ကျန်းမာရေး လိုက်စားတယ်ဆိုတာ အစားအသောက် တစ်ခုတည်း စားသောက်ရုံမျိုး မဟုတ်ပါဘူး။ လေ့ကျင့်ခန်းအမျိုးမျိုးတွေပါ လုပ်ရတာမျိုးလည်း ဖြစ်ပါတယ်။ Choo Sung-hoon ရဲ့သမီးလေး အသက် (၉) နှစ် အရွယ် Choo Sarang ကတော့ လူကြီးတွေထက်တောင် ပိုကျန်းမာ သန်မာနေမှာပါ။
https://www.instagram.com/p/ByUiLoBFQeK/
Choo Sarang အကြောင်းကို kstarlive ကနေ ရေးသားဖော်ပြထားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့မှာ မွေးခဲ့တဲ့ သူလေးကတော့ အခုဆို ၉ နှစ်အရွယ် ရှိနေပါပြီ။ ကလေးအရွယ်ပဲ ရှိနေပေမယ့် သူရဲ့ ကျန်းမာရေး လိုက်စားထားတဲ့ ခန္ဓာကိုယ်ကတော့ တကယ့်ကို အံ့သြဖွယ်ရာပါပဲ။ ခန္ဓာကိုယ်မှာ ကြွက်သားတည်ဆောက်တယ်ဆိုတာ ဘယ်လောက် မလွယ်ကူတဲ့ အလုပ်ဆိုတာကို အားကစား လိုက်စားသူတိုင်း သိကြပါတယ်။ သူမတော့ ကျန်းမာတဲ့ ကြွက်သားတည်ဆောက်မှုတွေနဲ့ လက်ဝှေ့အပြင် အားကစားပုံစံအများအပြားကို ကစားနိုင်တဲ့သူ တစ်ယောက် ဖြစ်နေပါတယ်။
ဒီလို သူမရဲ့ ပုံစံက သူမရဲ့ မိဘတွေဆီကနေ အမွေရထားတဲ့ပုံပါပဲ။ MMA တိုက်ခိုက်ရေးကစားသမားကောင်း Choo Sunghoon က သူမရဲ့ ဖခင် ဖြစ်ပြီး မိခင်ကလည်း ကျန်းမာရေး လိုက်စားတဲ့ မော်ဒယ် တစ်ယောက် ဖြစ်ပါတယ်။ ဒီလို မိဘတွေကနေ မွေးဖွားလိုက်တဲ့ သူမကတော့ ကလေးအရွယ်နဲ့ မလိုက်အောင်ကို ကျန်းမာရေးကို လိုက်စားနိုင်လွန်းတာ အံ့သြလေးစားစရာ ကောင်းလှပါတယ်။
https://www.instagram.com/p/ByuRBkKgDcF/
Choo Sarang အနေနဲ့ ပရိသတ်တွေ ရှေ့ကို ရောက်ရှိလာတာကတော့ The Return of the Superman အစီအစဉ်နဲ့ပဲ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိမှာ မိဘဖြစ်သူနဲ့အတူ ဟာဝိုင်အီမှာ နေထိုင်လျက် ရှိပါတယ်။ သူမရဲ့ မိခင်ဖြစ်သူ Yano Shiho ကတော့ သူတို့ရဲ့ သမီး ပညာရေးကြောင့် ဟာဝိုင်အီကို ပြောင်းလာခဲ့တာလို့ ဆိုပါတယ်။ အချိန်တွေ အတူကုန်ဆုံးပြီး အပြန်အလှန် ကစားနည်းတွေကိုလည်း challenge လုပ်ဖြစ်တယ်လို့လည်း ပြောထားပါတယ်။
Kham