စာအုပ်ချစ်သူတွေဖို့ နိဗ္ဗာန်အလား ထင်မှတ်သွားစေတဲ့ တရုတ်နိုင်ငံကစာအုပ်ဆိုင်အသစ်ကြီး

တရုတ်နိုင်ငံ Chongqing ဒေသမှာတော့ စာအုပ်ဆိုင်အသစ်တစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။ စာအုပ်ဆိုင်ဟာ တရုတ်ပြည်သူတွေထဲက စာဖတ်ဝါသနာအိုးတွေ ရင်ခုန်စေရုံသာမက အခြားနိုင်ငံမှ စာကြမ်းပိုးတွေ အတွက်လည်း အံ့သြမင်သက်စေလောက်တဲ့ အပြင်အဆင်မျိုး ဖြစ်ခဲ့ရပါတယ်။

CGTN

Zhongshuge စာအုပ်ဆိုင်ဖွင့်တာဟာ Chongqing မှာ ပထမဦးဆုံးမဟုတ်တော့ပါဘူး။ ဆိုင်ခွဲပေါင်းမြောက်များစွာ ဖွင့်ထားပြီးဖြစ်ပေမယ့် အသစ်ဖွင့်လှစ်လိုက်တဲ့ Chongqing က ဆိုင်ခွဲကိုတော့ ဘယ်ဆိုင်ခွဲကမှ မမီပါဘူး။

CGTN

ဇန်နဝါရီလ (၂၅) ရက်မှာ တရားဝင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲနေ့မှာတင် စာဖတ်ဝါသနာရှင်များ ရုတ်ရုတ်သဲသဲ အားပေးလေ့လာခဲ့ကြပါတယ်။

CGTN

အဓိကကတော့ ဆိုင်ရဲ့ အတွင်းပိုင်း အပြင်အဆင်နဲ့ စာအုပ်အထားအသိုတွေကြောင့် အမြင်အာရုံကိုဖမ်းစားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

CGTN

ဆန်းသစ်တဲ့ အပြင်အဆင်နဲ့ စာအုပ်တွေထားထားတာဟာ အရမ်းကို အားရဖို့ကောင်းပါတယ်။ သစ်သားတွေနဲ့ မှန်တွေကို အဓိကဦးစားပေးသုံးထားပြီး လှေကားပေါင်းများစွာကိုလည်း ထည့်သွင်းထားပါတယ်။ အထပ်မြင့်အဆောက်အဦးမှာ ပုံသေမဟုတ်တဲ့ လှေကားတွေထားထားပေးတာဟာ အမြင်ကိုတစ်မျိုးဆန်းစေခဲ့ပါတယ်။

READ
ကမ္ဘာ့အမြန်ဆုံးဆိုင်ကယ်(၅)စီး
CGTN

Chongqing ဆိုင်ခွဲ Zhongshuge မှာတော့ စာအုပ်အမျိုးအစားပေါင်းချည်းပဲ (၈) သောင်းကျော်ကို စင်တင်ကာရောင်းချပေးလျက်ရှိပါတယ်။

Zhongshuge  စာအုပ်ဆိုင်တွေဟာ hanghai, Hangzhou နဲ့ Chengdu တို့မှာလည်း အောင်မြင်စွာ ဖွင့်လှစ်ထားလျာက်ရှိပါတယ်။

Source: Next Shark

Penny

SHARE