ချောကလက်ထုတ်လုပ်မှုရဲ့နောက်ကွယ်က လူတွေမသိသေးတဲ့အချက်များ

Thomas Andreas / Shutterstock

ချောကလက်ဟာ ကမ္ဘာပေါ်မှာလူကြိုက်အများဆုံးအစားအစာတစ်ခုဖြစ်ပါတယ်။နိုဝင်ဘာလ(၂၉)ရက်နေ့ဟာ ကမ္ဘာကသတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာချောကလက်နေ့ပဲဖြစ်ပါတယ်။

ဒီလိုလူကြိုက်များတဲ့ချောကလက်တွေရဲ့နောက်ကွယ်မှာ အရမ်းကိုကြီးမားတဲ့ ချောကလက်ထုတ်တဲ့ စက်ရုံကြီး အကြောင်းကို လူတော်တော်များများမသိကြပါဘူး။ ဒါ့ကြောင့် ချောကလက်စက်ရုံကြီးနဲ့ပတ်သက်တဲ့ မယုံနိုင်စရာကောင်းလောက်တဲ့ အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

Cocoa စေ့ အလုံး(၄၀၀)ကိုမှ ချောကလက်တစ်ပေါင်သာပြုလုပ်နိုင်။

National Confectioners Association အဆိုအရ ချောက်ကလက်တစ်ပေါင်ပြုလုပ်ဖို့ cocoa စေ့ အလုံး(၄၀၀) လိုအပ်ပါတယ်။ Hershey ချောကလက်ကုမ္ပဏီရဲ့ နို့ချော်ကလက်တစ်တောင့်မှာ အလေးချိန်(၁.၅၅) အောင်စရှိပါ တယ်။တစ်ပေါင်မှာ (၁၆)အောင်စရှိတာကြောင့် Hershey ကုမ္ပဏီရဲ့ချောကလက်(၁၀)တောင့်ဟာ ချောကလက် တစ်ပေါင်နဲ့ညီမျှပါတယ်။

 

Cacao ပင်က နှစ်စဉ် ချောကလက် (၁)ပေါင်ကနေ (၃)ပေါင်အထိပြုလုပ်နိုင်

တစ်နှစ်ကို Cacao ပင်တွေဆီကနေ Cacao သီးအလုံး(၂၀)ကနေ(၃၀)အထိထုတ်လုပ်နိုင်ပါတယ်။ Cacao သီးတစ်လုံးမှာ Cacao စေ့ အလုံး(၂၀)ကနေ(၄၀)အထိပါပါတယ်။ဒါ့ကြောင့် နှစ်စဉ် Cacao ပင်တွေဆီကနေ Cacao စေ့(၄၀၀)ကနေ(၁၂၀၀)အတွင်းထုတ်လုပ်ရရှိပါတယ်။ Cacao စေ့(၄၀၀)ဆိုရင် ချောကလက်တစ်ပေါင်ပြုလုပ်နိုင်မှာ ဖြစ်တာကြောင့် ပျှမ်းမျှတွက်ကြည့်မယ်ဆိုရင် Cacao ပင်တွေဆီကနေ တစ်နှစ်ကို ချောကလက်(၃)ပေါင်ပြုလုပ်နိုင် ပါတယ်။

ဆွစ်ဇာလန်နိုင်ငံဟာ ကမ္ဘာ့ချောကလက်အများဆုံးစားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်

READ
အသက်ရှူလမ်းကြောင်းကို တိတ်တဆိတ် အနှောင့်အယှက်ပေးနေတဲ့ အိမ်တွင်းသုံးပစ္စည်းများ

အမေရိကန်လူမျိုးတွေဟာ အမြဲတမ်းလို ချောကလက်ကိုလက်ကမချစားကြတဲ့သူတွေပါ။အထူးသဖြင့် Halloween လိုနေ့မျိုး၊ Easter နဲ့ Valentine’s Day တွေလို နေ့ထူးနေမြတ်တွေမှာ ပိုစားကြပါတယ်။ဥရောပနိုင်ငံဟာ ကမ္ဘာပေါ်မှာ ချောကလက်အစားဆုံးနိုင်ငံဖြစ်ပါတယ်။

