ရိုးသားလွန်းတဲ့ မီနူးမှတ်ချက်တွေကြောင့် နာမည်ကြီးနေတဲ့ တရုတ်စားသောက်ဆိုင်

pexels/SenuScape twitter/Kim Belair

ကနေဒါနိုင်ငံ Montreal မြို့က တရုတ်စားသောက်ဆိုင်တစ်ဆိုင်ဟာ ဆိုင်မီနူးပါအစားအသောက်တွေရဲ့ အရသာကို ရိုးသားစွာဖော်ပြထားတာကြောင့် အွန်လိုင်းပေါ်နာမည်ကြီးနေကြောင်း foxnews အရ သိရပါတယ်။ အခုအပတ်အစောပိုင်းတုန်းက တွစ်တာအသုံးပြုသူတစ်ဦးဖြစ်တဲ့ Belair ဟာ တရုတ်စားသောက်ဆိုင် Aunt Dai မှာ ဆိုင်ပိုင်ရှင်ကိုယ်တိုင်ရေးထားတဲ့ မီနူးပါဖော်ပြချက်တွေကို ပုံတင်ခဲ့တာပါ။

Belair ကတော့ “Aunt Dai က Montreal မှာတော့ ကျွန်မအနှစ်သက်ဆုံးစားသောက်ဆိုင်ပါပဲ။ ဒါပေမဲ့ အစားအသောက်ထက်ပိုကြိုက်တာက သူ့မီနူး။ ဆိုင်ရှင်က ဆိုင်ဟင်းလျာတွေအကြောင်း ရိုးရိုးသားသားရေးပြထားတယ်။” လို့ဆိုကာ ပုံတွေနဲ့တွဲတင်ခဲ့ပါတယ်။

သူမရဲ့တွစ်မှာတော့ Orange Beef ဟင်းလျာဟာ ဆိုင်ရဲ့ General Tao Chicken နဲ့ယှဉ်ရင် သိပ်မကောင်းဘူးဆိုတဲ့ ဆိုင်ရှင်ရဲ့မှတ်ချက်ကို တွေ့ရပါတယ်။ ဒါ့ပြင် Sweet and Spicy pork strips ကိုလည်း ဆိုင်ရှင်က သူသိပ်မကြိုက်တဲ့အကြောင်းနဲ့ တရုတ်မှာသူကျောင်းတက်တုန်းက စားဖူးတဲ့ဝက်ချိုစပ်အရသာနဲ့ကွာတယ်ဆိုပြီး မှတ်ချက်ပေးခဲ့တာပါ။

READ
သင်မသိသေးတဲ့ ပါးချိုင့်လေးတွေရဲ့ အဓိပ္ပါယ်

Satay sauce beef မှာတော့ ဆိုင်ရှင်က အရသာကိုမမြည်းစမ်းရသေးဘူးလို့ ဆိုထားပြီး Cumin Beef မှာတော့ အရမ်းအရသာရှိတယ်ဆိုပြီး ပြောထားပါတယ်။ Belair ရဲ့ပို့စ်ကတော့ အွန်လိုင်းပေါ် အရမ်းပေါ်ပြူလာဖြစ်ခဲ့တာပါ။ ဆိုင်ပိုင်ရှင် Feigang Fei ကတော့ စားသောက်ဆိုင်ကို အခုဆို လူပိုသိသွားတဲ့အတွက် ဆိုင်မှာတဖြည်းဖြည်းလူများလာကြောင်း ပြောပြပါတယ်။

Fei က စားသုံးသူတွေဟာ မီနူးပါ ရိုးရာအစားအသောက်တွေနဲ့မရင်းနှီးတာကြောင့် သူမအနေနဲ့ အခုလိုမှတ်ချက်တွေရေးထားရတာဖြစ်ကြောင်း ပြောပါတယ်။ “စားသုံးသူတွေအနေနဲ့ သူတို့မှာတဲ့အစားအသောက်အကြောင်း သူတို့သိအောင်လို့ပါ။ လူတော်တော်များများက ဒီလိုရေးတာ ရယ်စရာကောင်းတယ်။ အကူအညီလည်းဖြစ်တယ်လို့ဆိုကြတယ်။ ဒါကြောင့်လည်း အခုလိုမှတ်ချက်တွေရေးဖြစ်ခဲ့တာပါ။ စားသောက်ဆိုင်အနေနဲ့ စားသုံးသူတွေအပေါ် စစ်မှန်ရိုးသားချင်ပါတယ်။ ဆိုင်ကို မျှော်လင့်ချက်ကြီးကြီးနဲ့လာပြီးမှာ စားမကောင်းလို့ စိတ်ပျက်သွားတာမျိုးမဖြစ်စေချင်ဘူး။ Aunt Dai က အကောင်းဆုံးစားသောက်ဆိုင်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ နေ့တိုင်းအစွမ်းကုန်ကြိုးစားပြီး စားသုံးသူတွေကျေနပ်အောင် လုပ်ပေးနေပါတယ်။” လို့လည်း Fei က ဆိုခဲ့ပါတယ်။

READ
အချစ်ရေးမှာ လမ်းခွဲချင်လာရင် ယောကျာ်းတွေလုပ်လေ့ရှိတဲ့ အမူအကျင့်များ

ShweMom

SHARE