တစ္ဆေကြီးပွဲတော်နဲ့ ပတ်သက်လို့ တရုတ်လူမျိုးအများစုရဲ့ အယူသီးမှုများ

Shutterstock/aSuruwataRi

တရုတ်လူမျိုးတွေဟာ တစ္ဆေကြီးပွဲတော်ကို တရုတ်ပြက္ခဒိန် (၇)လမြောက်လရဲ့ (၁၅) ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ တရုတ်ရိုးရာယဉ်ကျေးမှုအရ ၄င်းလမှာဆိုရင် ငရဲတံခါးပွင့်ပြီး မကျွတ်မလွတ်သေးတဲ့ ဆာလောင်နေတဲ့ ၀ိညာဉ်တွေဟာ လူ့ဘုံဆီကို အလည်လာကာ ကမ္ဘာမြေပြင်အနှံ့ လှည့်လည်လျှောက်သွားနိုင်တယ်လို့ ဆိုပါတယ်။

ယခု (၂၀၁၉) ခုနှစ်မှာတော့ တစ္ဆေကြီးပွဲတော်ရဲ့ ငရဲတံခါးဖွင့်ရာရက်ဟာ သြဂုတ်လ (၁၅) ရက်နေ့ဖြစ်ပြီး တစ္ဆေကြီးလကတော့ သြဂုတ်လ(၁) ရက်ကနေ (၂၉) ရက်နေ့အထိ ဖြစ်ပါတယ်။ ၄င်းလတစ်လလုံးမှာတော့ တရုတ်လူမျိုးတွေဟာ asiaone မှာ ဖော်ပြထားသလို အောက်ပါအချက်တွေကို အထူး ရှောင်ကြဉ်လေ့ရှိကြပါတယ်။

Shutterstock/Mr.Popz Photo

နေ၀င်ပြီးနောက်မှာ ရေမကူးကြဘူး

နေ၀င်ပြီးချိန်မှာဆိုရင် ရေနစ်သေဆုံးကြသူတွေရဲ့ ၀ိညာဉ်တွေဟာ ရေထဲမှာ ရှိနေနိုင်ပါတယ်။ သူတို့ဟာ လူစားထိုးဖို့ လိုနေတာကြောင့် သင့်ကို ရေထဲဆွဲချပြီး ရေနှစ်သတ်နိုင်မယ်လို့ တရုတ်လူမျိုးတွေက ယူဆပါတယ်။ ဒါကြောင့် ဒီလိုအချိန်မျိုးတွေမှာ ရေကြောင်းခရီးတွေကို ရှောင်ကြပါတယ်။

အိမ်ကို စောစောပြန်လာတယ်

တချို့ အရမ်းအယူသီးလွန်းတဲ့ တရုတ်လူမျိုးတွေကတော့ ဒီအချက်ကို ကောင်းကောင်းလိုက်နာကြပါတယ်။ နေ၀င်မိုးချုပ်ပြီဆိုတာနဲ့ အိမ်ကို စောစောပြန်ကြလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ နေ၀င်ပြီးတဲ့အခါ ၀ိညာဉ်တွေဟာ ပိုအင်အားကြီးလာပြီး လူကို ၀င်နှောင့်ယှက်နိုင်လို့ ဖြစ်ပါတယ်။ အိမ်ကို ရောက်ပြီးတဲ့အခါမှာလည်း ခြေထောက် ချက်ခြင်းဆေးကြပါတယ်။

READ
ခေါင်းဆောင်ကောင်း တစ်ယောက်မှာ ဒါတွေရှိသင့်ပါတယ်။

အိမ်နေရာရွှေ့ပြောင်းတာမျိုး မလုပ်ကြဘူး

ဒီအချိန်တွေမှာဆိုရင် တရုတ်လူမျိုး အများစုဟာ နေရာထိုင်ခင်းရွှေ့ပြောင်းတာ၊ အိမ်ခန်းပြင်ဆင်တာမျိုးတွေ မပြုလုပ်ကြပါဘူး။ အိမ်မှာအခန်းပြင်တာတွေ ဘာတွေလုပ်တဲ့အခါ လက်ရှိအိမ်မှာတည်းခိုနေတဲ့သူတွေနဲ့ ၀ိညာဉ်တွေကိုအနှောင့်အယှက်ပြုမိမှာ စိုးရိမ်လို့ ဖြစ်ပါတယ်။

