အဝစား ပရိုမိုးရှင်းပေးပြီး နှစ်ပတ်အကြာမှာ ဆိုင်ပိတ်လိုက်ရတဲ့ တရုတ်စားသောက်ဆိုင်

စားသောက်ဆိုင်လောကမှာ ဘူဖေးဟာ အင်မတန်ကျော်ကြားပါတယ်။ အမယ်စုံစားလို့ရတဲ့အပြင် ကိုယ်ကြိုက်နှစ်သက်ရာကို ကြိုက်သလောက်စားနိုင်တာကြောင့် ဘူဖေးမကြိုက်တဲ့သူဆိုတာ ခပ်ရှားရှားပါပဲ။ အထူးသဖြင့် အစားအသောက်လဲကောင်းတယ်ဆိုရင် တန်းစီပြီးတောင်စောင့်ဆိုင်းရတဲ့ ဘူဖေးဆိုင်တွေရှိပါတယ်။

9gag

စားသုံးသူတွေဘက်ကကြည့်ရင် ဘူဖေးက တန်တယ်ဆိုပေမယ့် စားသောက်ဆိုင်ပိုင်ရှင်ဘက်က ကြည့်ရင်တော့ စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့အခါ အကြွေးတောင်တင်နိုင်ပါတယ်။ အခုတွေ့ရမှာကတော့ တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူမှာရှိတဲ့ ဂျာမန်နာအမည်ရှိစားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ဂျာမန်နာမှာ စားသုံးသူတွေအကြား ဆိုင်နာမည်ထွက်လာဖို့အတွက် ဒစ်စကောင့်အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်လိုက်ပါတယ်။

9gag

စားသုံးသူတွေအနေနဲ့ ဒစ်စကောင့်ပရိုမိုးရှင်းနဲ့စားနိုင်ဖို့ (၁၉)ဒေါ်လာတန် Membership ကတ်ဒ်တစ်ခုကို ၀ယ်ရပါတယ်။ စားသောက်ဆိုင်အနေနဲ့ ယင်းအစီအစဉ်ဟာ ဆိုင်အရှုံးပေါ်မှာသိရက်ရဲ့ ဖောက်သည်လိုချင်တာကြောင့် အခုလိုပြုလုပ်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ပတ်တာအတွင်းမှာပဲ ဂျာမန်နာမှာ တစ်နေ့ကိုစားသုံးသူဦးရေ (၅၀၀)လောက်ရှိခဲ့ပါတယ်။ မနက်အစောပိုင်းဆိုင်မဖွင့်သေးခင်တောင် လူအများကြီးဟာဆိုင်ထဲဝင်ဖို့ တန်းစီစောင့်ဆိုင်းနေခဲ့ကြပါတယ်။ စားသောက်ဆိုင်ရှယ်ယာပိုင်ရှင်တစ်ဦးကတော့ ဆိုင်မှာလူအများကြီး လာစားကြကြောင်းနဲ့ နှစ်ပတ်တာအတွင်းမှာ ဂျာမန်နာဟာ ဖရိုဖရဲဖြစ်ခဲ့ရကြောင်းပြောပြပါတယ်။

READ
သဘာဝတရားရဲ့ ထူးခြားတဲ့ ၀ိသေသတွေကို လက်ဆောင်ရထားတဲ့ အံ့ဖွယ်ကမ်းခြေများ
viral4real

ပိုင်ရှင်တွေအနေနဲ့ တစ်ညကို နှစ်နာရီ၊ သုံးနာရီလောက်သာအိပ်ရပြီး စားသောက်ဆိုင်ဝန်ထမ်းတွေကတော့ တစ်နေ့ကို(၁၀)နာရီကျော်ကြာ အလုပ်လုပ်ခဲ့ရကြောင်းသိရပါတယ်။ ဒီလိုနဲ့ ပရိုမိုးရှင်းအစီအစဉ် နှစ်ပတ်တာပြီးနောက်မှာတော့ မခံနိုင်တော့ဘဲ ဆိုင်ပိတ်သိမ်းခဲ့ရတာဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်တွေ စုံစမ်းသိရှိလာတာက လူတွေဟာ ၀ယ်ထားတဲ့ membership ကဒ်နဲ့တစ်ဦးတည်း စားသုံးတာမဟုတ်ဘဲ မိသားစုတွေနဲ့ သူငယ်ချင်းတွေကိုပါ အချိန်မရွေးအသုံးပြုခွင့်ပေးတယ်ဆိုတာကိုပါ။ ဒီလိုနဲ့ဆိုင်ဟာ ဒေါ်လာ(၇၈,၀၀၀) လောက်အကြွေးတင်ခဲ့ပြီး အရှုံးပေါ်ကာ ဆိုင်ပိတ်သိမ်းခဲ့ရတာဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: Viral4real, 9gag

SHARE