ဘာမြူဒါတြိဂံအကြောင်းရိုက်မယ့် ရုပ်ရှင်မှာ ပါဝင်မယ်လို့ သတင်းထွက်နေတဲ့ Chris Evans

Imdb/Avenger Endgame

Captain America သရုပ်ဆောင် Chris Evans တစ်ယောက်ဟာ ဘာမြူဒါတြိဂံအကြောင်း ရိုက်ကူးမယ့် အက်ရှင်စွန့်စားခန်းရုပ်ရှင်ကားတစ်ကားမှာ သရုပ်ဆောင်သွားဖို့ ရုပ်ရှင်ရိုက်ကူးရေးကုမ္ပဏီ Skydance Media က မျက်စိကျနေပါတယ်။

“Bermuda”လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို “The Amazing Spider-Man” ရုပ်ရှင်ကို ရိုက်ကူးတဲ့ ဒါရိုက်တာ Sam Raimi က ရိုက်ကူးသွားမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ ဒါ့အပြင် “Doctor Strange” ရုပ်ရှင်ဒါရိုက်တာ Scott Derrickson လည်း ဒါရိုက်တာအဖြစ် ရိုက်ကူးနိုင်ချေရှိနေပါတယ်။

 

 

View this post on Instagram

 

#throwback to Chris Evans, Chris Hemsworth, Robert Downey Jr & Mark Ruffalo at the Endgame Press Junket last year 📸

A post shared by Chris Evans (@teamcevans) on

တကယ်လို့သာ “Doctor Strange”  ဒါရိုက်တာ Scott Derrickson သာ ဒီ ရုပ်ရှင်ကို ရိုက်ဖြစ်ခဲ့ရင် “Bermuda” ရုပ်ရှင်ဟာ Doctor Strange ရုပ်ရှင်ပြီးနောက် ပထမဆုံး ရိုက်ကူးတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်လာမှာပါ။ Scott Derrickson ဟာ အခုအချိန်မှာဆိုရင် Hulu ရုပ်သံထုတ်လွှင့်ရေးကုမ္ပဏီအတွက် “Into the Dark: My Valentine”ဆိုတဲ့ episodeတစ်ခုကို ရိုက်ကူးနေပါတယ်။

အခုအချိန်မှာတော့ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်မယ့် ရုပ်ရှင်မင်းသား-မင်းသမီးတွေကို ရွေးချယ်နေဆဲ အဆင့်ရှိပြီး Deadpool မင်းသား  Ryan Reynolds ကလည်း အဓိက Leading Role နေရာမှာ ပါဝင်လာနိုင်ချေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အခုအချိန်မှာတော့ “Bermuda” ရုပ်ရှင်နဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကိုတော့ မထုတ်ပြန်သေးပါဘူး။ လျှို့ဝှက်ထားဆဲရှိပါသေးတယ်။ ဒါပေမယ့် ဘာမြူဒါတြိဂံရဲ့ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ထူးခြားဆန်းကြယ်အကြောင်းအရာတွေကိုတော့ လှလှပပ ပါဝင်လာမှာ အသေအချာပါပဲ။

 

 

View this post on Instagram

 

#throwback to Civil War era, who was #TeamCap? 🙋🏻‍♂️🙋🏻‍♀️

A post shared by Chris Evans (@teamcevans) on

သတင်းတွေထွက်နေတာတစ်ခုကတော့ ဒါရိုက်တာ Sam Raimi ဟာ “Bermuda” ရုပ်ရှင်ကား ဇာတ်လမ်းဟာ အနုမြူဗုံးတစ်လုံးသယ်ဆောင်လာတဲ့ ရေငုပ်သင်္ဘောတစ်စင်း ဘာမြူဒါတြိဂံဒေသအတွင်းမှာ ရောက်ရှိသွားခြင်းအကြောင်းကို ရိုက်ကူးနိုင်ချေရှိတယ်လို့ သိရပါတယ်။ အဆိုပါ ဇာတ်လမ်းကို အခြေပြုပြီး ရေတပ်တပ်မှူးတစ်ယောက်နဲ့ theoretical physicist တစ်ယောက်တို့ အဆိုပါ လျှို့ဝှက်ဆန်းကြယ်ပျောက်ဆုံးမှုကြီးအကြောင်းကို လိုက်လံစုံစမ်းစစ်ဆေးရမယ့် ဇာတ်လမ်းဖြစ်တယ်လို့လည်း ကြားသိရပါတယ်။

ဘာမြူဒါတြိဂံအရပ်ဒေသဟာ အခုအချိန်အထိ ဖြေရှင်းလို့မရသေးတဲ့ အဖြစ်အပျက်တွေ ပြည့်နှက်နေတဲ့ အရပ်ဒေသတစ်ခုဖြစ်ပြီး အရင်ခေတ်ကတည်းကနေ အခုအချိန်အထိ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ စစ်သင်္ဘောတွေနဲ့ အခြား ယာဉ်တွေ၊ လူတွေ ထူးဆန်းစွာ ပျောက်ဆုံးခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ အဆိုပါ ပျောက်ဆုံးခဲ့တဲ့ လူတွေ၊ ယာဉ်တွေဟာ ပျောက်ဆုံးသွားပြီး ပြန်လည် တွေ့ရှိခြင်းအလျင်းမရှိသေးတဲ့ အဖြစ်အပျက်တွေလည်း ရှိပါသေးတယ်။

 

Chris Evans ဟာ Avengers: Endgame ရုပ်ရှင်ဇာတ်ကားနဲ့ ဝင်ငွေကောင်းကောင်းရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး Endgame ပြီးနောက်မှာ“Knives Out”ဆိုတဲ့ လူသတ်မှုကို ဖြေရှင်းရတဲ့ စုံထောက်ရုပ်ရှင်ကားတစ်ကားမှာလည်း နောက်ဆုံး သရုပ်ဆောင်ခဲ့ပါတယ်။ Chris Evans ရဲ့  လတ်တလော လှုပ်ရှားမှုအနေနဲ့ကတော့ ဧပြီလအတွင်းမှာ ထုတ်လွှင့်ပြသမယ့် Apple စီးရီးတစ်ခုဖြစ်တဲ့ “Defending Jacob”ဆိုတဲ့ စီးရီးတစ်ခုမှာ ပါဝင်ဖို့ရှိနေပါတယ်။

Ye Yint Kyaw

SHARE