ထိုင်ထ အကြိမ် ၁၀၀၀ လုပ်ခဲ့တာကြောင့် အရေးပေါ်ရောက်ခဲ့ရတဲ့တရုတ်အမျိုးသမီးလေး

People photo created by freepic.diller - www.freepik.com

Gym ဆော့တဲ့လူတွေ၊ လေ့ကျင့်ခန်းလုပ်တဲ့လူတွေဆိုရင် squat ထိုင်ရတာ ဘယ်လောက်တောင် ပင်ပမ်းလဲဆိုတာ သိမှာပါနော်။ ၁ ထောင်မပြောနဲ့ ၁၀ ကြိမ်ဆိုရင်တောင် ကိုယ်တွေခင်မျာ ယိုင်နဲ့နဲ့တွေဖြစ်လို့။ တရုတ်နိုင်ငံ၊ Chongqing က ကောင်မလေးကတော့ တစ်ခါတည်းမရပ်မနား အကြိမ်တစ်ထောင်လောက် squat ထိုင်လိုက်ခဲ့ရာမှ အရေးပေါ်ကို ရောက်ခဲ့တဲ့ဖြစ်ရပ် ဇူလိုင်လ ၁၀ ရက်နေ့က ဖြစ်သွားခဲ့တယ်ဆိုပြီး China Press မှာဖော်ပြထားတယ်လို့ သိရပါတယ်။

freepik/Freepik

၁၉ နှစ်အရွယ်သာရှိသေးတဲ့ Tang ဆိုတဲ့ ကောင်မလေးဟာ သူငယ်ချင်းတစ်ယောက်နဲ့ ဗီဒီယိုကောပြောကာ ဘယ်သူက ထိုင်ထပိုလုပ်နိုင်တယ်ဆိုတာကို စိန်ခေါ်ခဲ့ကြပါတယ်တဲ့။ အပျော်သဘောနဲ့လုပ်တာဖြစ်ပေမယ်လို့ Tang ဟာ ထိုင်ထအကြိမ်ပေါင်း တစ်ခါနည်းလုပ်သွားလိုက်တာ ၁၀၀၀ နီးပါးလောက်တောင် ရှိခဲ့မယ်လို့လည်း ဖော်ပြထားပါတယ်။ ရပ်လိုက်တဲ့အချိန်မှာတော့ Tang ဟာ သူမရဲ့ခြေထောက်ကိုကြည့်လိုက်ရာ အနည်းငယ်ယောင်ယမ်းနေတယ်လို့ ထင်မိပေမယ့်လို့ လေ့ကျင့်ခန်းအပြင်းအထန်လုပ်လိုက်တဲ့ သာမန်နောက်ဆက်တွဲဖြစ်ရပ်လို့ပဲထင်ကာ အမှုမဲ့အမှတ်မဲ့ ထားခဲ့ပါတယ်။ နောက်တစ်ရက်မှာလည်း နေ့တိုင်းလုပ်နေကျအတိုင်း အားကစားရုံကိုလာပြီး လေ့ကျင့်ခန်းထပ်လုပ်လိုက်ပါသေးတယ်။

READ
ကျောင်းသားနဲ့ ပျော်ပါးခဲ့တဲ့ ကလေး(၃)ယောက်မိခင် ကျောင်းဆရာမ ထောင်(၇)နှစ်ကျ

တတိယမြောက်ရက်မှာတော့ ခြေထောက်နှစ်ဖက်လုံးရဲ့နာကျင်မှုဒဏ်ရာကြောင့် နိုးလာခဲ့ပြီး ခြေထောက်တွေကိုကြည့်လိုက်ရာမှာ တော်တော်လေးကိုယောင်ယမ်းဖောင်းကားနေခဲ့တာကို တွေ့လိုက်ရတဲ့အခါမှာတော့ Tang တစ်ယောက်တော်တော်လန့်သွားခဲ့တာပါ။ ခြေထောက်ကိုကွေးကြည့်၊ ဆန့်ကြည့်တဲ့အခါမှာလည်း လှုပ်လို့မရတော့ဘဲဖြစ်နေခဲ့ပြီး ဆီးသွားတဲ့အခါမှာလည်း ဆီးအရောင်ဟာ ရေနွေးကြမ်းလိုမျိုး ညိုကျင့်ကျင့်ဖြစ်နေတဲ့အတွက်ကြောင့် ချစ်သူကောင်လေးကိုပြောကာ ဆေးရုံကိုအရေးပေါ်တင်လိုက်ခဲ့ရပါတော့တယ်။

Weibo

Tang ဟာ မိမိခံနိုင်ရည်စွမ်းထက် အဆပေါင်းများစွာပိုပြီး ကြွက်သားတွေကို အလုပ်ပေးလိုက်ုတဲ့အတွက် ကြွက်သားမှာ ဒဏ်ဖြစ်ကာ ကြွက်သားမျှင်တချို့ပြတ်ထွက်ကုန်ခဲ့ရင်း သွေးမလျှောက်တော့တာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ဆိုရင် ဝေဒနာရှင်ဟာ ကျောက်ကပ်ပျက်ဆီးတာကနေ အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်တာကြောင့် အားကစားချစ်သူများအနေနဲ့ တန်ရာတန်ရာပဲလုပ်ကြဖို့ သတိပေးလိုက်ပါရစေနော်။ Tang ကတော့ အသိစောပြီး ဆေးကုသမှုခံယူလိုက်တဲ့အပြင် ငယ်သေးတာကြောင့်လည်း ပြန်ကောင်းနိုင်ချေပိုများနေတယ်လို့ ဖော်ပြထားပါတယ်။

Penny
SHARE