မိသားစုကို ဆင်းရဲတွင်းက ဆွဲထုတ်ချင်လို့ အသည်းအသန် စာကြိုးစားနေတဲ့ လူငယ်လေး

တစ်နေ့ကို (၁၇)နာရီ ကြာ စာလေ့လာနေတဲ့ တရုတ်နိုင်ငံ အလယ်ပိုင်းက အထက်တန်းကျောင်းသားလေးတစ်ဦးကတော့ နိုင်ငံ့လူငယ်များကြား စံပြပုဂ္ဂိုလ်လေးတစ်ဦး ဖြစ်လို့နေပါတယ်။ ဆောင်းရာသီကျောင်းပိတ်ရက်အတွင်းမှာ ရွယ်တူတွေလို အချိန်ဖြုန်းမနေဘဲ စာဖတ် စာကျက်နေတဲ့ သူ့ကို ဆိုရှယ်မီဒီယာပေါ်မှာတော့ ချီးမွမ်းလို့ နေကြပါတယ်။

ကျောင်းသားလေးဟာ အသက်(၁၇) ရှိပြီဖြစ်ပြီး ကျူကျန်းလို့ အမည်ရပါတယ်။ ကျူကျန်းဟာ ဟူးပေးပြည်နယ် အမှတ်(၁၁) ၀ူဟန်အလယ်တန်းကျောင်းက ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာမှာတော့ တစ်နိုင်ငံလုံးအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲမှာ ပထမဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ကျူကျန်းဟာ ပေကျင်းမှာရှိတဲ့ နာမည်ကျော် ကျင်းဟွာတက္ကသိုလ်ကနေ ထူးချွန်လေ့ကျင့်ရေးစခန်းမှာ တက်ရောက်ဖို့ ရွေးချယ်ခံခဲ့ရတာပါ။

NetEaseNews

ကျူကျန်းရဲ့ ဆရာတစ်ဦးကတော့ ကျူကျန်းဟာ လေ့ကျင့်ခန်းစခန်းမှာ ထရိန်နင် လာယူတဲ့အခါမှာလည်း အပြင်အင်္ကျီ ဝတ်ခွင့်ရှိပေမယ့် အပြင်အင်္ကျီ မ၀တ်ပဲ ကျောင်းဝတ်စုံကိုပဲ ၀တ်ပြီး လာကြောင်း ဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူ့ကို အ၀တ်အစားသစ်တွေ ၀ယ်ပေးနေရင် မိဘတွေ ပိုက်ဆံကုန်မှာစိုးလို့ ဖြစ်ကြောင်း သိရပါတယ်။ တွေ့ရတဲ့ အချိန်စာရင်းကတော့ ကျူကျန်းရဲ့ ဆောင်းရာသီအားလပ်ရက်မှာ စာတွေကို ဘယ်အချိန်မှာ ဘယ်လိုအရ မှတ်လိုက်မလဲ၊ ဖတ်လိုက်မလဲဆိုတဲ့ အချိန်စာရင်းပဲ ဖြစ်ပါတယ်။ ဒါကိုတော့ ကျူကျန်းရဲ့ ဆရာကနေ WeChat ပေါ်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။

READ
မစ္စတာဘင်းန်ဆီကရတဲ့ ဘ၀သင်ခန်းစာအချို့
NetEaseNews
NetEaseNews

ဒါကြောင့် ဆောင်းရာသီ ကျောင်းပိတ်ရက်တွေဟာ တခြားသူတွေအတွက်တော့ အားလပ်ရက်ဖြစ်ပေမယ့် ကျူကျန်းအတွက်တော့ အားလပ်ရက်ဆိုတာ မရှိပါဘူး။ ကျူကျန်းဟာ မနက် (၆း၄၀) မှာ တစ်နေ့တာကို စတင်လေ့ရှိပြီး ည (၁၁း၅၀)မှာမှ အိပ်ရာဝင်လေ့ရှိပါတယ်။ ကြားထဲမှာတော့ အချိန်ပိုသင်္ချာအတန်းတွေ တက်ပြီး အခြားဘာသာရပ်တွေကို လေ့လာရင်းနဲ့ အချိန်ကုန်လေ့ရှိပါတယ်။

NetEaseNews

ကျူကျန်းဟာ အချိန်ရှိသရွေ့ စာဖတ်နေလေ့ရှိပြီး သူနားတဲ့အချိန်ဆိုလို့ နေ့လည်ခင်း ထမင်းစားသောက်ပြီးရင် နာရီဝက်လောက် အိပ်စက်တာပဲ ရှိပါတယ်။ “ဘ၀မှာ ဆောင်းရာသီ၊ နွေရာသီ အားလပ်ရက်တွေဆိုတာ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုသာ ပြင်းပြင်းထန်ထန် မမောင်းထားဘူးဆိုရင် အောင်မြင်မှုဟာ အရောက်နောက်ကျလိမ့်မယ်…” ဆိုပြီးတော့ ကျူကျန်းက သူ့အချိန်စာရင်းရဲ့ ထိပ်မှာ ရေးသားထားပါတယ်။ ကိုယ့်ဘ၀အခြေအနေမှန်ကို သိမြင်ပြီး မိသားစုကို ဆင်းရဲတွင်းက ဆွဲထုတ်လိုတဲ့ လူတော်လူကောင်းလေး ကျူကျန်းရဲ့ ကြိုးစားအားထုတ်မှုကတော့ ယနေ့ခေတ်လူငယ်လေးတွေအတွက် လေးစားအတုယူဖွယ် ဖြစ်နေပါတော့တယ်။

READ
မွေးကတည်းက ခန္ဓာကိုယ်အောက်ပိုင်း ပါမလာသော်လည်း ဘဝမှာ အောင်မြင်နေသူ
NetEaseNews

လင်းလင်း (ShweMom)

Ref: nextshark

SHARE