗိုင်းရပ်စ်ရဲ့ (၉၆)%သော မျိုးဗီဇဟာ လင်းနို့ရဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်တယ်လို့ အတည်ြုပုခဲ့ပါတယ်။

သတင်းမီဒီယာတစ်ခုကတော့ လူပေါင်း(၁)သိန်းကျော် ကူးစက်ခံခဲ့ရပြီးပြီလို့ ဖော်ပြထားပြီး၊ သြစတေးလျ၊ နီပေါလ်၊ မလေးရှား၊ ဗီယက်နမ်၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်း၊ ပြင်သစ်နဲ့ အမေရိကန်တို့ထိတောင် ကူးစက်မှုပျံ့နှံ့နေပြီဖြစ်လို့ တစ်ကမ္ဘာလုံးက အထူးသတိထား စောင့်ကြည့်နေချိန် ဖြစ်ပါတယ်။

လင်းဇော်ကို

SHARE