မတော်တရော် ဓာတ်ပုံတစ်ပုံ မှားတင်မိခဲ့တဲ့ Captain America ကြီးကို ဝိုင်းနှစ်သိမ့်နေရ

Marvel Studios

မနေ့ညက ဟောလိဝုဒ်ပရိသတ်တွေကြားထဲ လုံးဝကြီး ရုတ်ရုတ်သဲသဲဖြစ်သွားတဲ့ အကြောင်းတစ်ခုပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ Captain America ကြီးရဲ့ မဖွယ်မရာပုံတစ်ခု online ပေါ် တက်လာခဲ့တာပါ။

Marvel Studios

Captain America အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Chris Evans ဟာ အရင်ကတည်းက ဟောလိဝုဒ်သရုပ်ဆောင်တွေထဲ အနေအေးပြီး အရှက်ကြီးတဲ့ မင်းသားတစ်လက်အဖြစ် အားလုံးက လက်ခံထားခဲ့ကြပါတယ်။ ဒီလိုလူကမှ လူသိမခံနိုင်တဲ့ private part ပုံကြီးကို IG မှာ တက်လာတယ်ဆိုတော့ Chris Evans တစ်ယောက် တော်တော်လေးတော့ ရှက်သွားမှာအသေအချာပါပဲ။

 

View this post on Instagram

 

A post shared by Chris Evans (@chrisevans) on

နောက် သူတင်လိုက်တဲ့ပုံဟာလည်း သူ့ရဲ့အမျိုးသားအင်္ဂါပုံဖြစ်ပြီးတော့ သူ့ရဲ့ Instagram မှာ သူကိုယ်တိုင်ပဲ တင်မိလိုက်ခဲ့တာပါတဲ့။ Instagram story မှာ သူ့ဖုန်း gallery ကို screen shot လုပ်ပြီး တင်လိုက်ခဲ့ရာမှာ အဲဒီ screen shot ထဲ သူ့အင်္ဂါပုံပါနေတာကို သတိမမူမိဘဲ တင်လိုက်ခဲ့တာပါ။

READ
"နောက်ထပ် ဘယ်သီချင်း MV ကို ကြည့်ချင်လဲ" လို့ မေးလိုက်တဲ့ စိုင်းစိုင်း

 

 

View this post on Instagram

 

A post shared by Chris Evans (@chrisevans) on

Chris Evans ဟာ အရင်တုန်းကလည်း သူ့ရဲ့ ဝစ်လစ်စလစ်ပုံတွေ တက်လာခဲ့တုန်းကလည်း သူဟာ စိတ်ဓာတ်တွေပြိုလဲပြီး စိတ်ရောဂါပါရသွားတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် အခုတစ်ခေါက်ကိုလည်း Chris Evans ရဲ့ IG story ကို screenshot ရိုက်ပြီး ပြန်ဖြန့်နေကြတဲ့လူတွေကို သူ့ရဲ့ fan တွေက ပုံတွေကိုဖျက်ပေးဖို့နဲ့ ထပ်မဖြန့်ဖို့ ဝိုင်းတောင်းဆိုနေကြပါတယ်။

မင်းသား Chris Evans ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသေးပါဘူး။

READ
လိင်ပိုင်းဆိုင်ရာစော်ကားမှု တိုက်ဖျက်ရေးအဖွဲ့ကို ($1.4 M) လှူလိုက်တဲ့ Emma Watson

penny

SHARE