ပုဇွန်အကောင်ကြီးဖို့ Gelတွေထိုးထည့်ပြီး စီးပွားရှာနေတဲ့ တရုတ်ဈေးသည်များ

တရုတ်နိုင်ငံက ငါးပုဇွန်ဈေးသည်တွေဟာ ပုဇွန်တုပ်တွေ ရောင်းပန်းလှဖို့အတွက် Gel တွေထိုးထည့်ပြီး ရောင်းပန်းလှဖို့ လောဘဇောတွေတိုက်နေတယ်လို့ သိရပါတယ်။ ဓာတုဓာတ်ပေါင်းတွေနဲ့ ပြုလုပ်ထားတဲ့ Gel တွေဖြစ်တာကြောင့် လူတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။

ဒီအကြောင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မစ္စယန်းက လူမှုကွန်ရက်မှာ ပြန်လည်မျှဝေခဲ့တာပါ။ သူမဟာ ဂွမ်ဇူးမြို့က ရေထွက်ကုန်ရောင်းချရေးဈေးတစ်ခုမှာ အကောင်လှလွန်းတဲ့ ပုဇွန်တွေကို သဘောကျပြီး၊ ချက်ပြုတ်ဖို့အတွက် ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

ပုဇွန်တုပ်အကြီးစားတွေဖြစ်ပြီး၊ အိမ်ရောက်လို့ ချက်ပြုတ်ဖို့ပြင်ဆင်တဲ့အခါမှာ ပုဇွန်ရဲ့ကိုယ်ခန္ဓာထဲကနေ၊ အထူးသဖြင့် ပုဇွန်ဦးခေါင်းထဲကနေ Gel တွေ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ဆိုင်ရှင်တွေဟာ ပုဇွန်တွေ အလေးချိန်ပိုရဖို့ ကြံစည်ထားကြပုံရပါတယ်။

Teh Eng Koon

ဒီလို မတော်လောဘနည်းအားဖြင့် သူတို့တစ်တွေ အပိုဝင်ငွေ ရရှိကောင်း၊ ရရှိမှာဆိုပေမယ့် အများပြည်သူကို စေတနာထားတဲ့ ဈေးသည်မျိုး၊ နာမည်တစ်လုံးနဲ့ ကျင်လည်နေတဲ့ ဈေးသည်မျိုးကတော့ အခုလို ကြံစည်မှာမဟုတ်ပါဘူး။

မစ္စယန်းရဲ့ လူမှုကွန်ရက်ပေါ်တင်ထားတဲ့ ပို့စ်ဟာ စက္ကန့်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားခဲ့ပြီး၊ Shanghai Ocean University မှ ပါမောက္ခ Wu Wenhui ကလည်း ဒီအကြောင်းကို အများပြည်သူသိအောင် များများဖြန့်ဝေ အသိပညာပေးမှုတွေ၊ ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးတာတွေ လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။

အဆိုပါ ပုဇွန်တွေထဲမှာ ထိုးသွင်းတဲ့ Gel ဟာ စက်မှုလုပ်ငန်းသုံး Gel ဖြစ်ပြီး၊ ပရိဘောကပစ္စည်းထုတ်လုပ်ရာမှာ၊ ပုံနှိပ်လုပ်ငန်းတွေမှာအသုံးပြုပြီး၊ သွပ်နဲ့မာကျူရီဓာတ်တွေ ပါဝင်တာကြောင့် အသည်းနဲ့ သွေးကို ဆိုးကျိုးတိုက်ရိုက်ပေးကြောင်း၊ ကင်ဆာဖြစ်စေနိုင်တဲ့ Carcinogenic ကိုပါ ဖြစ်စေနိုင်ကြောင်း အကြံပြုထားပါတယ်။

Promo

READ
Kanye ရဲ့ သမီးလေးကို Valentine's Day မှာ တန်ဖိုးကြီးဆွဲကြိုးပေးခဲ့တဲ့ ချစ်သူကောင်လေး

 

လင်းသူရိန် (Shwemom)

Source : elitereaders.com

SHARE