မွေးနေ့ ဆုတောင်းပေးသူတွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ချစ်သုဝေ

သြဂုတ်လ(၁၀)ရက်နေ့ဟာ ချစ်သုဝေရဲ့ မွေးနေ့ပါ။မွေးနေ့လေးမှာတော့ ညပိုင်းမှာ ချစ်သုဝေ အတွက် သူမချစ်တဲ့ သူမကို ချစ်တဲ့ မိသားစုလေးတွေကို Surprise မွေးနေ့ပွဲ လေး ကျင်းပေ ပးခဲ့ပါတယ်။အဲ့ဒီနောက်မှာ ခင်ပွန်းဖြစ်သူ လင်းလင်းနဲ့ အတူ ဘုရားကျောင်းကို သွားခဲ့ပါတယ်။

ဒီနှစ်မွေးနေ့လေးဟာ (၃၃)နှစ်ပြည့် မွေးနေ့လေးပါ။ခင်ပွန်းဖြစ်သူ လင်းလင်း ကလည်း နောက်ထပ် Surprise မွေးနေ့ပွဲ လေးတစ်ခုကို မကြာခင်မှာ ဖွင့်တော့မယ် “Soccer House CAFE’ ” မှာ ကျင်းပပေးခဲ့တာပါ။

သူမအတွက် မွေးနေ့ဆုတောင်းပေးသူတွေကို ကျေးဇူးတင်ကြောင်း ချစ်သုဝေက သူမရဲ့ fb ပေါ်မှာ တင်ခဲ့ပါတယ်။”မေမေ့ကို အပြင်မှာရော phoneနဲ့ရော facebookကရော messengerကရော မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြတဲ့ အားလုံးကို ကျေးဂျူးတင်ပါတယ်..

READ
‘America’s most loved songs’ စာရင်းမှာ Lady Gaga ကို ကျော်တက်ခဲ့တဲ့ BTS

မေမေက မီးမီးတို့၂ယောက်နဲ့ရှုပ်နေတော့ အားလုံးကို replyဖြည်းဖြည်းစီလုပ်သွားမယ်နော်..
မီးမီးတို့မေမေကို ချစ်ပေးလို့ ကျေးဂျူးများကြီးတင်ပါတယ်ရှင့်..
မေမေ့မွေးနေ့လက်ချောင်ချိုပြီး မီးမီးတို့တွက် အင်္ကျီတွေ ကဂျားဂျရာတွေပေးတဲ့ ဦးဦးတို့တီတီတို့ကို လည်းရမ်းချစ်ပါတယ်ခုတော့မေမေဖျားတွားပြီ..မီးမီးတို့နဲ့ခွဲမယ့် ကိတ်တောင်ဒီတိုင်းပဲ..
ညနေခွဲဖြစ်ရင် liveမှာ မီးမီးတို့နဲ့တွေ့မယ်နော်” ဆိုပြီး တင်ထားပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

from chit thu wai’s fb

SHARE