ကိုဗစ်ရဲ့ ရိုက်ချက်ကတော့ တော်တော်လေးကို ပြင်းလှနေပါတယ်။ ကိုယ်သိတဲ့ လူတွေထဲမှာလည်း တစ်ယောက်ပြီးတစ်ယောက် ဖြစ်လိုက်ကြတာ၊ နာမည်ကြီးတွေထဲမှာဆိုလည်း ဘယ်သူကတော့ ဖြစ်ပြန်ပြီ ဘယ်ဝှာကတော့ ဖြစ်ပြန်ပြီနဲ့ တစ်နေ့တစ်နေ့ သတင်းတွေ တက်တက်လာတာလည်း မြင်မကောင်းပါဘူး။
အခုလဘည်း Asia One ရဲ့ ဖော်ပြချက်အရ တရုတ်-အမေရိကန်ကပြား မင်းသမီးတစ်လက်ဖြစ်တဲ့ Chloe Bennet တစ်ယောက်လည်း ကိုဗစ်ဖြစ်သွားခဲ့ပါပြီတဲ့။
View this post on Instagram
Chloe Bennet ကိုတော့ Marvel ရဲ့ စီးရီးတစ်ခုဖြစ်တဲ့ S.H.I.E.L.D ထဲ Daisy Johnson သို့မဟုတ် Quake အဖြစ် လူတွေ သိထားကြမှာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကနေ စတင်ပြသခဲ့ပြီး ၂၀၂၀ မှ ပြီးသွားခဲ့တဲ့ စီးရီးလေးပေါ့။ နောက် ၂၀၁၉ ခုနှစ်တုန်းကလည်း DreamWorks ရဲ့ Abominable ဆိုတဲ့ animation ရုပ်ရှင်လေးမှာ Yi ဆိုတဲ့ ဇာတ်ကောင်နေရာမှာ အသံသရုပ်ဆောင်အဖြစ် ပါဝင်လို့နေပါတယ်။
View this post on Instagram
View this post on Instagram
Chloe Bennet ဟာ ပြီးခဲ့တဲ့နှစ်သစ်ကူးညမှာတော့ သူမရဲ့ ပရိသတ်တွေအတွက် စိုးရိမ်ဖွယ်သတင်းတစ်ခုကို Instagram မှ တစ်ဆင့် ကြေငြာခဲ့ပါတယ်။ အဲဒါကတော့ သူမ ကိုဗစ် positive ဖြစ်သွားခဲ့ပြိဆိုတဲ့အကြောင်းလေးပါ။ Instagram story အရ သူမဟာ အမြဲတမ်း mask တပ်ပြီး အပြင်လည်း သိပ်မထွက်၊ အပြင်ထွက်ဖြစ်ရင်လည်း လက်ဆေးတာတွေ၊ ပိုးသတ်တာတွေအထိ စနစ်တကျလုပ်နေတာတောင်မှပဲ ပိုးကူးသွားခဲ့ပါတယ်တဲ့လေ။
ဖြစ်ပုံကတော့ ဒီလိုပါ။ Chloe Bennet ဟာ ခရစ်စမတ်နေ့ကြီးမှာ မနက်ဝေလီဝေလင်းကြီး ရုတ်တရက်နိုးလာခဲ့ပါတယ်တဲ့။ အရင်ဆုံး ခံစားရတာက ရင်ဘတ်ပေါ် တစ်ခုခုပိနေတဲ့ ခံစားချက်ကြီးဖြစ်ပြီးတော့ တစ်ကိုယ်လုံးလည်း နုန်းချိလို့ လည်ချောင်းတွေလည်း ခြောက်ကပ်နေခဲ့တာပါတဲ့။ အသက်ရှူရတာလည်း တော်တော်လေးကို ခက်ခဲနေတဲ့အတွက် ဘာဖြစ်မှန်း ရိပ်မိသွားခဲ့ပါတယ်။ နောက် စစ်ဆေးလိုက်ကြည့်တဲ့အခါ သူမထင်သလို positive ဖြစ်နေခဲ့တာပါ။ အခုတော့ သက်သာလာပြီဆိုပေမယ့် ပျောက်တော့ မပျောက်သေးပါဘူးတဲ့။ ဒါပေမဲ့ စိတ်မပူကြပါနဲ့ အေးဆေးဖြစ်နေပြီလို့ ပရိတ်သတ်တွေကို ပြောလာခဲ့ပါတယ်။ နောက် ကိုဗစ်နဲ့ပတ်သက်ပြီး အရေးတယူသဘောထားဖို့ပါ Instagram မှာ ခဏခဏကို သတိပေးနေခဲ့တာပါ။
View this post on Instagram
penny