သေကြောင်းကြံမယ့် ကောင်လေးကို အနမ်းပေးပြီး အသက်ကယ်ခဲ့တဲ့ ကောင်မလေး

တရုတ်နိုင်ငံ Shenzen မြို့ရှိ တံတားတစ်စင်းပေါ်မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ဖို့ ကြိုးစားနေခဲ့တဲ့ ကောင်လေးတစ်ယောက်ကို လမ်းသွားလမ်းလာ ကောင်မလေးတစ်ယောက်က ရိုမန်တစ်ဆန်ဆန် ကယ်တင်နိုင်ခဲ့ပါတယ်။ (၁၉)နှစ်အရွယ် ဟိုတယ်စားပွဲထိုးမလေးဖြစ်တဲ့ Liu Wenxiu ဟာ သာမန်လမ်းသွားလမ်းလာ တစ်ဦးပဲဖြစ်ပြီး ဓားကိုင်ထားကာ ခုန်ချဖို့ ကြိုးစားနေခဲ့တဲ့ ကောင်လေးတစ်ယောက်ကို လူရာပေါင်းများစွာက ဝိုင်းအုံကြည့်နေခဲ့ကြတဲ့အဖြစ်ကို တွေ့ခဲ့တာပါ။

စိတ်လှုပ်ရှားနေပြီး အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်တဲ့ကောင်လေးကို လူတွေက ဒီအတိုင်းရပ်ကြည့်နေခဲ့ကြတဲ့အပြင် အချို့က ဖုန်းနဲ့တောင် ဓာတ်ပုံထုတ်ရိုက်နေခဲ့ကြတဲ့အဖြစ်ကို Liu က ကြည့်မနေနိုင်ခဲ့ကြတာကြောင့် ဝင်ကူညီခဲ့ပါတော့တယ်။ အကြိမ်ကြိမ်သေကြောင်းကြံစည်ခဲ့ဖူးတဲ့ Liu ကလည်း ကောင်လေးရဲ့အဖြစ်ကို နားလည်ကြောင်း အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

tv.sohu.com

တံတားလက်ရန်းအပြင်ဘက်မှာ ရပ်နေတဲ့ ပြုတ်ကျခါနီး ကောင်လေးကို ပြန်တက်လာဖို့ ရဲတွေက ဘယ်လိုမှ နားချလို့မရခဲ့ပါဘူး။ ထိုစဉ်မှာ Liu က ကောင်လေးနားကို သွားပြီး နားချလို့ရအောင် သူမက သူ့ချစ်သူဖြစ်ကြောင်းနဲ့ သူသတ်သေဖို့ လုပ်နေတဲ့အကြောင်းအရင်းက သူမကြောင့် ဖြစ်ကြောင်း ရဲတွေကို ညာပြောခဲ့ပါတယ်။

READ
ဒိုင်ယာနာမင်းသမီးမတိုင်ခင် အမျိုးသမီးတစ်ဦးကို (၂) ကြိမ်တိုင်ချစ်ခွင့်ပန်ခဲ့ဖူးတဲ့ ချားလ်စ်

ကောင်လေးအနားသွားပြီး သူပြောတာတွေ နားထောင်ပေးခဲ့ရာ သူဟာ မိခင်ကို ဆုံးရှုံးထားပြီး မိထွေးကလည်း သူ့ကို နှိပ်စက်လေ့ရှိခဲ့ပါတယ်။ ထို့နောက်မိသားစုပိုင်ဆိုင်တဲ့ ငွေကြေးတွေကို မိထွေးက ခိုးယူထွက်ပြေးသွားခဲ့ချိန်မှာတော့ သူနဲ့ သူ့ဖခင်တို့ရဲ့ ဘဝဟာ ခက်ခဲနေပါတယ်။ သူ့ကို အကုန်လုံးကလည်း ပစ်ပယ်ထားကြသလို ဘယ်သူကမှလည်း သူ့ကို မယုံကြည်ကြတော့ဘူးလို့ ဆိုပါတယ်။

tv.sohu.com

Liu က ဘာမှပြန်မပြောခဲ့ဘဲ သူမလက်ပေါ်က သေကြောင်းကြံဖူးတဲ့ ဓားဒဏ်ရာကို ပြလိုက်ချိန်မှာတော့ ကောင်လေးက ပိုငိုလာခဲ့ကာ သူ့ကို ကယ်ဖို့မကြိုးစားသင့်ကြောင်း ပြောခဲ့ပြီး Liu ကလည်း ကယ်ဖို့လုပ်နေတာ မဟုတ်ဘဲ ဘယ်လောက်မိုက်မဲတဲ့လုပ်ရပ်ဖြစ်ကြောင်း ရှင်းပြနေတာဖြစ်ကြောင်း ပြန်ပြောခဲ့ပါတယ်။ ထို့နောက်မှာတော့ Liu က ကောင်လေးကို ဆွဲနမ်းလိုက်ပြီး လူအုပ်တစ်ခုလုံးက ကောင်းချီးသြဘာ ဝိုင်းပေးခဲ့ကြပါတယ်။

tv.sohu.com

လူတွေအားပေးနေကြတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေကလည်း ကောင်လေးလက်ထဲက ဓားကိုယူကာ အပေါ်ကို ဆွဲတင်နိုင်ခဲ့ပါတယ်။ Liu က မနမ်းခင် ဘာကိုမှ မစဉ်းစားခဲ့ဘဲ နှစ်သိမ့်ဖို့ ရည်ရွယ်ချက်သာဖြစ်ခဲ့ပြီး ရဲတွေလည်း ဘေးမှာရှိတဲ့အတွက် ဆွဲချခံရမှာ မကြောက်ခဲ့ကြောင်းဆိုပါတယ်။ ကယ်တင်ပြီးနောက်မှာတော့ Liu က ဖြစ်စဉ်နေရာမှ ထွက်သွားခဲ့ပေမယ့် ကောင်လေးက ရဲဌာနမှ စကားမပြောတာကြောင့် ရဲတွေက Liu ကို ထပ်ဆက်သွယ်ခဲ့ရပါတယ်။

READ
မိကျောင်းတွေထဲမှာတော့ အကြီးဆုံးသတ္တ၀ါကြီးလို့ သတ်မှတ်ခံခဲ့ရတဲ့ မိကျောင်းကြီး
tv.sohu.com

Liu က ကောင်လေးကို သွားမတွေ့ခဲ့ပေမယ့် ဖုန်းနဲ့စကားပြောပြီး ဖုန်းနံပါတ်တော့ လဲခဲ့ကြပါတယ်။ ဖြစ်စဉ်နောက်ပိုင်း Liu ဆီကို အင်တာဗျူးဖို့ ဖုန်းခေါ်ဆိုမှုတွေ များစွာရခဲ့ကြောင်းသိရပါတယ်။ ဒီဖြစ်စဉ်ဟာ သူမရဲ့ ပုံမှန်ဘဝကို သက်ရောက်မှုတစ်စုံတစ်ရာမရှိဖို့ မျှော်လင့်ကြောင်းနဲ့ လူတွေဟာ နေ့ရက်တိုင်းကို ကျေနပ်စွာ ရှင်သန်နေထိုင်ဖို့က အရေးအကြီးဆုံးအရာဖြစ်ကြောင်း Liu က ပြောခဲ့ပါတယ်။

White (Shwemom)

Ref: Viral4Real

SHARE