ချွတ်ယွင်းမှုတစ်ခုကြောင့် အမျိုးသားများအသံကို မကြားရတော့တဲ့ တရုတ်အမျိုးသမီး

Asia Wire

တရုတ်နိုင်ငံအရှေ့ပိုင်း Xiamen မှာနေထိုင်တဲ့ အမျိုးသမီးတစ်ယောက်ဟာ မိန်းမစကားပြောသံတွေကိုကျကြားရပြီး ယောက်ျားစကားသံတွေကို မကြားရတော့ဘူးဆိုကာ ဆေးရုံသို့လာပြခဲ့ပါတယ်။

Asia Wire

Chen လို့ခေါ်တဲ့ လူနာအမျိုးသမီးဟာ အိပ်ယာမှနိုးလာလာချင်း သူမချစ်သူစကားပြောတဲ့အသံကို လုံးဝမကြားရတော့ပါဘူး။ အကြားအာရုံချို့တဲ့သွားတယ်လို့ ထင်မိခဲ့ပြီး Qianpu နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကိုချက်ချင်းသွားပြခဲပြါတယ်။

သူမဟာ သူမအသံကိုသူမပြန်ကြားရပြီး ဆေးရုံမှာရှိနေတဲ့အခြားအမျိုးသမီးများရဲ့အသံကိုလည်း သာမန်အတိုင်းကောင်းကောင်းကြီးကြားနိုင်နေခဲ့တာပါ။ ဒီလိုမဖြစ်ခင်ညက သူမရဲ့နားထဲ လေထွက်သလို တဝီဝီနဲ့ အသံတွေကြားနေရကြောင်းဆိုပါတယ်။

Asia Wire

ဆရာဝန်တွေဟာ အဖက်ဖက်မှစစ်ဆေးမှုတွေပြုလုပ်သော်လည်း ဘာအကြောင်းမှန်း စစချင်းမှာတော့ ဂဂဏဏမသိခဲ့ကြပါဘူး။ နောက်မှ Chen ရဲ့ ကြားနိုင်စွမ်းရှိတဲ့ အသံလှိုင်းကို စစ်ဆေးခဲ့ကြပါတယ်။ စစ်ဆေးလိုက်တဲ့အခါကျမှ Chen ဟာ အသံလှိုင်းမြင့်တွေကိုသာ ကြားနိုင်တော့ပြီး အသံလှိုင်းအနိမ့်ကိုတော့ ကြားနိုင်စွမ်းမရှိတော့တာပါ။

အမျိုးသမီးတွေရဲ့ အသံလှိုင်းဟာ အမျိုးသားတွေထက် ပိုမြင့်တာကြောင့် Chen ရဲ့နားထဲ အမျိုးသားများရဲ့စကားသံများကို ကြားရတာ အဆင်မပြေတော့တာပါ။ သို့ပေမယ့် Chen ဟာ ယောက်ျားလေး ကလေးလေးများရဲ့အသံကိုတော့ကြားနိုင်နေပါတယ်။

READ
ပျံသန်းနေစဉ် အင်ဂျင်ဆိုးရွားစွာ ပျက်စီးခဲ့လို့ အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ Air France လေယာဉ်ကြီး

Chen ကို တာဝန်ယူကုသပေးနေတဲ့ Dr. Xiaoqing ကတော့ Chen ဟာ စိတ်ဖိဆီးမှု အလွန်များလွန်းတာကြောင့် low-frequency အသံတွေကို မကြားနိုင်ဘဲ ချွတ်ယွင်းသွားခဲ့တာဖြစ်နိုင်တယ်လို့ဆိုပါတာယ်။ တကယ်ပဲ Chen ဟာ ဒီလိုမဖြစ်ခင် ရက်များမှာ လုံလောက်စွာ အိပ်စက်ခြင်းမရှိဘဲ အလုပ်တွေကိုသာ ဖိလုပ်နေခဲ့တယ်လို့သိရပါတယ်။

Dr. Xiaoqing ကတော့ Chen ကို ဒီရောဂါဟာ မြန်မြန်ပျောက်ကင်းဖို့လိုအပ်တာကြောင့် ရက်ရှည်အနေနဲ့ အပြည့်အဝအနားယူဖို့လိုအပ်ကြောင်းဆိုပါတယ်။

Source: Daily Mail

Penny

SHARE