
Marvel ဇာတ်ကားတွေထဲမှာ Captain America ဇာတ်ရုပ်နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Chris Evans ကိုတော့ စူပါဟီးရိုး ပရိသတ်တိုင်း သိရှိကြပြီး ဖြစ်မှာပါ။ Chris Evans ဟာ MCU ထဲမှာ ပရိသတ်တွေ အကြိုက်အနှစ်သက်ဆုံး စူပါဟီးရိုးတစ်ယောက် ဖြစ်သလို တော်တော်လေးကို သရုပ်ဆောင်ကောင်းတဲ့ မင်းသားကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers: End Game ဇာတ်ကားရဲ့ နောက်ဆုံးမှာတော့ Chris Evans ဟာ Captain America ကိုင်တဲ့ ဒိုင်းကြီးကို Falcon အားကမ်းပေးပြီး သူ့ရဲ့တာဝန်တွေကို လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ပရိသတ်တော်တော်များများ နားလည်လိုက်တာကတော့ Chris Evans ဟာ နောက်ထပ် MCU ဇာတ်ကားတွေမှာ Cpatain America အဖြစ် မြင်တွေ့ရဖို့ မရှိတော့ဘူးဆိုပြီး ၀မ်းနည်းခဲ့ကြပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ သောကြာနေ့(၁၅.၁.၂၀၂၁)တုန်းက Chris ဟာ သူ့ရဲ့ Twitter ပေါ်မှာ Captain America အဖြစ် MCU ဇာတ်ကားတွေမှာ ပြန်လည်ပါဝင်လာဖို့ အရိပ်အမွက် ပြောကြားခဲ့ပါတယ်။ Chris ရဲ့ သတင်းကို ကြားသိခဲ့ရတဲ့ Cpatain America ပရိသတ်တွေကတော့ တော်တော်လေးကို အပျော်ကြီးပျော်နေပြီး Chris အနေနဲ့ MCU ဇာတ်ကားတွေထဲမှာ အမြန်ဆုံး ပြန်လည်ပေါ်ပေါက်လာဖို့အတွက် မျှော်လင့်နေကြောင်း၊ ပရိသတ်တွေအနေနဲ့လည်း ဒီလိုမျိုး သတင်းကိုကြားရတဲ့အတွက် တော်တော်လေးကို ဝမ်းသာနေကြောင်း အစရှိသဖြင့် မှတ်ချက်ပေါင်းများစွာ ပေးခဲ့ကြပါတယ်။ Chris အနေနဲ့လည်း ပရိသတ်တွေရဲ့ အခုလို အားတက်သရော တုံ့ပြန်မှုတွေအတွက် တော်တော်လေးကို ကျေနပ်ပြီး ဒီလိုပုံစံမျိုးနဲ့ ကြိုဆိုခဲ့ကြတဲ့အတွက် ပရိသတ်တွေကို တော်တော်လေးကျေးဇူးတင်နေကြောင်း သိရပါတယ်။
News to me♂️
— Chris Evans (@ChrisEvans) January 14, 2021
Some of the gif responses are priceless good work, everyone
— Chris Evans (@ChrisEvans) January 14, 2021
— Margokih ☀️ (@Vairons_Split) January 14, 2021
“အခုအချိန်မှာတော့ ကျွန်တော်ပြောနိုင်တာက MCU နဲ့ ပြန်ပြီးလက်တွဲဖို့ သေချာသလောက်ဖြစ်နေပါပြီ။ အခုအချိန်အထိ တပ်အပ်မပြောနိုင်သေးတာကတော့ သရုပ်ဆောင်ကြေးနဲ့ပတ်သတ်တဲ့ ကိစ္စတွေ မပြီးမြောက်သေးလို့ပါ။ အကုန်လုံး သေချာသွားပြီဆိုမှ ပရိသတ်တွေကို အသိပေးဖို့ လုပ်ခဲ့ပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း တော်တော်ပျော်နေတာတစ်ကြောင်း၊ ပရိသတ်တွေအနေနဲ့ ကြိုက်မကြိုက် သိချင်တာကတစ်ကြောင်း အစရှိတာတွေကြောင့် ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ပရိသတ်တွေရဲ့ အားတက်သရောတုံ့ပြန်မှုတွေကြောင့် တော်တော်လေးကို ကျေနပ်အားရရပါတယ်”လို့ Chris က IGN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw