ဆိုရှယ်မီဒီယာပေါ်မှာ အလိမ်ပေါ်သွားလို့ ဝေဖန်ခံနေရတဲ့ တရုတ်အွန်လိုင်းဆယ်လီ(၂)ဦး

[email protected] Treme

ဒီဘက်ခေတ်မှာတော့ ဓာတ်ပုံရိုက်ရင် လူတော်တော်များများ Effect တွေ၊ Filter တွေသုံးပြီးမှ ဓာတ်ပုံရိုက်လေ့ ရှိပါတယ်။ ဒီလိုရိုက်ပြီးရင်လည်း နောက်ထပ် Effect ပေါင်းစုံနဲ့ ထပ်ပြီး အဲဒီဓာတ်ပုံကို Edit လုပ်လေ့ရှိကြပြန်ပါတယ်။ ဒီလိုတွေကြောင့်လည်း တရုတ်နိုင်ငံက Influencer မိန်းကလေး (၂)ဦးဟာ ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Treme

ဒီကိစ္စကို စပြောခဲ့တာကတော့ Ex Treme လို့ အမည်ရတဲ့ Facebook Page တစ်ခုကပဲ ဖြစ်ပါတယ်။ မေလ ၂၁ ရက်နေ့က တင်ခဲ့တဲ့ ပို့စ်မှာတော့ မြင်တွေ့ရတဲ့ အတိုင်း အဆိုပါ မိန်းကလေးနှစ်ဦးရဲ့ တကယ့်ပုံအစစ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ တင်တဲ့ဓာတ်ပုံနဲ့ တော်တော်လေးကို ခြားနားနေပါတယ်။

READ
(2)ပတ်အရွယ်သာရှိသေးတဲ့ ကလေးကို စွန့်ပစ်ခဲ့တဲ့ အမေရိကန်လူမျိုး ဖခင် အဖမ်းခံရ
[email protected] Treme

တစ်ယောက်ကတော့ အပြင်ကပုံအစစ်မှာ အသားညိုပြီး ဓာတ်ပုံထဲမှာတော့ တော်တော်ဖြူဖွေးနေတဲ့ မိန်းကလေးတစ်ယောက်အဖြစ် တွေ့မြင်ရမှာပါ။ နောက်တစ်ယောက်ကတော့ အပြင်ကပုံနဲ့ ဆိုရှယ်မီဒီယာကပုံဟာ တော်တော်လေးကို ကွဲပြားခြားနားနေပါတယ်။

[email protected] Treme

ဒီပို့စ်ကို တွေ့တဲ့ လူတော်တော်များများကတော့ သူတို့ရဲ့ ဓာတ်ပုံပြင်နိုင်တဲ့ အရည်အချင်းကိုတော်တော် လေးစားနေပြီး အဆိုပါပို့စ်ကို share တဲ့လူဟာလည်း တော်တော်များခဲ့ပါတယ်။ တော်တော်များများကတော့ “အဲဒါကြောင့်မို့လို့ Online မှာ ဓာတ်ပုံတင်ထားတဲ့သူတွေကို မယုံတာ” “သူတို့ဘာကြောင့် ဒီလိုလုပ်တာလဲ” “လူတွေကို လှည့်စားချင်နေတာလား” အစရှိသဖြင့် မှတ်ချက်တွေ ဝိုင်းပေးခဲ့ကြပါတယ်။

科技…進步

Posted by Ex Treme on Thursday, May 21, 2020

Pyi Hein Kyaw

SHARE