ဒီအကြောင်းအရာကတော့ မိတ်ကပ်လိမ်းသူတိုင်း သိထားသင့်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။ မိတ်ကပ်ပါးပါး လိမ်းသည့်ဖြစ်စေ ၊ ထူထူလိမ်းသည့်ဖြစ်စေ မိတ်ကပ်ဖျက်ပေးပါ။ မိတ်ကပ်ဖျက်တဲ့အခါမှာလည်း ကိုယ့်အသားအရေအမျိုးအစားနဲ့လိုက်မယ့် Makeup Remover မျိုးကိုပဲ သုံးပေးဖို့ အကြံပြုချင်ပါတယ်။
(၁) အသားအရေအမျိုးအစား – အဆီပြန် (Oily Skin)

အသားအရေက အဆီပြန်တတ်တယ်ဆိုရင် အဆီမပါတဲ့ မိတ်ကပ်ပစ္စည်းတွေကို သုံးပေးသင့်ပါတယ်။ တကယ်လို့ အဆီပါတဲ့ ပစ္စည်းမျိုးကို သုံးမိမယ်ဆိုရင် ရလာမှာက အသားအရေ breakout ဖြစ်ပြီး အဆီအရမ်းပြန်လာမှာပါ။ အဆီပြန်တဲ့အသားအရေမျိုးအတွက် နောက်ထပ်အဆီပိုတွေမလိုပါဘူး။ ဒါကြောင့် သင့်က အဆီပြန်တဲ့ အသားအရေမျိုးဆိုရင် ရေကိုအခြေခံပြီး ထုတ်ထားတဲ့ ပစ္စည်းမျိုးကို သုံးပေးရပါမယ်။
သုံးရမယ့် Makeup Remover – Cleansing Water
တကယ်လို့ သင့်အသားအရေက အဆီပြန်တယ်ဆိုရင်တော့ Makeup Remover ကို Water Based ပစ္စည်းပဲသုံးပေးရပါမယ်။ Cleansing Water က အညစ်အကြေးတွေကို ဖယ်ရှားပစ်နိုင်ပြီး အသားအရေကို နူးညံ့တဲ့ခံစားမှုမျိုး ပေးနိုင်ပါတယ်။ Cleansing Oil က အဆီပြန်သူတွေအတွက် မဟုတ်ပါ။
(၂) အသားအရေအမျိုးအစား – အသားခြောက် (Dry Skin)

Oil based product က အသားခြောက်သူတွေအတွက်ပါ။ တကယ်လို့ အသားအရမ်းခြောက်တယ်ဆိုရင် အသားအရေကို စိုလာအောင် oil based ပစ္စည်းတွေက ကူညီပေးနိုင်ပါမယ်။ အသားခြောက်လေ အသားအရေကို စိုပြေစေတဲ့ပစ္စည်းတွေကို သုံးပေးသင့်လေပါ။ Oil Based ပစ္စည်းတွေမှာ ဗီတာမင် အီ ၊ အေ ၊ fatty acids တို့ပါဝင်တယ်။
သုံးရမယ့် Makeup Remover – Cleansing Oil
အသားခြောက်သူတွေကတော့ oil based makeup remover ကို သုံးပေးသင့်ပါတယ်။ Cleansing Oil ကောင်းကောင်းက သင့်အသားအရေကို စိုပြေပြီး အိအိလေး ဖြစ်လာစေပါမယ်။
Hannwe Soe