အိမ်ထောင်ရေး ပြိုကွဲမှုစိတ်ဒဏ်ရာကို ထူးဆန်းတဲ့နည်းနဲ့ ကုစားနေသူများ

အိမ်ထောင်ရေးပြိုကွဲမှုဒဏ်၊ကွာရှင်းရတယ်ဆိုတဲ့ ဖြစ်ရပ်ဟာ အမျိုးသမီးတစ်ေ ယာက်အတွက်တော့ တကယ့်ကို နာကျင်ခံစားရတဲ့ ဖြစ်ရပ်ပါ။တရုတ်အမျိုး သမီးတွေအတွက် ဒီလိုဒဏ်ရာကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ ထူးဆန်းတဲ့ နည်း နဲ့ကု စားနေကြပါတယ်။တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Chongqing မြို့ပြင် မှာတော့ မြေအုတ်ဂူထဲမှာ လဲလျောင်းပြီး စိတ်တည်ငြိမ်ဖို့ ကြိုးစားနေတဲ့ အမျိုးသ မီးတွေကို တွေ့ရမှာပါ။

3D7B1E1100000578-0-image-m-31_1487677450778

အမျိုးသမီးတွေဟာမြေကြီးကိုကျင်းတူးပြီး ပလတ်စတစ်ကိုအထဲမှာ ခင်းပြီး ကာ ၀င်အိပ်နေ ကြတာပါ။လက်အုပ်ချီ၊မျက်လုံးမှိတ်ပြီး ဆုတောင်းတဲ့ ပုံစံ မျိုး နဲ့ဝင် အိ ပ်နေကြတာပါ။ဒီလိုပုံနဲ့မြေကျင်းထဲမှာ လှဲနေရတာဟာ အိမ်ထောင်ရေးပြိုကွဲမှု (ကွာရှင်းလိုက်)ရပြီးနောက် ရလာတဲ့ စိတ်ဒဏ်ရာ နာကျင်မှု အပူမီးတွေကို ငြှိမ်း သတ်ရာမှာ ကူညီပေးနိုင်တယ်လို့ အိမ်ထောင်ရေးပြိုကွဲမှုကြောင့် စိတ်ဒဏ်ရ ရနေတဲ့ အမျိုးသမီးတစ်ဦးကဆိုပါတယ်။

READ
အသက်(၇၀)အမျိုးသားနဲ့ လက်ထပ်ခဲ့တဲ့ ထိုင်းအပြာမင်းသမီး၊ ဗုဒ္ဓတရားကို ကျေးဇူးတင်ကြောင်းပြော

3D7B1E2300000578-0-image-m-21_1487676847020

ဒီအပြုအမှုကို သုသာန်တရားထိုင်ခြင်း(graveyard meditation)လို့ခေါ်ပြီး၊ Liu Taijie ဆိုတဲ့အမျိုးသမီးက စခဲ့တာပါ။သူမဟာ ဒီနည်းနဲ့ကွာရှင်းပြီးနောက် စိတ်ဓါတ်ကျ၊စိတ်ဒဏ်ရာရနေတဲ့ တခြားအမျိုးသမီးတွေကို ကူညီပေးနေ တာဖြစ် ပြီး၊သူမကိုယ်တိုင်လည်း ဒီလိုနာကျင်မှုတွေကို ခံစားခဲ့ရသူလို့ သိရပါတ ယ်။”လူ တစ်ယောက်ဟာ မျှော်လင့်ချက်ကင်းမဲ့သွားရင် သေလောက်အောင် နာကျင်ခံ စားရတယ်။ ဒါကြောင့် လည်း ကျွန်မရဲ့ သင်တန်းသူတွေကို သေတဲ့ အတွေ့ အကြုံမျိုးခံစားရအောင် မြေကြီးထဲဝင်ပြီး လှဲနေခိုင်းတာ”လို့ သူမရဲ့အတွေးကို ရှင်းပြခဲ့ပါတယ်။ “ဒီလိုလုပ်ခြင်းအားဖြင့် ဘ၀မှာ ငါမလုပ်ရသေးတဲ့ အရာတွေ အများကြီးကျန်ေ သးတာပဲလို့ သတိရလာမယ်။အတိတ်ကိုမေ့ပြီး ဘ၀သစ်စဖို့ လိုတယ်ဆိုတာကို သတိရ လာလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

3D7B1D2900000578-0-image-m-18_1487676402611

Ms Liu ဟာ (၂၀၁၅)ခုနှစ်က အိမ်ထောင်ရေးကွာရှင်းခဲ့သူဖြစ်ပါတယ်။အသ က်(၁၉)နှစ်အရွယ်မှာ လက်ထပ်ခဲ့ပြီး၊(၂၁)နှစ်မှာတော့ ပထမဆုံးကလေးကို ရခဲ့ပါတယ်။(၂၀၁၄)ခုနှစ်မှာတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုစလုပ် ခဲ့ပေ မယ့် မအောင်မြင်ခဲ့ပါဘူး။အဲ့ဒီကိစ္စကြောင့်ပဲ အိမ်ထောင်ရေးမှာပါ ကွာရှင်းရ တဲ့ အထိ ဖြစ်ခဲ့တာပါ။”စွန့်ပစ်ခံရတဲ့အခါ မိန်းမတစ်ယောက် ဘယ်လောက်နာကျင် ခံစားရလဲဆိုတာကို ကျွန်မသိတယ်။ကွာရှင်းရတုန်းကဆိုရင် ကိုယ့်ကိုကိုယ် သတ်သေဖို့အထိကြိုးစားခဲ့ဖူးတယ်”လို့ သူမရဲ့ ဘ၀အကြောင်းကို ဖွင့်ဟခဲ့ပါ တယ်။

READ
မိန်းမကိုအညိုအမည်းစွဲအောင်ရိုက်နှက်ပြီးသူငယ်ချင်းတွေကိုကြွားခဲ့သူ

Ref;Daily Mail

SHARE