Captain America အဖြစ်သရုပ်ဆောင်ဖို့ တော်တော်ကြီး စဉ်းစားခဲ့ရတယ်ဆိုတဲ့ Chris Evans

[email protected]

Captain America လို့ပြောလိုက်တာနဲ့ ဗလတောင့်တောင့်၊ မျက်နှာဖုံးဝတ်ပြီး ဒိုင်းကြီးကိုင်ထားတဲ့ Chris Evans ကို မျက်လုံးထဲ ပြေးမြင်ရလောက်အောင်ကိုပဲ Captain America Character က ကျော်ကြားလွန်းလှပါတယ်။ Captain America နေရာမှာ သရုပ်ဆောင်ထားတဲ့ Chris Evans ကတော့ တစ်ချိန်တုန်းက ဒီ Captain America နေရာကို သရုပ်ဆောင်ဖို့အတွက် အလွယ်တကူ ဆုံးဖြတ်ခဲ့ရတာ မဟုတ်ပဲနဲ့ တော်တော်ကြီးကို အချိန်ပေးပြီး စဉ်းစားခဲ့ရတာလို့ ဖွင့်ပြောခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Chris ဟာ ဒီလို Superhero ဇာတ်ကားတွေကို ရိုက်ရတာ သူ့ကိုယ်သူအမြဲတစ်ခုခုလိုတယ်လို့ စိတ်ထဲမှာ ထင်နေခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “Fantastic Four” နဲ့ “Fantastic Four: Rise of the Silver Surfer” ဇာတ်ကားထဲမှာလည်း Chris ဟာ Human Torch နေရာက ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒီဇာတ်ကားထဲမှာ စူပါဟီးရိုးအဖြစ်သရုပ်ဆောင်ပြီးကတည်းက သူ့ပုံစံကိုက super hero ဇာတ်ရုပ်နဲ့ မလိုက်ဖက်ကြောင်း ခံစားမိတဲ့အတွက် နောက်တစ်ခါစူပါဟီးရိုးဇာတ်ကားတွေမှာ ထပ်ပြီးသရုပ်မဆောင်ဖို့ စဉ်းစားခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၁ ခုနှစ်ကျတော့ Marvel က  Captain America ဇာတ်ကောင်နေရာမှာ Chris ကို သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ Chris ဟာ အဲဒီနေရာကို သူသရုပ်ဆောင်ခဲ့ရင် အရင်ခံစားချက်မျိုး ပြန်ဝင်မှာ စိုးတဲ့အတွက် ချက်ချင်းလက်မခံခဲ့ပါဘူး။ ဒီလိုနဲ့ သူ့မိသားစုနဲ့ သူ့ရဲ့ ဘော်ဒါဖြစ်တဲ့ Robert Downey Jr.(Iron Man)တို့ကပါ သရုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ Chris ဟာ Captain America နေရာမှာ သရုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“တော်တော်မှန်ကန်စွာချနိုင်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ အဲဒီအချိန်ကျွန်တော်တစ်ယောက်တည်း စဉ်းစားခဲ့မယ်ဆိုရင်တော့ ကျွန်တော် Captain America ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့မိမှာ မဟုတ်ပါဘူး။ အဲဒီတုန်းက ကျွန်တော့်အတွက် ဝိုင်းစဉ်းစားပေးခဲ့ကြတဲ့ မိသားစုဝင်တွေ၊ ဘော်ဒါတွေကို ကျေးဇူးတင်သလို သရုပ်ဆောင်ခွင့်ပေးခဲ့တဲ့ Marvel Studio ရဲ့ အကြီးအကဲ Kevin Feige ကိုလည်း ကျေးဇူးတင်ပါတယ်” လို့ Chris က ပြောကြားခဲ့ပါတယ်။

READ
သြဂုတ်လ ပထမအပတ်အတွင်း Billboard Top Tenဝင်သီချင်းကောင်းများ

Pyi Hein Kyaw

SHARE