လူအများ ကြိုက်လွန်းတဲ့ ချောကလက်ဆိုတာ ဘယ်ကနေ ဘယ်လိုဖြစ်လာတာလဲ

ဒွန်းမ်အမည်ရအမျိုးသားတစ်ဦးဟာ လန်ဒန်က ချောကလက်ထုတ်လုပ်ရောင်းချသူတစ်ဦးဖြစ်ပါတယ်။ ဒွန်းမ်ဟာ ကိုကိုးပင်ကနေ ချောကလက်တောင့်လေးတွေအဖြစ် အဆင့်ဆင့်ပြောင်းလဲလာပုံကို အခုလိုတင်ပြခဲ့ပါတယ်။ ချောကလက်ထုတ်လုပ်ပုံကို အသေးစိတ်သိလိုကြတဲ့ ချောကလက်ချစ်သူတွေကတော့ အောက်မှာ ဖော်ပြထားတဲ့ဓာတ်ပုံလေးတွေကိုကြည့်ရင်း ကျေနပ်နိုင်ကြမှာပါ။

ချောကလက်တွေအားလုံးရဲ့အစက အခုလိုနူးညံ့ပန်းလေးတစ်ပွင့်ကပါ

Boredpanda

သစ်ကိုင်းတွေမှာတွဲလောင်းခိုနေတဲ့ကိုကိုးသီးလေးတွေပါ

Boredpanda

ကိုကိုးသီးရောင်စုံလေးတွေ..

Boredpanda

အသီးတစ်လုံးစီမှာ အဖြူရောင်ပျော့ဖတ်လေးတွေနဲ့ ကိုကိုးစေ့(၂၅)စေ့ကနေ အစေ့ (၄၀)ထိပါဝင်ပါတယ်.

Boredpanda

ကိုကိုးစေ့လေးထဲမှာ…

Boredpanda

ပျော့ဖတ်လေးတွေ ဖယ်ထားတဲ့ ကိုကိုးစေ့လေးတွေ..

Boredpanda

ပိုးသတ်ပြီးတဲ့နောက် နေရောင်အောက်မှာ (၇)ရက်ကနေ (၁၀)ရက်ကြားအခြောက်ခံရပါတယ်

Boredpanda

ကိုကိုးစေ့လေးတွေ အကုန်ခြောက်အောင် ဟိုဘက်သည်ဘက်လှန်ပေးရပါတယ်

Boredpanda

အခြောက်ခံပြီးတဲ့အခါ ဂုန်နီအိတ်တွေနဲ့ ချောကလက်စက်ရုံတွေဆီပို့ပါတယ်

Boredpanda

ကိုကိုးစေ့တွေကို သေချာရွေးချယ်တယ်

Boredpanda

အပူပေးပြီး မီးနဲ့လှော်တယ်

Boredpanda

လှော်ပြီးတဲ့အခါ ကိုကိုးစေ့ခွဲစက်ထဲထည့်ပါတယ်

Boredpanda

ကြိတ်ဖို့အသင့်ဖြစ်နေတဲ့ ကိုကိုးစေ့အစအနလေးတွေပါ

Boredpanda

ကြိတ်စက်ထဲထည့်ကြိတ်လိုက်တဲ့အခါ…

Boredpanda

(၃)ရက်အကြာမှာတော့ ချောကလက်ရည်တွေအဖြစ်တွေ့ရပါပြီ

Boredpanda

ချောကလက်တောင့်လေးတွေအသင့်ရပါပြီ

Boredpanda

သေချာထုတ်ပိုးထားတဲ့ချောကလက်တောင့်လေးပါ

Boredpanda

လင်းလင်း (ShweMom)

READ
ကော်ဖီအစား ပြောင်းလဲသောက်သုံးသင့်သော အရာများ

Ref: Boredpanda

SHARE