Shutterstock/Lee Yiu Tung

အသံသာတဲ့ ဆည်းလည်းတွေကို ဖြုတ်ချကြတယ်

ဆည်းလည်းလေးတွေဟာ ကြည့်ရတာ လှပသလို အသံလည်းသာပါတယ်။ ဒါပေမယ့် ဒီလိုအသံမျိုးကို တရုတ်လရဲ့ (၇) လမြောက်လမှာ မကြားစေသင့်ဘူးလို့ ယူဆပါတယ်။ ၀ိညာဉ်တွေကို အိမ်ထဲဝင်ပါလို့ အချက်ပေးသလို ဖြစ်ကြောင်း တရုတ်လူမျိုးတွေက ဆိုပါတယ်။

ညကြီးမိုးချုပ် အပြင်မှာ အင်္ကျီတွေချိတ်နဲ့ထုတ်ပြီး မလှမ်းရဘူး

ညဘက်ရောက်တဲ့အခါ ၀ိညာဉ်တွေဟာ လှည့်လည်သွားလာနိုင်ပြီး အ၀တ်တွေထုတ်လှမ်းထားတာတွေ့ရင် ယူဝတ်နိုင်ပါတယ်။ ဒါကြောင့် သူတို့ဝတ်ပြီးတဲ့အခါ အင်္ကျီမှာ မကောင်းတဲ့ အငွေ့အသက်တွေ ကျန်ခဲ့နိုင်တာကြောင့် ဒီအချိန်မှာ ညဘက်အင်္ကျီထုတ်လှန်းတာမျိုးတွေလည်း မလုပ်ကြပါဘူး။

အင်းဆက်တွေကို မသတ်ဘူး

တစ္ဆေကြီးပွဲတော်ချိန် အိမ်နားမှာတွေ့ရတဲ့ ပိုးဖလံတွေ၊ လိပ်ပြာတွေနဲ့ နှံကောင်စတဲ့ အင်းဆက်တွေကို မသတ်ရပါဘူး။ သူတို့တွေဟာ သေလွန်သွားပြီဖြစ်တဲ့ အဆွေအမျိုးတွေက အသွင်ဖန်တီးပြီး အိမ်နားလာတာလို့ တရုတ်လူမျိုးတွေက ယူဆကြပါတယ်။

READ
21 ရာစုအတွင်း ဖြစ်ပွားခဲ့တဲ့ အံ့သြစရာကောင်းတဲ့ သေဆုံးမှုများ
Shutterstock/Chayatorn Laorattanavech

ထီးကို ဖွင့်မထားရဘူး

အကြောင်းရင်းကတော့ ထီးအောက်မှာ ၀ိညာဉ်တွေ ခိုဝင်နေနိုင်တယ်လို့ ယူဆကြလို့ ဖြစ်ပါတယ်။ ထီးတွေထဲမှာ အနီနဲ့ အနက်ရောင်ထီးတွေကတော့ အဆိုးဆုံးပါလို့ ဆိုပါတယ်။ ထီးတွေကို ခြောက်အောင်သုတ်၊ လေနည်းနည်းသွေ့ပြီဆိုတာနဲ့ ချက်ခြင်းပိတ်သိမ်းဖို့ ကြိုးစားကြပါတယ်။

အိမ်ရှေ့တံခါးကို ဖွင့်မထားရဘူး

အိမ်ရှေ့တံခါးဖွင့်ထားတာဟာ အိမ်ထဲကို တစ္ဆေတွေဝင်လာဖို့ လက်ယပ်ခေါ်သလိုပဲလို့ ယူဆကြပါတယ်။ ဒါကြောင့် မကောင်းတဲ့အငွေ့အသက်တွေ အိမ်ထဲဝင်မလာအောင်လို့ ထိုအချိန်အတွင်းမှာ တရုတ်လူမျိုးတွေဟာ တံခါးတွေကို အစဉ်ပိတ်ထားမိဖို့ပဲ သတိထားကြပါတယ်။

အစားအသောက်ပေါ်မှာ တူစိုက်ပြီး မထားရဘူး

တရုတ်ယဉ်ကျေးမှုအရ ပြောရရင် အစားအသောက်ပေါ်မှာ တူစိုက်ပြီး ထားတာဟာ သေဆုံးသူတွေကို ပူဇော်ပသတာနဲ့ တူနေပါတယ်။ တကယ်လို့ ငရဲတံခါးဖွင့်ထားချိန် တစ္တေကြီးလအတွင်း အစားအသောက်ပေါ်မှာ တူစိုက်ထားခဲ့ရင် ဆာလောင်နေတဲ့ ၀ိညာဉ်တွေဟာ သူတို့ကို ကျွေးထားတယ်မှတ်ပြီး ကိုယ်ကို ၀င်စီးကာ စားပစ်ကြတယ်လို့ ယူဆကြပါတယ်။

လင်းလင်း (ShweMom)

SHARE