တရုတ်သူဌေးကြီးရဲ့သား အကြွေး ဒေါ်လာ(၂၁.၅)သန်းရှိနေလို့ အစိုးရက အရှက်ခွဲတာကို ခံခဲ့ရ

Weibo/Wang Sicong

တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးကြီးတွေထဲမှာ ထိပ်သီးအဖြစ် ပါဝင်ခဲ့ဖူးတဲ့ Wanda Group ကို တည်ထောင်ခဲ့တဲ့ သူဌေးကြီး Wang Jianlin ရဲ့ တစ်ဦးတည်းသောသား Wang Sicong ဟာ နိုင်ငံတော်ကို အကြွေးဆပ်ဖို့ ယွမ်သန်း (၁၅၀) အနည်းဆုံး ပေးရန်ရှိနေကြောင်း ဘေးဂျင်းအခြေစိုက် တရားရုံးက ကြေညာခဲ့တယ်လို့ Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒီပမာဏဟာ ဒေါ်လာ (၂၁.၅)သန်းနဲ့ ညီမျှပါတယ်။

Wang ဟာ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီးဖြစ်ခဲ့ဖူးသူရဲ့ သားဖြစ်ပြီး၊ ဒီငွေပမာဏဟာ သူ့အတွက်တော့ ပြောပလောက်တဲ့ ပမာဏ ဟုတ်ဟန်မတူပါဘူး။ ဒါပေမယ့် နိုင်ငံတော်ကို အကြွေးဆပ်ရန် ကျန်ရှိသူများစာရင်းမှာ ထည့်သွင်းခံလိုက်ရတော့ သိက္ခာပိုင်းအရ အတော်လေး ထိခိုက်ခဲ့လိမ့်မယ်လို့ ယူဆရပါတယ်။ မြီရှင်တွေကိုတော့ ကြေညာထားခြင်း မရှိပါဘူး။

Weibo/Wang Sicong

နိုင်ငံတော်ကို အကြွေးဆပ်ရန် ကျန်ရှိသူများစာရင်းကို Chinese Supreme Court ပိုင် တရားဝင် Web မှာ ကြေညာခဲ့တာပါ။ Wang ဟာ အသက်(၃၁)နှစ်ဖြစ်ပြီး၊ ယခင်က သတင်းမီဒီယာတွေထက်မှာ “ China Richest Kid ”ဆိုပြီးတော့ ကျော်ကြားခဲ့သူပါ။ အဲဒီတုန်းကတည်းက ဒိတ်ဒိတ်ကျဲ မော်ဒယ်တွေ ဝန်းရံခြင်း ခံခဲ့ရသူပါ။

(၂၀၁၇)မှာ နည်းပညာသူဌေးကြီး ဂျက်မားက Wang Jianlin ရဲ အချမ်းသာဆုံးသူဌေး ဂုဏ်ပုဒ်ကို လွှဲပြောင်းရယူသွားခဲ့တာပါ။ ဒါပေမယ့် Wang Jianlin အနေနဲ့ တရုတ်အချမ်းသာဆုံး သူဌေးကြီးရာထူးက ဖယ်ပေးလိုက်ရသော်လည်း (၂၀၁၉) Forbes မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ ဒေါ်လာ (၁၂.၅)ဘီလီယံအထိ ရှိတယ်လို့ ဆိုပါတယ်။

Weibo/Wang Sicong

Wang ဟာ ယခင်က ငွေကို တစ်လုံးတည်းတစ်ခဲတည်း ဖြုန်းတီးမှုမှာ နာမည်ကြီးခဲ့ပြီး၊ (၂၁၀၆)ခုနှစ်မှာ ကာရာအိုကေ သီဆိုရင်း တစ်ချိန်တည်း ဒေါ်လာ (၄)သိန်းအထိ ဖြုန်းတီးခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ သူ့ရဲ့ ခွေးလေးကို iPhone (၇)လုံးအထိ ဝယ်ပေးခဲ့ပါတယ်။ (၂၀၁၅)ခုနှစ်မှာတော့ သူ့ခွေးလေးကို Apple နာရီ(၂)လုံး ဝယ်ပေးခဲ့ပါသေးတယ်။

လင်းသုတ

SHARE