မုဒိမ်းမှုနဲ့ စစ်ဆေးခံရတဲ့ Chris Brown ပြန်လည်လွတ်မြောက်လာ

အမေရိကန် အဆိုတော် Chris Brown  ကတော့ မုဒိမ်းမှုနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်း ခံခဲ့ရပါတယ်။ဒါပေမယ့် စစ်ေ ဆး မေးမြန်းမှုတွေ အပြီးမှာတော့ တရားစွဲခံရတာမျိုးမရှိပဲ ဒီအတိုင်းပြန်လည်လွတ်မြောက်သွားခဲ့ တယ်လို့ ပြင် သစ်ရဲ တပ်ဖွဲ့က ဆိုပါတယ်။စုံစမ်းမှုတွေကတော့ ဆက်ပြီး လုပ်ဆောင်နေတယ်လို့ ပြင်သစ်ရှေ့နေ ရုံးက ပြောပါတယ်။Chris Brown ကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က အဖမ်းခံရတာပါ။သူနဲ့ အတူ တခြားအမျိုးသားနှစ်ယောက်လည်း အဖမ်းခံခဲ့ ရ တာပါ။အသက်(၂၄)နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ဒီလအစောပိုင်းတုန်းက ပဲရစ်မြို့က ဟိုတယ်တစ်ခုမှာ ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခဲ့တယ်ဆိုပြီး တိုင်ကြားခံခဲ့ရတာပါ။

.pinterest

Brown နဲ့ အမျိုးသားနှစ်ယောက်ဟာ အင်္ဂါနေ့မှာတော့ မုဒိမ်းမှု၊ဆေးသုံးမှုတို့နဲ့ ပဲရစ်မှာ စွပ်စွဲခံခဲ့ရတာပါ။ဒါပေမယ့် Brown ကတော့ လွတ်မြောက်လာပြီးနောက် သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဘာမှ မမှားဘူးဆိုပြီး စွပ်စွဲခံနေရတဲ့ ကိစ္စ တွေအတွက် တုံ့ပြန်ခဲ့ပါတယ်။”ကျတော်ဒါကို ရှင်းရှင်းလင်းလင်းလုပ်ချင်ပါတယ်။ဒါက မှားတယ်” ဆိုပြီး Instagram မှာ ပြောခဲ့ပါတယ်။ “This bitch lyin’.” ဆိုတဲ့ ပုံနဲ့အတူတင်ထားတာပါ။ဒ့ါအပြင် ဒါဟာ သူ့ရဲ့ ကိုယ့်ကျင့် တရားကို စော်ကားလိုက်တာပဲ လို့ လည်း ပြောခဲ့ပါတယ်။Brown ရဲ့ရှေ့နေ Raphael Chiche ကတော့ Brown က သူ့ရဲ့  အပြစ် ကင်းစင်မှုကိုပြဖို့ တက်ကြွနေပြီး၊တရားစွဲတဲ့ တစ်ဖက်မိန်းကလေးကို အသရေဖျက်မှုနဲ့ ပြန်ပြီး တရားစွဲ ဖို့ ရည်ရွယ် ထားလို့ ပြောခဲ့ပါတယ်။

READ
ပရိသတ်တွေရင်ခုန်သွားစေမယ့် ကောက်ကြောင်းအလှကို ပြလိုက်တဲ့ နန်းသီရိမောင်
.pinterest

ခေါ်ယူခံခဲ့ရတဲ့ နောက်ထပ် အမျိုးသားနှစ်ယောက်နဲ့ပတ်သက်ပြီး တစ်ယောက်က လုံခြုံရေးဖြစ်ပြီး၊တစ်ယောက်ကတော့ သူငယ်ချင်းလို့ ပြင်သစ်မီဒီယာတစ်ခုကနေ ဖော်ပြခဲ့ပါတယ်။သူတို့နှစ်ယောက်ကိုလည်း လွှတ်ပေးလိုက်တယ်လို့ သိ ရပါတယ်။ဒီဖြစ်ရပ်ကတော့ ဇန်န၀ါရီ (၁၅)ရက်နေ့က Mandarin Oriental ဟိုတယ်မှာ ဖြစ်ပွားခဲ့တာလို့  သိရပါတ ယ်။ဒါပေမယ့် Chris Brown အတွက်ကတော့ ဒီလို စွပ်စွဲခံရတာ ဒါပထမဆုံး မဟုတ်ပါဘူး။အရင်ကလည်း ဒီလိုစွပ် စွဲချက်မျိုး အများကြီးနဲ့ ကြုံခဲ့ရဖူးပါတယ်။

.pinterest
.pinterest

Rihanna နဲ့ (၂၀၀၉)ခုနှစ်က ကားထဲမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတုန်းကလည်း  အကျယ်ချုပ် စောင့်ကြည့်ကာလ (၅)နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးပါတယ်။(၂၀၁၆)တုန်းကလည်း အမျိုးသမီးတစ်ယောက် ကနေ Chris Brown ကသူမကို သေနတ်နဲ့ခြိမ်းခြောက်တယ်ဆိုပြီး ရဲတွေကို တိုင်ကြားခဲ့ပြီးနောက် သေစေ လောက်တဲ့ လက်နက် ကိုင်ဆောင်ပြီး ကိုယ်ထိလက်ရောက်စော်ကားမှုကျူးလွန်တယ်လို့ စွပ်စွဲ ခံခဲ့ရပြီး အဖမ်းခံ ခဲ့ရဖူးပါတယ်။အဲ့ဒီနောက်မှာတော့ ပြန်လွတ်လာခဲ့ပါတယ်။Brown ရဲ့ ရှေ့နေကတော့ ဒါဟာ မှားယွင်းစွပ်စွဲ မှု ဆိုပြီး ပြောခဲ့ပါတယ်။

READ
ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းလိုက်တဲ့ ညိမ်းသော်
.pinterest

Source BBC

SHARE