ကားဘောနက်ပေါ် တက်ထိုင်ပြီး ဖောက်ပြန်တဲ့စုံတွဲကို အရှက်ခွဲတိုက်ခိုက်ခဲ့တဲ့ အမျိုးသမီး

အွန်လိုင်းပေါ်က ဗီဒီယိုတစ်ခုမှာ အမျိုးသမီးတစ်ယောက်ဟာ သွားနေတဲ့ အနက်ရောင်အော်ဒီကားရဲ့ ကားဘောနက်ဖုံးပေါ်မှာထိုင်ပြီး လိုက်ပါလာပါတယ်။ သူမဟာ ကားဘောနက်ပေါ် ထိုင်လိုက်လာရင်းနဲ့ မာကျောတဲ့ တုတ်လို့ယူဆရတဲ့ အရာကိုကိုင်ပြီး ကားလေကာမှန်ကို ထပ်တလဲလဲ ရိုက်ခွဲနေခဲ့ပါတယ်။ ယာဉ်ထဲမှာတော့ ၄င်းအမျိုးသမီးရဲ့ လင်ယောက်ျားဖြစ်သူက ကားမောင်းလာပြီး ဘေးဘက်မှာတော့ မယားငယ်အမျိုးသမီးက ထိုင်နေတာဖြစ်ပါတယ်။

ဘောနက်ပေါ်ထိုင်လိုက်လာတဲ့ အမျိုးသမီးဟာ ယာဉ်ထဲမှာရှိနေတဲ့သူတွေ ထွက်ခဲ့ဖို့နဲ့ လမ်းသွားလမ်းလာတွေကိုလည်း မယားငယ်ကို ၀ိုင်းဝန်းဖမ်းဆီးပေးကြဖို့ အော်ပြောနေပါတယ်။ နောက်ဆုံးမှာတော့ ကားက ရပ်သွားပြီး အထဲက ယာဉ်မောင်းဟာ ဦးဆုံးထွက်လာပါတယ်။ ထိုအခါ မယားကြီးကနေ မနေ့ကတောင်မှ သူမနဲ့ အတူ အခန်းတွေသွားကြည့်ကြသေးပြီး အခုတော့ မယားငယ်နဲ့ အပြင်သွားနေပါပေါ့လားလို့ ဆိုရင်း လင်ယောက်ျားဖြစ်သူကို စတင် ထုရိုက်ပါတော့တယ်။

scmp

လင်မယားနှစ်ယောက်ရဲ့ အခြေအနေကြောင့် လမ်းဘေးဖြတ်သွားဖြတ်လာသူတွေဟာ ကားထဲမှာပဲ ရှိနေသေးတဲ့ မယားငယ်အမျိုးသမီးကို ဓာတ်ပုံရိုက်တာတွေ၊ ခဏလောက် ထွက်သွားပေးဖို့ ဖြောင်းဖျတာတွေ လုပ်ကြပါသေးတယ်။ ဒါပေမယ့် မယားငယ်အမျိုးသမီးက သူမကို လာပြောတဲ့သူတွေကို တစ်ကြိမ်မှာတော့ ရန်လိုဟန်နဲ့ မျက်လုံးပြန်လှန်ကြည့်လိုက်တာကိုလည်း ဗီဒီယိုထဲမှာ တွေ့ရပါသေးတယ်။

READ
လေထီးမပွင့်ခဲ့သောကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် Skydiver အမျိုးသမီး
scmp

ဒါ့အပြင် ဖောက်ပြန်တဲ့အမျိုးသားက မယားကြီးဖြစ်သူကို “မင်းက နေ့တိုင်း အလိုမကျ ဒေါသထွက်နေတာ။ ငါက ဘယ်လိုတာဝန်တွေ ယူပေးရမှာလဲ။” လို့ ပြောဆိုနေတာကိုလည်း ကြားရပါသေးတယ်။ မိနစ်အနည်းငယ်အကြာမှာတော့ မယားကြီးအမျိုးသမီးဟာ မယားငယ်ကို ဆံပင်ကိုင်ဆွဲပြီး တိုက်ခိုက်နေတာကို မြင်ရပြီး အမျိုးသားကတော့ မယားနှစ်ယောက်ကြား ဖြန်ဖြေဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ရန်ပွဲဟာ ပြင်းထန်လွန်းတဲ့အတွက် ရဲတွေ ရောက်လာတော့မှ လူစုခွဲနိုင်ခဲ့ကြပါတယ်။ ဗီဒီယိုအဆုံးပိုင်းမှာတော့ မယားကြီးဖြစ်သူဟာ မြေပြင်ပေါ် လဲကျနေပြီး ရဲအဖွဲ့ဝင်တွေက သူမကို နှစ်သိမ့်နေတာကို မြင်တွေ့ရပါတယ်။ ၄င်းဖြစ်ရပ်ဟာ ကျန်းစုပြည်နယ် နန်ကျင်းမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်းဖြစ်ရပ်ထဲ ပါဝင်ပတ်သက်သူ သုံးဦးကိုတော့ စခန်းခေါ်သွားခဲ့ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: scmp

SHARE