ကမ္ဘာ့တန်ကြေးအကြီးဆုံး ဒေါ်လာသိန်းနဲ့ချီတန်တဲ့ တူတစ်စုံ

Australia မှ ပန်းတိမ်ပညာရှင်တစ်ဦးဟာ ကမ္ဘာ့တန်ကြေးအကြီးဆုံးလို့ ဆိုနိုင်မယ့် တူတစ်စုံကို ဖန်တီးခဲ့ပါတယ်။

7 News

ပေါက်ဈေးကတော့ ဒေါ်လာ ၁၉၈,၅၀၀ ရှိပါတယ်။ ဒီတူကိုတော့ Australia အခြေစိုက်ရတနာပစ္စည်း ကုမ္ပဏီဖြစ်တဲ့ Erotic မှ Pual Amey က တာဝန်ယူ ပြုလုပ်ပေးထားတာပါ။

7 News

၁၈ ကာရက်ရွှေနဲ့ အဓိကပြုလုပ်ထားပြီး ကြာချိန်ဟာ စုစုပေါင်း နာရီ ၃၄၀ လောက်ရှိခဲ့ပါတယ်။ ရွှေအပြင် စိန်တွေ၊ ပုလဲတွေနဲ့ မဟူရာကျောက်တွေကိုလည်း သုံးကာ တူတစ်စုံလုံးကို အလှဆင်ထားပါသေးတယ်။

7 News

တူကို အစာစားရာမှာလည်း အသုံးပြုလို့ရသို ဆံထိုးအဖြစ်လည်း အလှဆင်နိုင်ပါသေးတယ်။ ဒီအပြင် တူမှာ ချိတ်ဆွဲထားတဲ့ ပုလဲသီးလေးဟာ ဖြုတ်လို့တပ်လို့ရအောင် အရှင်ပြုလုပ်ပေးထားပြီး ဆွဲသီးအဖြစ်လည်း ပြောင်းလဲဝတ်ဆင်လို့ရပါသေးတယ်။

Most expensive chopsticks

A Gold Coast jeweller has designed the perfect tool for extravagant foodies. The 18 carat gold chopsticks are embellished with diamonds, ebony and pearls and will cost $125,000. www.7plus.com.au/news#7News

Posted by 7 News Sydney on Friday, February 22, 2019

Source:  Nextshark

READ
လေ့လာမှုတွေအရ အဖောက်ပြန်တတ်ဆုံး လူ(၅)မျိုး

Penny

 

SHARE