ပရိသတ်တွေ မြင်နေကျမဟုတ်တဲ့ သူမရဲ့ ခပ်ဆန်းဆန်းပုံစံလေးကို ချပြလိုက်တဲ့ ချစ်သုဝေ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အဆိုတော်၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေကတော့ သူမရဲ့ ခင်ပွန်း၊ချစ်စရာသမီးလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ချစ်သုဝေကတော့ ပရဟိတတွေကိုလည်း ပြုလုပ်နေတာဖြစ်ပြီး သူမရဲ့ တစ်ကိုယ်တော်အခွေအတွက် ကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။

ချစ်သုဝေကတော့ လတ်တလောမှာလည်း သူမရဲ့ LUSH မဂ္ဂဇင်းနဲ့အတူ အမိုက်စား ဓါတ်ပုံတွေကို ရိုက်ကူးခဲ့ပါသေးတယ်။ ချစ်သုဝေကတော့ ဆံပင်စတိုင်၊မိတ်ကပ်အပြင်အဆင်နဲ့ အင်္ကျီအဝတ်အစားတွေကအစ ပရိသတ်တွေ မြင်ဖူးနေကျမဟုတ်တဲ့ ပုံစံမျိုးနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်တာဖြစ်ပါတယ်။

ချစ်သုဝေကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: lush magazine

SHARE