တရုတ်နိုင်ငံက Liu Meng လို့ အမြင်ရတဲ့ မိန်းကလေးတစ်ယောက်ကတော့ လက်ရှိမှာတော့ တောင်ကိုရီးယားမှာ သိပ်ကို နာမည်ကြီးနေပါတယ်လို့ kstarlive ကနေ ရေးသားဖော်ပြထားပါတယ်။
Liu Meng လို့ လူသိများတဲ့ သူမရဲ့ အမည်ရင်းကတော့ Liu Mengfei ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီး တရုတ်နိုင်ငံ Hangzhou မြို့က ဖြစ်ပါတယ်။ တီဗီအစီအစဉ် တစ်ခုကို သူမက ပါဝင်ခဲ့ပြီး အဲ့ဒီအစီအစဉ်မှာ မပါဝင်ခင်ကတည်းက သူမက လူသိများပြီးသားသူ တစ်ယောက် ဖြစ်ပါတယ်။
https://www.instagram.com/p/B-3BiU9AUa4/?utm_source=ig_web_copy_link
တရုတ်နိုင်ငံသားတွေသုံးတဲ့ တရုတ်ဗားရှင်း tik tok မှာလည်း သူမက follower သန်းချီပြီး ရထားတဲ့သူတစ်ယောက် ဖြစ်တဲ့အပြင် သူမက လူမှုကွန်ယက်မှာ နာမည်ကြီးတဲ့ မော်ဒယ်လ် တစ်ယောက်လည်း ဖြစ်ပါတယ်။
သူမမှာ အမြွှာညီမ တစ်ယောက်လည်း ရှိထားပါသေးတယ်။ သူတို့ နှစ်ယောက်လုံးက လူမှုကွန်ယက်မှာ အရမ်းကို နာမည်ကြီးကြပါတယ်။ အဓိကကတော့ သူတို့ နှစ်ယောက်လုံးရဲ့ ယောင်္ကျားလေးဆန်တဲ့ ရုပ်ရည်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မကြာခဏ ဆိုသလိုပဲ သူတို့နှစ်ယောက်ကို ယောင်္ကျားလေးအဖြစ်လည်း အထင်မှားခံကြရပါတယ်။
https://www.instagram.com/p/B7sIjRfgCtm/?utm_source=ig_web_copy_link
Liu Meng ရဲ့ ပရိသတ်တွေကတော့ သူမမှာ မိန်းကလေးချစ်သူထားခဲ့တယ်လို့ ဆိုပါတယ်။ ၃ နှစ်လောက်ကြာတဲ့အထိ အချစ်ရေးကို ပိုင်ဆိုင်ခဲ့ပြီး သူမတို့စုံတွဲကလည်း ရုပ်ရည်က ချောမောလွန်းလို့ နာမည်ကျော်ကြတယ်လို့ ဆိုကြပါတယ်။
Kham