Effect အလုပ်မလုပ်တော့တဲ့ ခဏမှာ မူရင်းမျက်နှာပေါ်သွားခဲ့တဲ့ တရုတ်vloggerမလေး

東森新聞 CH51/YouTube

တရုတ်က ကောင်မလေးချောချောလေးတွေရဲ့ ဗီဒီယိုတွေကို ကြည့်လိုက်တိုင်း ဖြူစွတ်နုဖတ်နေတဲ့ မျက်နှာ၊ မိတ်ကပ်လေးတွေနဲ့ သွယ်သွယ်လျလျ V-shape မျက်နှာစတဲ့ လှပနုပျိုပြီး ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတွေအဖြစ် တွေ့ဖူးကြပါလိမ့်မယ်။ အဲဒီလိုချစ်စဖွယ်နုဖတ်နေတဲ့ မျက်နှာလေးတွေရဲ့ အရှေ့မှာတော့ effect ပေါင်းများစွာနဲ့ပြည့်နှက်နေတဲ့ beauty camera တွေဟာ မူရင်းမျက်နှာမပေါ်အေင် မားမားမတ်မတ်ကာကွယ်တားဆီးပေးနေခဲ့တာပါ။ များသောအားဖြင့်ပေါ့။

ပြီးခဲ့တဲ့လက တရုတ်ပြည်ရဲ့ vlogger တစ်ယောက် live လွှင့်နေတုန်းမှာတင် error တက်ကာ effect က အလုပ်မလုပ်တော့ဘဲ နဂိုမူရင်းမျက်နှာကြီး ပေါ်သွားခဲ့လို့ ဂရက်ရိုက်ခဲ့တယ်ဆိုပြီး ITV မှာ ဖော်ပြထားခဲ့ပါတယ်။ ဒီလိုမျက်နှာလေးကနေပြီး..

東森新聞 CH51/YouTube

..ဒီလိုမျိုး မူရင်းရုပ်ပေါ်သွားခဲ့တာပဲဖြစ်ပါတယ်။ Your Highness Qiao Biluo ဆိုတဲ့ နာမည်ကြီး vlogger ဟာ တကယ်တမ်းတော့ အသက်၅၈နှစ်ရှိနေပြီဖြစ်တဲ့ သာမန်အမျိုးသမီးတစ်ယောက်ပါ။ သူမဟာ effect တွေပါတဲ့ beauty camera နဲ့ Douyu ဆိုတဲ့ streaming platform မှာ live streaming တွေလုပ်ကာ အသံချိုချိုသာသာလေးနဲ့ fan တွေကို ဆွဲဆောင်နေခဲ့သူလေးတစ်ယောက်ပါ။ Streamer တွေရဲ့ ယေဘုံယျထုံးစံအတိုင်းပဲ သူမရဲ့နဂိုမူရင်းမျက်နှာအစစ်ကို မြင်ဖူးချင်တယ်ဆိုရင် မှန်းထားတဲ့ပိုက်ဆံပြည့်အောင် အလှူထည့်ကြပါဆိုပြီး ပိုက်ဆံရှာနေခဲ့တာပါ။

READ
သား အတွက်ဆို ဥပဒေတောင်ချိုးဖောက်မယ့် မိခင်တစ်ယောက်ရဲ့ မေတ္တာ
東森新聞 CH51/YouTube

တစ်ရက်မှာတော့ တခြား vlogger တစ်ယောက်နဲ့ live လွှင့်ပြီး စကားပြောနေတုန်း effect ဖွင့်ထားတာဟာ အလုပ်မလုပ်ဘဲနဲ့ တစ်ခုခုမှားသွားခဲ့ပြီး မူရင်းရုပ်ကြီး ပေါ်လာတဲ့အခါမှာတော့ ကြည့်နေတဲ့လူတွေတော်တော်များများက လန့်သွားခဲ့ကြပါတယ်။ ဒီလိုနဲ့ အဲဒီဗီဒီယိုဟာ တရုတ်ပြည်မှာနာမည်ကြီးလာပါတော့တယ်။

Penny

SHARE