အကြွေး ယွမ် 25 သန်းကို မပေးချင်လို့၊ မျက်နှာခွဲစိတ်ပြုပြင်ခဲ့တဲ့ တရုတ်အမျိုးသမီး

သန်းထူ မယား၊ ကြွေးထူ မရှက်-ဆိုတဲ့ စကားပုံဟာ အလွန်မှန်ပါတယ်။ ဦးခေါင်းထဲမှာ သန်းတွေ အကောင်ရေ ရာချီရှိနေသူအတွက်တော့ အတွေ့အကြုံရှိနေပြီမို့ မယားတတ်တော့ပါဘူး။ အကြွေးထူတဲ့သူကလည်း ယခင်ကတော့ ငွေလေး အကြွေး တစ်သောင်း တစ်သိန်းလောက်ကို ရှက်စရာလို့ ထင်နေပေမယ့်၊ အကြွေး တစ်သန်း နှစ်သန်း လောက်ဖြစ်သွားတဲ့အခါ ရှက်ရကောင်းမှန်း မသိတော့ပါဘူး။

အခုလည်း တရုတ်နိုင်ငံသူတစ်ယောက်ဖြစ်တဲ့ Zhu Najuan လို့အမည်ရတဲ့ အသက် 59 နှစ်အရွယ် အမျိုးသမီးဟာ အကြွေးပေးရန်ငွေ ပေါင် 2.8 သန်းနဲ့ ညီမျှတဲ့ တရုတ်ယွမ် 25 သန်းတင်ရှိထားသူ ဖြစ်ပါတယ်။ ဒီလောက်များပြားတဲ့ ပိုက်ဆံပမာဏကို မပေးလိုတဲ့ Zhu ဟာ ထွက်ပေါက်အဖြစ် မျက်နှာခွဲစိတ်ပြုပြင်ပြီး ရှောင်လွှဲဖို့ ကြိုးစားခဲ့ကြောင်း Telegraph သတင်းစာက ဖော်ပြခြဲ့ပပါတယ်။

Zhu ဟာ တရုတ်နိုင်ငံ၊ ၀ူဟန်မြို့မှာနေထိုင်သူ ဖြစ်ပါတယ်။ ဒါပေမယ့် ငွေအကြွေးပြန်ရလိုကြောင်း တရားတဘောင်တွေ ရင်ဆိုင်ခဲ့ရပြီး၊ နောက်ဆုံးမှာ ၀ူဟန်တရားရုံးက သူမကို အကြွေးမှန်သမျှကို သက်မှတ်ထားတဲ့ ကာလအတွင်းမှာ ပေးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒီနောက်တော့ Zhu ဟာ ရဲတပ်ဖွဲ့ဝင်တွေ စောင့်ကြည့်နေတဲ့ကြားက တရုတ်နိုင်ငံတောင်ပိုင်း ရှန်ဇန်မြို့ကို တိမ်းရှောင်သွားခဲ့ပါတယ်။

READ
ရေကူးကန်ထဲ ရေစိမ်နေတဲ့စုံတွဲကို အငမ်းမရလိုက်ဆွဲတဲ့အထိ အတင့်ရဲလွန်းတဲ့မိကျောင်း

Zhu ဟာ ခွဲစိတ်မှု အောင်မြင်သွားပြီး၊ အသက် 30 ၀န်းကျင်လောက်သာ ရှိပါတော့တယ်။ သူမဟာ တစ်ခြားသူတစ်ယောက်ရဲ့ စိစစ်ရေးကဒ်နဲ့ ခရီးသွားလာခြင်းတွေကိုတောင် ပေါ်ပေါ်ထင်ထင် ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံး ရဲတပ်ဖွဲ့ဟာ သူမအသုံးပြုတဲ့ ဘဏ်ငွေအ၀င်အထွက်ကို နောက်ယောင်ခံပြီး မီးခိုးကြွက်လျှောက် လိုက်လံစစ်ဆေးရင်း Zhu ကို ဖမ်းမိခဲ့ပါတယ်။

သူမဟာ တကယ့်ကို မင်းသမီးအတိုင်းလို့ ရဲတပ်ဖွဲ့ ဆိုပါတယ်။ ဆင်ဟွာသတင်းမှာ ဖော်ပြထားချက်အရ ” တကယ့်ကို မယုံနိုင်စရာပါဘဲ … အဲဒီအမျိုးသမီးက အသက် 30 လောက်ပဲ ဖြစ်နေတယ် … ကျနော်တို့ဆီမှာ ရှိတဲ့ ဓာတ်ပုံနဲ့ တစ်ခြားဆီပါဘဲ … “လို့ ရဲတပ်ဖွဲ့ပြောစကားကို ဖော်ပြခြဲ့ပပါတယ်။

လက်ရှိအချိန်မှာတော့ Zhu ကို ဖမ်းဆီးထားပြီး၊ သူမကို အယောင်ဆောင်မှု၊ ရှောင်တိမ်းမှု၊ မရိုးသားသည့်သဘောဖြင့် အခြားသူရဲ့ ID ကတ်ကို အသုံးပြုမှု စတာတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ ယခုလို ရုပ်ပိုင်းဆိုင်ရာ ခွဲစိတ်မှုတွေပြုလုပ်ပြီး အကြွေးရှောင်ရှားမှုတွေ ယခင်ကထက် ပိုပြီး မြင့်တက်လာကြောင်း သိရပါတယ်။

READ
ကျား၊ ကျားသစ်၊ မြေခွေး စတဲ့ အန္တရာယ်ရှိသတ္တ၀ါတွေ အိမ်မှာမွေးမြူထားတဲ့အမျိုးသမီးကိုဖမ်းဆီး

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE