အိန္ဒိယရဲ့စတုတ္ထမြောက်အမြင့်ဆုံးလူမှုထူးချွန်ဆုရရှိဖူးတဲ့ Priyanka Chopra

instagram/priyankachopra

၂၀၀၀ခုနှစ်မှာ Miss World ဆုရရှိရာကနေ ထူးချွန်တဲ့ပရိုဂျူဆာတစ်ဦးဖြစ်လာတဲ့အထိ လျှောက်လှမ်းလာခဲ့တဲ့ Priyanka Chopra ဟာ သူမအလုပ်မှာတကယ်ပဲ အောင်မြင်ကျော်ကြားသူ့ဖြစ်ပါတယ်။ ဒါတွေတင်မကသေးဘဲ Priyanka ဟာ ၂၀၁၆ ခုနှစ်မှာလည်း အိန္ဒိယသမ္မတနိုင်ငံတော်ရဲ့ စတုတ္ထမြောက်အမြင့်ဆုံးလူမှုထူးချွန်ဆု Padma Shri ကို လက်ခံရရှိခဲ့ပါတယ်။

Padma Shri ဆုလက်ခံရယူခဲ့တဲ့ အချိန်တွေကိုအမှတ်တရအနေနဲ့ Priyanka က အင်စတာဂရမ်ပေါ်မှာ ဓာတ်ပုံတွေ ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။ သူမက “မယုံနိုင်စရာကောင်းလှတဲ့ အမှတ်တရတွေအများကြီးပေးပါတယ်။ ကျွန်မအတွက် ကိုယ်ပိုင်အောင်မြင်မှုဖြစ်ရုံတင်မကဘူး၊ ကျွန်မမိသားစုက ကျွန်မအတွက် ဂုဏ်ယူပျော်ရွှင်နေတာမြင်ရတာ အရမ်းထူးခြားပါတယ်။” လို့ ရေးသားတင်ခဲ့တာပါ။

ဓာတ်ပုံထဲမှာတော့ အဝါရောင်ဆာရီဝတ်ပြီး ရင်ဘတ်မှာ ဆုတံဆိပ်ရင်ထိုးတပ်ထားတဲ့ Priyanka ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ သူမရေးသားတဲ့ caption ထဲမှာတော့ ဆုလက်ခံယူတဲ့နေ့မှာ သူမမိသားစုက သူမကိုဘယ်လိုအားပေးခဲ့တယ်ဆိုတာကိုလည်း ပြောပြထားပါသေးတယ်။ Priyanka ရဲ့ ဆုလက်ခံယူတဲ့ပွဲကိုတော့ ဖခင်ဖြစ်သူ ဒေါက်တာ Ashok Chopra က ကွယ်လွန်သွားပြီဖြစ်လို့ မတက်ရောက်နိုင်ခဲ့ပါဘူး။

“ကျွန်မတို့မှာ စစ်အသိုင်းအဝိုင်းနောက်ခံရှိပါတယ်။ ဒီဆုတံဆိပ်ဟာ ကျွန်မအတွက်ရော မိသားစုအတွက်ပါ ဘယ်လောက်ဂုဏ်ရှိတယ်ဆိုတာ ရှင်းပြလို့တောင်မတတ်နိုင်ပါဘူး။ ကျွန်မအဘွား၊ ဦးကြီး၊ အမေ၊ မောင်လေးနဲ့ အဒေါ်တွေပါ ဒီနေ့ အတူတူပွဲတက်ခဲ့ကြတယ်။ ကျွန်မဦးကြီးက ယူနီဖောင်းနဲ့ပွဲတက်လာပြီး ကျွန်မကိုဂုဏ်ပြုပါတယ်။ ကျွန်မတို့အားလုံးအတွက် အချိန်ကောင်းလေးပါ၊ အဖေတစ်ယောက်ပဲလိုနေတာ။ အဖေကိုယ်တိုင်မရှိတော့ပေမယ့် သူ့ကို ကျွန်မနဲ့အတူတူသယ်ဆောင်ခဲ့ပါတယ်။ အဖေက ကျွန်မဘဝရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုပါ။” လို့ Priyanka က ပြောပြခဲ့တာကိုလည်း storypick သတင်းအရ သိရပါတယ်။

READ
ဆန်းသစ်လွန်းတဲ့ ဖက်ရှင်တွေနဲ့ ပရိသတ်တွေရဲ့အမြင်အာရုံကို ဖမ်းစားလိုက်တဲ့ အူဝဲ

ShweMom

SHARE