 

cocoa ထုတ်လုပ်မှုစံချိန်တင်ခဲ့တဲ့နှစ်

(၂၀၁၉)ခုနှစ်ဟာ ရာသီဥတုအရမ်းကောင်းမွန်တဲ့နှစ်ဖြစ်တာကြောင့် cocoa ထုတ်လုပ်နိုင်မှုဟာ စံချိန်တင်မြင့်တက် သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီအခြေအနေဟာသတင်းကောင်းတစ်ခုတော့မဟုတ်ပါဘူး။ ဘာလို့ဆို cocoa ပိုမို ထုတ်လုပ်နိုင်ရင် ချောကလက်အရေအတွက်တိုးထုတ်လုပ်နိုင်မှာဖြစ်ပေမယ့် စားသုံးသူတွေဟာ ပုံမှန်ထက်ပိုမစားကြ တာကြောင့် ချောကလက်ဈေးဟာ အခုချိန်ထိကျဆင်းလျက်ရှိတာကိုတွေ့ရပါတယ်။

အကောင်းစားချောကလက်တွေဟာ ဈေးကွက်ကိုလွှမ်းမိုးထား။

(၂၀၁၆)ခုနှစ်ဖော်ပြချက်တွေအရ အမေရိကန်ချောကလက်ဈေးကွက်မှာ အကောင်းစားချောကလက်ရဲ့ ရောင်းအားဟာ တစ်အောင်စကို အမေရိကန်ဒေါ်လာ(၁.၅၀)ကျော်ရရှိတဲ့အတွက် ယခင်နှစ်တွေကထက် အမေရိကန်ဒေါ်လာ(၅၅)သန်းကျော်ရောင်းရတယ်လို့သိရပါတယ်။

ချောကလက်ဈေးကွက်ဟာ တစ်နှစ်ထက်တစ်နှစ်ကြီးထွားလာပေမယ့် cacao လယ်သမားတွေကတော့ တစ်ရက်ကို အမေရိကန်ဒေါ်လာ(၁)ဒေါ်လာအောက်သာရရှိ။

READ
ပန်းချီပညာရှင်ကြီးပီကာဆိုရဲ့ ကိုယ်တိုင်ရေးပုံတူများမှတစ်ဆင့် မြင်နိုင်မယ့် သူ့ဘဝအကြောင်း

ချောကလက်စက်ရုံတွေ ဒေါ်လာ(၁၀၀)ဘီလီယံလောက်ရနေချိန်မှာ cacao စိုက်တဲ့လယ်သမားတွေကတော့ တစ်ရက်ကို (၁)ဒေါ်လာအောက်သာရရှိခဲ့ပါတယ်။ဒီလို ချောကလက်ဖြစ်လာဖို့ နေပူထဲ၊ အမိုးအကာမပါပဲစိုက်ရတဲ့ လယ်သမားတွေရဲ့ဝင်ငွေက ပိုနည်းနေတာကိုတွေ့ရပါတယ်။ချောကလက်ကုမ္ပဏီကရောင်းရငွေ (၈၀)ရာခိုင်နှုန်းရရှိချိန်မှာ လယ်သမားတွေကတော့ (၆)ရာခိုင်နှုန်းသာရရှိပါတယ်။

Cocoa စိုက်ပျိုးမှုကြောင့် နှစ်(၅၀)အတွင်း သစ်တောပြုန်းတီးမှုဖြစ်ပွား။

အနောက်အာဖရိကမှာ cocoa စိုက်ပျိုးမှု(၃)ပုံ(၂)ပုံကြောင့် ဆယ်စုနှစ်အတွင်း အပူပိုင်းမိုးသစ်တောပြုန်းတီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ပေါင်း(၅၀)အတွင်း Ivory ကမ်းရိုးတန်းမှာရှိတဲ့သစ်တောရဲ့(၈၀)ရာခိုင်နှုန်းဟာပြုန်းတီးမှု တွေဖြစ်ပွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ cocoa စိုက်ပျိုးတဲ့လယ်သမားတွေ သူတို့ရဲ့လယ်တွေကို တိုးချဲ့စိုက်ပျိုးချင်တဲ့အတွက်ကြောင့် သစ်ပင်တွေကိုခုတ်ရင်း အခုလိုတွေဖြစ်လာရတာဖြစ်ပါတယ်။

 

Cocoa စိုက်ပျိုးတဲ့ခြံမှာ ကလေးလုပ်သား(၂)သန်းကျော်တွေ့ရှိ။

ဒီနှစ်အစောပိုင်းတုန်းက ကမ္ဘာ့အကြီးဆုံးချောကလက်ကုမ္ပဏီတွေမှာရှိတဲ့ ကလေးလုပ်သားတွေကိုဖယ်ရှားဖို့ လုပ်ဆောင်ခဲ့ပေမယ့် လွဲချော်မှုတွေဖြစ်ပွားခဲ့တယ်လို့ ၀ါရှင်တန်သတင်းစာမှာဖော်ပြထားခဲ့ပါတယ်။

Thae

SHARE