ဦးနှောက်ထဲ ချစ်ပ်ပြားဖောက်ထည့်ပြီး စမတ်ဖုန်းနဲ့ လှမ်းချိတ်ဖို့လုပ်နေတဲ့ သိပ္ပံပညာရှင်

Instagram/elonmusknews

Tesla (TSLA) နဲ့ SpaceX နည်းပညာကုမ္ပဏီတွေကို တည်ထောင်သူ စီအီးအိုဖြစ်တဲ့ အီလွန်မတ်စ်ခ်ဟာ Bluetooth နည်းပညာနဲ့ အသုံးပြုနိုင်တဲ့ ချစ်ပ်ပြားတွေကို လူ့ဦးနှောက်ထဲ ထည့်သွင်းနိုင်ဖို့ ကြိုးပမ်းနေကြောင်း CNN အရ သိရပါတယ်။ ဒီနည်းပညာသာ အောင်မြင်ခဲ့ရင် မနောဖြင့်ဆက်သွယ်မှု တယ်လီပသီပြုလုပ်နိုင်မှာဖြစ်တဲ့အပြင် ဦးနှောက်ဒဏ်ရာကြောင့် ကိုယ်လက်အင်္ဂါ ကောင်းမွန်စွာ အသုံးမပြုနိုင်တဲ့လူတွေအတွက်လည်း အဆင်ပြေစေမှာဖြစ်တယ်လို့ အီလွန်မတ်စ်ခ်က ဆိုပါတယ်။

Instagram/elonmusk

၎င်းချစ်ပ်ပြားတွေဟာ သေးငယ်လွန်းပြီး ၀ါယာကြိုးပေါင်း (၁) ထောင်ကျော်ပါဝင်ပါတယ်။ ၀ါယာကြိုးတွေဟာ လူ့ဆံပင်ချောင်းတစ်ချောင်းရဲ့ ဆယ်ပုံတစ်ပုံသာ အတိုင်းအတာရှိမှာ ဖြစ်ပါတယ်။ ချစ်ပ်မှာတော့ USB-C port ပါဝင်မှာဖြစ်ပြီး ၄င်းဟာ နားရွက်ပေါ်မှာတပ်ဆင်ထားတဲ့ ကွန်ပြူတာအသေးတစ်လုံးနဲ့ စမတ်ဖုန်းကို Bluetooth နဲ့ ချိတ်ဆက်ကာ ဦးနှောက်တွင်းက အချက်အလက်တွေကို ပေးပို့နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီနည်းပညာကိုတော့ အီလွန်မတ်စ်ခ်ပဲ တည်ထောင်ထားတဲ့ Neuralink ဆိုတဲ့ ကုမ္ပဏီကပဲ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာပါ။

READ
သင့်ရဲ့ အိမ်ကို အမိုက်အစား ပြင်ဆင်မွမ်းမံနိုင်ဖို့အတွက် အကောင်းစားအိုင်ဒီယာများ
Instagram/elonmusknews

ဒီချစ်ပ်ပြားတွေဟာ မှတ်ဥာဏ်စွမ်းရည် တိုးတက်ချင်သူတွေနဲ့ လေဖြတ်ခံထားရတဲ့ လူနာတွေ၊ ကင်ဆာဝေဒနာရှင်တွေအပါအ၀င် မျိုးဗီဇပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိနေသူတွေအတွက် အများကြီးအသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း အီလွန်မတ်စ်ခ်က ဆိုပါတယ်။ ၄င်းချစ်ပ်ပြားတွေဟာ အရွယ်အစားသေးလွန်းတာကြောင့် လူတစ်ယောက်ရဲ့ ဦးနှောက်မှာ အနည်းဆုံး ချစ်ပ်(၁၀) ခုလောက် ထည့်သွင်းနိုင်မှာဖြစ်တဲ့အပြင် ဒီချစ်ပ်တွေကို iPhone app နဲ့ ထိန်းချုပ်နိုင်မယ်လို့လည်း သူက ရှင်းပြပါတယ်။

ချစ်ပ်ပြားလေးတွေကိုတော့ စက်ရုပ်ကိုအသုံးပြုကာ ဦးခေါင်းခွံကို (၂) မီလီမီတာခန့် အပေါက်ဖောက်ပြီး လူ့ဦးနှောက်ထဲကို ထည့်သွင်းမှာ ဖြစ်ပါတယ်။ ၄င်းစက်ရုပ်ကိုလည်း ကုမ္ပဏီကပဲ ဖန်တီးမှာ ဖြစ်ပါတယ်။ ချစ်ပ်ပြားရဲ့ interface မှာလည်း ကြိုးမဲ့စနစ်ကို သုံးထားတာကြောင့် ခေါင်းထဲကနေ ၀ါယာကြိုးတွေ တိုးလို့တန်းလန်းနဲ့ ထွက်နေမှာမဟုတ်ဘူးလို့လည်း အီလွန်မတ်စ်ခ်က ဆိုပါသေးတယ်။ ဒီနည်းပညာနဲ့ပတ်သက်ပြီး စမ်းသပ်စစ်ဆေးမှုတွေကိုတော့ (၂၀၂၀) မကုန်ခင်မှာ စတင်မှာ ဖြစ်ပါတယ်။

READ
စူပါဟီိရိုးတွေကို အိမ်အလုပ်တွေခိုင်းနေတုန်း ဓာတ်ပုံမှတ်တမ်း တင်ထားတဲ့အမျိုးသား
Instagram/elonmusknews

ဒါပေမယ့်လည်း အီလွန်မတ်စ်ခ်ရဲ့ AI နည်းပညာရပ်ကို အဆင့်မြှင့်တဲ့ ကြိုးပမ်းမှုအပေါ်မှာ သုတေသနပညာရှင်အများစုက စိတ်မသက်မသာဖြစ်နေကြပါတယ်။ အဆိုပါ နည်းပညာဟာ ဦးနှောက်ဒဏ်ရာရနေသူတွေနဲ့ စိတ်ဒဏ်ရာရနေသူတွေကို ကုစားပေးနိုင်တယ် ထားဦးတော့၊ ဒါကို အသုံးချပြီး မရိုးသားသူတွေဟာ လူ့ဦးနှောက်ထဲကရလာတဲ့ အချက်အလက်တွေနဲ့ မသမာတဲ့နည်းလမ်းတွေ လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း ထောက်ပြခဲ့တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE